ရေခေါင်းချောင်းကျေးရွာအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်လုံခြုံရေးစစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်၊ ရန်သူ့ထံမှ အလောင်းသုံးလောင်းရရှိ
နေပြည်တော် မတ် ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတောင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား မတ် ၂၁ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက စေတောင်ကျေးရွာထိပ်မှ ဖြန့်ခွဲနေရာယူလျက် လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများက အဆိုပါကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများ၌ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မတ် ၂၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့်က ရေခေါင်းချောင်းကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၄၀၀ ခန့်အကွာနေရာမှ လက်နက် ကြီး/လက်နက်ငယ်များဖြင့်လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် အင်အား ၅၀ ဦးခန့်က ရေခေါင်းချောင်းကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၈၀၀ ခန့်အကွာနေရာမှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့်လည်းကောင်း တပ်မတော်စစ်ကြောင်းများအား စောင့်ကြိုတိုက်ခိုက်ခဲ့ကြသဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ဘက်မှ အားကစားဝတ်စုံ၊ အရပ်ဝတ်များဝတ်ဆင်ထားသည့် အလောင်းသုံးလောင်းအား ရေခေါင်းချောင်းကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူများနေရာယူပစ်ခတ်ခဲ့သည့်နေရာတစ်ဝိုက်မှတွေ့ရှိခဲ့ပြီး တပ်မတော် စစ်ကြောင်း များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းကဲ့သို့ ရပ်ကွက်နှင့်ကျေးရွာများအား အသုံးပြု အကာအကွယ်ရယူလျက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာပြန် လည်ခုခံရသည့်အခါ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၌ AA အကြမ်းဖက် သောင်းကျန်းသူများအား လက်မခံကြရန်နှင့် မြို့၊ ရပ်ကွက်နှင့်ကျေးရွာ အတွင်း ၀င်ရောက်လာပါကလည်း သက်ဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံ ရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါ ရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment