Sunday, March 24, 2019

"စစ်​ပွဲ​တွေမရှိ​တော့ရင်​.


"စစ်​ပွဲ​တွေမရှိ​တော့ရင်​.

အပျော်ဆုံးက ဘယ်သူတွေ ဖြစ်မယ် ထင်လဲ။

စစ်သားဆိုတာ စစ်ပဲတိုက်ခဲ့တာ
စစ်ပွဲကို ဖန်တီးတာ မဟုတ်ဘူး။

ဝါဒရေးအရ တိုက်နေရတဲ့ စစ်ပွဲတွေ
လူမျိုးရေးအရ တိုက်နေရတဲ့ စစ်ပွဲတွေ
နိုင်ငံရေးအရတိုက်နေရတဲ့ စစ်ပွဲတွေ
စစ်ပွဲတွေ စစ်ပွဲတွေ စစ်ပွဲတွေ

စစ်သားတွေ စစ်ပွဲကို မုန်းတီးကြတယ်။
စစ်သားတွေ စစ်မဖြစ်အောင် ဆုတောင်းကြတယ်။
စစ်သားတွေ စစ်မဖြစ်အောင် ကြိုးစားကြတယ်။
စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါမှာ စစ်သားတွေပျော်ကြတယ်။

တကယ်တမ်း စစ်သားဆိုတာ
Uniform ဝတ်ထားတဲ့ ပြည်သူပါပဲ။

စစ်သားဆိုတာ
တစ်သွေးတစ်သံတစ်မိန့်အောက်မှာ
ဒီမိုကရေစီမရပဲ ကျေကျေနပ်နပ်ကြီး
လူ့အခွင့်အရေးအချိုးဖောက်ခံနေတဲ့
သနားစရာ ပြည်သူတွေပါ။

ဒါပေမယ့်
စစ်သားတိုင်း စစ်သားဖြစ်ရတာကို ဂုဏ်ယူတယ်။

(လက်​ရုံး)
Image may contain: 3 people, people smiling, people standing and outdoor

0 comments:

Post a Comment