Thursday, March 28, 2019

စေတောင်ကျေးရွာ အနီး AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်လုံခြုံရေး စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော်မှ လိုအပ်သည်များ ကူညီထောက်ပံ့


စေတောင်ကျေးရွာ အနီး AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်လုံခြုံရေး စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော်မှ လိုအပ်သည်များ ကူညီထောက်ပံ့

နေပြည်တော် မတ် ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်းကျေးရွာနှင့် စေတောင်ကျေးရွာ အကြား နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိ သော တပ်မတော်စစ်ကြောင်းအား မတ် ၂၁ရက် ည ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်း သူ ၁၅ဝ ဦးခန့်က စေတောင် ကျေးရွာမြောက်ဘက်ထိပ် နေရာ ငါးနေရာမှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ဖြန့်ခွဲ တိုက်ခိုက် ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သတင်း ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

ယင်းသို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း စေတောင်ကျေးရွာနေ မောင်စိုးသန်း (၈နှစ်)၊ ဒေါ်မသန်းဌေး (၄၃ နှစ်)၊ ဒေါ်ခိုင်ရွှေဝါ(၃၈ နှစ်)၊ ဒေါ်တင်အေးသိန်း(၄၁ နှစ်)နှင့် မစိုးနန်းခင်(၁၇ နှစ်)တို့ ငါးဦးမှာ လက်နက်ကြီးအစများ ထိမှန် ဒဏ်ရာရရှိခဲ့ ကာ စစ်တွေပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ကြပြီး ဒေါ်တင်အေးသိန်းနှင့် မစိုး နန်းခင်တို့ နှစ်ဦးသာ ဆက်လက် တက်ရောက်ကုသလျက်ရှိကာ ကျန်သူများမှာ ရရှိဒဏ်ရာ သက်သာသဖြင့် ဆေးရုံ ဆင်းသွား ကြကြောင်း သိရှိရသည်။

အဆိုပါဆေးရုံတက်ရောက် ကုသနေသူများအား ယနေ့ညနေပိုင်းတွင် စစ်တွေတပ်နယ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု မေးမြန်း အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment