The Sniper soldier (သို့) ဒုတပ်ကြပ် ကျော်မင်း
===========★★★==============

သူ့နာမည်က ကျော်မင်း....
အပြည်အစုံဆိုရင်တော့ ဒုတပ်ကြပ် ကျော်မင်း...
မုန်ကိုးဗျူဟာ ကျမသွားအောင် ၁၄ ရက်တိတိ တောင့်ခံ နိုင်ခဲ့တဲ့ အထဲကအဓိက နေရာမှာ ပါဝင်ခဲ့တဲ့ သူ...
သူဟာ တပ်မတော် ထဲကိုဝင်ရောက်ပြီး ၂၀၀၉ ခုနှစ်မှာ
တပ်မ ၆၆ ရဲ့ ခလရ ၁၀၆ မှာတာဝန်ထမ်းဆောင်ခဲ့တယ်
သူ့ရဲ့ရည်ရွယ်ချက်က လက်ဖြောင့်(sniper) သမားတစ်ယောက်အနေနဲ့ တိုင်းပြည်ရန်ကို ကာကွယ်ချင်ခဲ့တယ်....သူဟာ တပ်မတော်ဆောင်ပုဒ်တွေထဲက
ရန်သူတစ်ယောက် ကြည်တစ်ယောက်ကို ခုံမင် နှစ်ခြိုက်တတ်သူ
သူ့ ဆန္ဒတွေ ပြည့်ဝခဲ့တယ်.....
တပ်ထဲမှာ လက်အရမ်းဖြောင့်လို့ စနိုက်ပါ(Sniper) ရွေးချယ်တဲ့ အဖွဲ့ထဲပါသွားတယ်...နောက်တော့ တပ်မတော် လက်ရွေးစင် သေနတ်ပစ် သမားဖြစ်ပီး အာဆီယံ တပ်မတော်ပေါင်းစုံ
သနတ်ပစ် ပြိုင်ပွဲ ပါသွားတယ်..နိုင်ငံအတွက် ရွှေယူပေးခဲ့တယ်....
.ဒါပေမယ့် သူမပျော်ခဲ့ဘူး...
ဘာကြောင့်လဲဆိုတော့.....
သူက " ကျွန်တော် စစ်ထဲဝင်တာ စစ်တိုက်ချင်လို့.... ရန်သူတွေကို စနိုက်ပါ(Sniper) နဲ့ ပစ်ချင်လို့..ခုလို ပြိုင်ပွဲက အရုပ်တွေကို မပစ်ချင်တော့ဘူးတဲ့...
စစ်မြေပြင်ကို ပို့ပေးပါလို့ တောင်းဆိုလာခဲ့တယ်..
သူတောင်းဆိုသလို ဖြစ်လာခဲ့တယ် ..သူရောက်သွားခဲ့တာ တပ်မ ၇၇
မုန်ကိုး အခြေချတပ်မ..တိုက်တိုက် ဆိုင်ဆိုင်ပါပဲ သူရောက်တဲ့အချိန် မုန်ကိုးမြို့ကို သောင်းကျန်းသူတွေ ဝင်တိုက်နေတဲ့အချိန်
မုံးကိုးတိုက်ပွဲမှာ သူ့ဆန္ဒပြည့်တယ်ပဲပြောရမလား သူ့ ရဲ့ စနိုက်ပါအစွမ်းကို ပြခွင့်ရခဲ့တယ်...သူ့ရဲ့ ကျည်အောက်မှာ သောင်းကျန်းသူများစွာ..အတုံးအရုန်းဖြစ်ခဲ့ကြတယ်..
၁၄ ရက်ကြာ သောင်းကျန်းသူ အင်အား ၄၀၀ ကျော်ကို ခုခံတိုက်ခိုက်နိုင်ခဲ့တယ်....
၃ ရက် ထမင်းမစားခဲ့ရဘူး...ဒါပေမယ့် သူ တိုင်းပြည်အတွက် တာဝန်ကျေခဲ့တယ်....
အခုလည်း လက်ဖြောင့်(Sniper) သမား ဒုတပ်ကြပ်ကျော်မင်း..ဟာ...
MAS လွယ်ပြီး ဆေးပေါ့လိပ်ခဲကာ မှိုင်းညို့ညို့တောတန်းကြီးတွေကိုငေးရင်း
တိုင်းပြည်ရဲ့ရန်အပေါင်းကို ကာကွယ်ဖို့ အမြဲအသင့်ဖြစ်နေလေရဲ့...
Credit Kyaw Min Maung
0 comments:
Post a Comment