Thursday, September 6, 2018

သတၱိရွိတဲ့ေဆးမွဴး

သတၱိရွိတဲ့ေဆးမွဴး
============
# လက္နက္ႀကီးက်ည္ေတြပတ္လည္က်ေနတဲ့
ႀကားက ဒါဏ္ရာရ စစ္သည္ေတြကိုပစ္ခတ္မႈႀကားက
တက္ဆြဲရဲတ့ဲ ညီေလးရဲ့သတၱိ…………

# ဒါဏ္ရာရစစ္သည္ေတြကိုခ်ဳပ္ေပးေနရင္း
ညီေလးက်ခဲ့တဲ့မ်က္ရည္နဲ႔ခံစားခ်က္ေတြက
ညီေလးဘဝတိုးတက္ဖို႔အတြက္
အေထာက္အပံ့ျဖစ္မွာပါ…………

# အတူတူငတ္ မွ်စ္ဆန္ျပဳပ္ေသာက္
ေရမရွိလို႔ ညမိုးေရခံေသာက္ခဲ့ရတ့ဲဘဝ
ေတြက လြယ္လြယ္ကူကူေက်ာ္ျဖတ္ခ့ဲႀကတာ
မဟုတ္လို႔ အမွတ္ရေနပါတယ္ညီ…………

# စခန္းတိုက္ေနရလို႔
ညီေလးရဲ့ေဆးပညာမဟာအတြက္
ႀကိဳးစားပမ္းစားဖတ္ထားတဲ့စာေတြကို
ေျဖဖို႔အခြင့္အေရးဆံုးရႈံးခ့ဲေပမ့ဲ
ညီေလးတစ္ခ်ိန္ ေအာင္ျမင္မယ္ဆိုတာ
ယံုႀကည္တယ္……………

# စိတ္ဓါတ္ေကာင္းတ့ဲ သတိၱရွိတဲ့
ညီေလးေတြ တပည့္ေတြနဲ႔
တာဝန္ထမ္းေဆာင္ခဲ့ရတာ
အျမဲဂုဏ္ယူေနတယ္………

# ညီေလးဟာ''သမားဇာနည္ေအာင္စစ္သည္''
သတိၱိရွိတဲ့ေဆးမွဴး
မိမိပညာရပ္ကြ်မ္းက်င္တ့ဲေဆးမွဴးဆိုတာ
လက္ေတြ႔ျပၿပီး တပ္ရင္းရဲ့
ယံုႀကည္မႈအျပည့္ရေနတယ္ဆိုတာ
ေျပာခ်င္တယ္ညီေလး……………

ေလးစားပါတယ္ညီ
Credit; MyoAung

Image may contain: 1 person, smiling, outdoor
သတ္တိရှိတဲ့ဆေးမှူး
============
# လက်နက်ကြီးကျည်တွေပတ်လည်ကျနေတဲ့
ကြားက ဒါဏ်ရာရ စစ်သည်တွေကိုပစ်ခတ်မှုကြားက
တက်ဆွဲရဲတဲ့ ညီလေးရဲ့သတ္တိ…………

# ဒါဏ်ရာရစစ်သည်တွေကိုချုပ်ပေးနေရင်း
ညီလေးကျခဲ့တဲ့မျက်ရည်နဲ့ခံစားချက်တွေက
ညီလေးဘဝတိုးတက်ဖို့အတွက်
အထောက်အပံ့ဖြစ်မှာပါ…………

# အတူတူငတ် မျှစ်ဆန်ပြုပ်သောက်
ရေမရှိလို့ ညမိုးရေခံသောက်ခဲ့ရတဲ့ဘဝ
တွေက လွယ်လွယ်ကူကူကျော်ဖြတ်ခဲ့ကြတာ
မဟုတ်လို့ အမှတ်ရနေပါတယ်ညီ…………

# စခန်းတိုက်နေရလို့
ညီလေးရဲ့ဆေးပညာမဟာအတွက်
ကြိုးစားပမ်းစားဖတ်ထားတဲ့စာတွေကို
ဖြေဖို့အခွင့်အရေးဆုံးရှုံးခဲ့ပေမဲ့
ညီလေးတစ်ချိန် အောင်မြင်မယ်ဆိုတာ
ယုံကြည်တယ်……………

# စိတ်ဓါတ်ကောင်းတဲ့ သတ္တိရှိတဲ့
ညီလေးတွေ တပည့်တွေနဲ့
တာဝန်ထမ်းဆောင်ခဲ့ရတာ
အမြဲဂုဏ်ယူနေတယ်………

# ညီလေးဟာ''သမားဇာနည်အောင်စစ်သည်''
သတ္တိိရှိတဲ့ဆေးမှူး
မိမိပညာရပ်ကျွမ်းကျင်တဲ့ဆေးမှူးဆိုတာ
လက်တွေ့ပြပြီး တပ်ရင်းရဲ့
ယုံကြည်မှုအပြည့်ရနေတယ်ဆိုတာ
ပြောချင်တယ်ညီလေး……………


လေးစားပါတယ်ညီ

0 comments:

Post a Comment