Friday, March 22, 2019

ကျွန်တော် လူမိုက်မဟုတ်ပါ

No photo description available.

ကျွန်တော် လူမိုက်မဟုတ်ပါ
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''
တိုင်းပြည်က နုနု
မုန်တိုင်းက ထန်ထန်
ရေဆန်က ကြမ်းကြမ်း
အရှေ့ နဲ့ အနောက် တောင် နဲ့ မြောက် မှာ
အစိုးများက နေရာတိုင်းဝိုင်းတယ်…။

တိုင်းပြည်အတွက် လိုအပ်နေတဲ့နေရာမှာ
ကျရာ တာဝန်ထမ်းဆောင်ရင်း သေနတ်ကိုင်တာ
'' မိုက်လို့ '' ကိုင်တာ မဟုတ်ပါဘူးဗျာ
'' မိုက်ဖို့ '' ကိုင်တာပါ……။

အမျိုး ဘာသာ သာသနာနဲ့
အချ ပ်ခြာအာဏာကို ထိပါးလာရင်တော့
ကျွန်တော်ဟာ ''လူမိုက်'' တစ်ယောက်ပါပဲ
ဟုတ်တယ်……။

ဒါပေမယ့်
ကျွန်တော်တို့ တပ်မတော်သားတွေဟာ
တိုက်းပြည်အတွက် လိုအပ်လို့ ''မိုက်တာ''

သေမင်းဆိုတာ
ကျွ န်ုပ်၏ အရင်းနှီးဆုံး သူစိမ်းဖြစ်၍
ကြောက်ချင်းတရား လုံးဝမရှိ

ရန်သူဆိုတာ
ကျွ န်ုပ်၏ အနီးကပ်ဆုံး မိတ်ဆွေဖြစ်၍
သနားငဲ့ညှာချင်း လုံးဝမရှိ

နက်ရှိုန်း လွန်းလှတဲ့
ကျွ န်ုပ်၏ တိုက်ပွဲ
ဘယ်ချိန် ဆဲ့ ၍ ဘယ်ချိန်ပြီးမည် မသိ

ကျွ န်ုပ်အတွက် နေထွက်ချိန် မရှိ၍
နေဝင်ချိန်လည်း မရှိ

ကျွ န်ုပ် သွေးကြောင်ခဲ့သည်ရှိသော်
ကျွ န်ုပ် သေရပါမည်
ကျွ န်ုပ် သနားငဲ့ညှာခဲ့သည်ရှိသော်
ကျွ န်ုပ် ရှုံးရပါမည်
ကျွ န်ုပ် ၏ ရဲရင့်ချင်းသည်
ကျွ န်ုပ်၏ အေုင်မြင်မှု
ကျွ န်ုပ် အတွက်
စစ်ကူဟူသည် မျှော်လင့်ခွင့်မရှိ……။

ဤ စစ်မြေ ပြင်တွင်ကား
ကျွ န်ုပ်သည် ဗိုလ်ကြီး
ကျွ န်ုပ်သည် တပ်သား………။


credit

0 comments:

Post a Comment