"နယ်မြေတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်ပြီး ARSA အကြမ်း ဖက်အဖွဲ့ အန္တရာယ်က ကာကွယ်ပေးနေတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA သောင်းကျန်းသူများဟာ ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေတဲ့ ရဲကင်းစခန်းများကို ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းဟာ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတာဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ ထိထိရောက်ရောက် နှိမ်နင်းသွားမှာဖြစ်တယ်"
"ပြင်ပ ပယောဂကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေချိန်တွင် AA သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ဆောင်မှုသည် ဒေသတွင်း ပြည်သူများနှင့် ဒေသအကျိုးစီးပွားကိုသာ ထိခိုက်စေမှာဖြစ်ကြောင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးအတွက် တပ်မတော်အနေဖြင့် မည်သည့် လက်နက်ကိုင် သောင်းကျန်းသူမဆို ရှင်လင်းရမှာဖြစ်တယ်"
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ်
၇၄ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှကောက်နှုတ်ချက်
0 comments:
Post a Comment