ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီများအား AA အဖွဲ့မှ ဖျက်ဆီး
=====================================

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီတော်ကြီးအား AA အဖွဲ့ မှ မတ်လ ၂၁ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဦးထွန်းလင်းထံမှ သိရသည်။
ဘူးသီးတောင်မြို့နယ်၊ အရှေ့တောင်ဘက်ပိုင်း စံဂိုထောင်အုပ်စုနှင့် ကျောက်ရန်အုပ်စုအကြားတွင် စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် AA အဖွဲ့မှ သုံးဆယ့်တဘုံ စေတီပေါ်တက်လာပြီး လက်နက်ကြီးဖြင့် ဘုရားများအား ဖြိုလဲဖျက်ဆီးနေသည့်ကို မြင်တွေ့ရကြောင်း ဦးထွန်းလင်းထံမှ သိရသည်။ AA အဖွဲ့မှ ဘုရားများဖျက်ဆီးနေစဉ် ဘုရားဂေါပကများမှ ကြောက်လန့်၍ ထွက်ပြေးခဲ့ပေမယ့် မျက်မြင် ဦးထွန်းလင်းမှာ ထွက်မပြေးဘဲ ချောင်းကြည့်နေခဲ့ခြင်းကြောင့် မယုံနိုင်ဖွယ်ရာ မြင်ကွင်းအားမြင်တွေ့ ခဲ့ရကြောင်း၊ AA အဖွဲ့ ဘုရားပေါ်ရောက်နေစဉ် ရွာသားတစ်ဦးမှ မတက်ရဲကြဘဲ။ AA အဖွဲ့ဘုရား တောင်က ဆင်းသွားကြချိန်ရွာသားများနှင့် ကြည့်ရှုတဲ့အချိန်မှာ ဘုရားဆင်းထုတော်များ အများအပြား ပြိုပျက်စီးနေ သည်ကို တွေ့ရကြောင်း ဆက်လက်၍ ပြောဆိုခဲ့သည်။
AA အဖွဲ့အနေဖြင့် အစိုးရတပ်အား အပုတ်ချတိုက်ခတ်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဘုရားစေတီ ပုထိုးများအား ဖျက်ဆီးနေသည်ကို မျက်မြင်ကိုယ်တွေ့ရှိသူများ ရှိနေသည်။ ထိုအကြောင်းအချင်းအရာများအား ကြည့်လျှင် မြောက်ဦးဖြစ်စဉ်တွင်လည်း AA အဖွဲ့အနေဖြင့် ရခိုင်ရဲ့ အသည်းနှလုံးကိုရင်း၍ အစိုးရတပ် အပုတ်ချရန်အတွက် ဖျက်ဆီးတိုက်ခိုက်ခဲ့သည်မှာ ဆိုသည့်သတင်းများမှာ မှန်ကန်နေသည်။
#မင်းနိုင်
0 comments:
Post a Comment