Friday, September 7, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပြောပေးပါ


မနေ့က အထက(၁)ဘားအံ မှာကျောင်းကော်မတီအဖွဲ့တွေ
အစည်းအဝေးလုပ်နေတုန်း တပ်မ၂၂က ဒုတပ်မမှူးရောက်လာတယ်...

ကျောင်းမှာကျွန်တော်တို့လုပ်ပေးနိုင်တာဘာရှိလည်း တပ်မတော်က ကူညီနိုင်တာရှိရင်ပြောပါဆိုတော့...

အားလုံးကဝမ်းသာအားရနဲ့ပြောတယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပြောပေးပါအုံး
တပ်မတော်ဦးစီးချုပ်လှူခဲ့တဲ့ပိုက်ဆံသိန်း၂၀ကို
ကျောင်းမှာရေရှည်တည်တံ့ပြီးအသုံးဝင်မယ့်ပစ္စည်းတွေ ဝယ်လိုက်ပါပြီ...

စာသင်ဖို့စတီးစားပွဲအလုံး၅၀။ ပလပ်စတစ်ထိုင်ခုံအလုံး၁၀၀။ ခန်းမအတွက်ကော်ဇောတစ်လိပ်ခွဲဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
သြဂုတ်လတုန်းက...
ဘားအံအထက(၁)ကိုလာပြီး ရေဘေးရှောင်ပြည်သူတွေကို
အားပေးဖို့လာတဲ့အခါ ပြည်သူတွေအတွက် စားစရာမျိုးစုံပေးလှူခဲ့တဲ့အပြင် ကျောင်းအတွက်လိုအပ်တာတွေသုံးဖို့ ငွေသိန်း၂၀လှူဒါန်းသွားခဲ့ပါတယ်...

ကျောင်းကော်မတီကတော့ နံရံမှာကပ်ထားတဲ့ နှစ်အလိုက် အထူးချွန်ဆုံးကျောင်းသားစာရင်းမှာ ဖော်ပြထားတဲ့ ကကဆေးညွှန်မှူး ဗိုလ်ချုပ်စိုးဝင်းရဲ့နံမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ထောက်ပြပါတယ်...

ကျောင်းအုပ်ဆရာမကြီးကလည်း
စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးညိုစောကသူနဲ့တစ်ကျောင်းတည်း
ဘားအံ အထက(၂) ကျောင်းထွက်ပါလို့ ဂုဏ်ယူပြီးပြောပါတယ်...

အစည်းအဝေးခန်းထဲက လူတွေအားလုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခရီးစဉ်အကြောင်း ပြုံးရွှင်ပြီးပြောနေကြသလိုသူနဲ့အတူလိုက်ပါလာခဲ့ကြတဲ့
ဘားအံမြို့ဂုဏ်ဆောင် တပ်မတော်သားတွေအတွက်
ဂုဏ်ယူနေကြပါတယ်...

တပ်မတော်သားဆိုတာ ပြည်သူရဲ့သွေးသား အစစ်တွေပဲလေ...

Credit- YanNaung Soe

0 comments:

Post a Comment