
နေပြည်တော် မတ် ၂၅
၂ဝ၁၉ ခုနှစ်၊ (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ကြွရောက်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်၊ ဆရာဝန်၊ သူနာပြုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
အဆိုပါစုပေါင်း သွေးလှူဒါန်းပွဲတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်စုစုပေါင်း ၁၄ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြပြီး ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြ သည်။ ယင်းနောက် ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ မေတ္တာပို့သပေးအပ်မှုကို ခံယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် အလှူရှင်များ ကိုယ်စား သွေးထုပ်များအား ပေးအပ်လှူဒါန်းရာ စဝ်စံထွန်းပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment