AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
နေပြည်တော် မတ် ၂၀

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော မြောက်ဦးမြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ရှေးဟောင်းစေတီပုထိုးများနှင့်လူနေအဆောက်အအုံများကို အကာ အကွယ်ရယူ၍ ရည်ရွယ်ချက်ရှိရှိ အဖျက်အမှောင့်လုပ်ရပ်များကို ဆောင်ရွက်လာခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ကျေးရွာများ အတွင်း၌ ရွာသားအသွင်ဖြင့် စိမ့်ဝင်လှုပ်ရှား၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများအား မဆောင်ရွက်နိုင်စေရေးအတွက် လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မတ် ၁၈ ရက်နံနက်ပိုင်းတွင် မြောက်ဦးမြို့၏အရှေ့ဘက်ရှိ ပန်းမြောင် ကျေးရွာသို့ရောက်ရှိစဉ် ကျေးရွာနေဦးမြတ်ချေ၊ ဒေါ်တင်တင်ဝင်းတို့၏နေအိမ်အတွင်းမှအရပ်ဝတ် ၀တ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးက လက်နက်ငယ်ဖြင့် ရုတ်တရက် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှစစ်သည်တစ်ဦးကျဆုံးပြီးကျေးရွာနေ ဦးကျော်သင်းဦး၏သားဖြစ်သူ အသက်ခုနစ်နှစ်အရွယ်ရှိမောင်ကျော်စန်းဝင်း၏လက်၌ လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
၎င်းချောင်းမြောင်းပစ်ခတ်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူသည် ရွာအတွင်းမှထွက်ပြေး၍ ကျေးရွာ၏တောင်ဘက် မီတာ ၅၀၀ ခန့်တွင်အသင့်စောင့်ဆိုင်းလျက်ရှိသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များနှင့်ပူးပေါင်း၍ လက်နက်ငယ်များဖြင့် ရွာအတွင်းသို့ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အနောက်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိတွေ့မှုဖြစ်ပွားချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူ၏ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အပြစ်မဲ့ကလေးငယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment