တပ်မ ( ၈၈ ) ခြေမြန်တပ်မ တပ်မသမိုင်းအကျဉ်း
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★★ ★
အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ်ကို ၁၉၆၇ခုနှစ် ၊ မေလ (၁) ရက်နေ့တွင် မကွေးမြို့၌ စတင်ဖွဲ့စည်းခဲ့ပါသည်။
တပ်မဌာနချုပ် စတင်ဖွဲ့စည်းချိန်တွင် တပ်မမှူး၊ ကြည်း-၅၆၀၃
ဗိုလ်မှုးကြီးသန်းတင်မှ စတင်ဖွင့်လှစ်ပြီး လက်အောက်ခံတပ်ရင်း (၁၀) ရင်းအား
တာဝန်ယူ ကွပ်ကဲ ထမ်းဆောင်ခဲ့ပါတယ် ။
တပ်မ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၇ ခုနှစ် မှ ၁၉၉၀ ခုနှစ်အထိ
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် လည်းကောင်း ၊ ၁၉၉၀ မှ
ယနေ့အထိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု အောက်တွင်လည်းကောင်း တာဝန်
ထမ်းဆောင်ခဲ့ပါတယ် ။
အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်သည် မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ၊ မကွေး-နက်မောက် ကားလမ်းကြီးဘေး၌ တည်ရှိပြီး စတင်ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်နှင့် တပ်မတော် ဂုဏ်သိက္ခာကို ထွန်းပြောင်စေခဲ့သော သမိုင်းဝင် တိုက်ပွဲများဖြစ်သော
အင်းလေးဒေသရှိ ကွန်မြူနစ်တပ်များ ချေမှုန်းရေးအား (ဂဠုန်စစ်ဆင်ရေး) အမည်ဖြင့် လည်းကောင်း ၊
မြစ်ဝကျွန်းပေါ် ဒေသအား (မိုးဟိန်းစစ်ဆင်ရေး) အမည်ဖြင့် လည်းကောင်း ...
ပဲခူးရိုးမဒေသတွင် (မိုးကြိုးစစ်ဆင်ရေး) အမည်ဖြင့်လည်းကောင်း ... ၊
သထုံ ဖာပွန် ဘီးလင်းဒေသတွင် (ဇွဲသတ္တိစစ်ဆင်ရေး) အမည်ဖြင့် လည်းကောင်း... ၊
အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင်
(မင်းလွင်/သူရိန်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊
လားရှိုး ကွမ်းလုံဒေသတွင် (အောင်သီဟ) စစ်ဆင်ရေး
အမည်ြဖင့် လည်းကောင်း ... ၊
ကွတ်ခိုင် မူဆယ် နမ့်ဖက်ကာ မိုးနဲ နမ့်ခမ်းဒေသတွင်
(ရဲမာန်ဟုန်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ... ၊
သံလွင်အရှေ့ခြမ်း မိုင်းခတ် မိုင်းယန်း မိုင်းမ မိုင်းလား ဒေသတွင် (ရဲမာန်အောင်) စစ်ဆင်ရေး
အမည်ဖြင့် လည်းကောင်း .... ၊
ကယားပြည်နယ် ဒေသတွင် (ငွေတောင်) စစ်ဆင်ရေး အမည်ဖြင့် လည်းကောင်း ၊ သံလွင်အရှေ့ခြမ်း ဒေသတွင် (ရဲရန်နိုင် ၊ ရဲနိုင်အောင် ၊ နေမင်းရောင် ၊ လေးမာန်အောင် ) စစ်ဆင်ရေးအမည်ဖြင့်လည်းကောင်း ... ၊
ကျောက်မဲခရိုင် ဒေသတွင် (နီလာ) စစ်ဆင်ရေး အမည်ဖြင့်လည်းကောင်း ... ၊
ရွှေလီချိုင့်ဝှမ်း ၊ မိုးမိတ်ဒေသတွင် (သမိန်ဗရမ်း) စစ်ဆင်ရေး အမည်ဖြင့်လည်းကောင်း ... ။
ဘူဇာခီ်း ယွန်းစလင်း အရှေ့ခြမ်းဒေသတွင် မာန်အောင်မြင်စစ်ဆင်ရေး အမည်ဖြင့်လည်းကောင်း ၊
(၁-၁၁-၂၀၁၁) ရက်မှ (၁၀-၄-၂၀၁၃) ရက်နေ့ထိ မြစ်ကြီးနား လုပီ ပန်ဝါ ဗန်းမော် လဂျားယန် ဒေသတို့တွင် တိုင်းအောင်/ရွှေလင်းယုန် စစ်ဆင်ရေးအမည်ဖြင့် လည်းကောင်း စစ်ဆင်ရေး တာဝန်များနှင့် အခြားသော စစ်ဆင်ရေးပေါင်း များစွာအား အကြီးမားဆုံးသော အောင်မြင်မှုများ ရရှိအောင် ထမ်းဆောင်ခဲ့ပါတယ်။
အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် စွမ်းရည်/ဘွဲ့တံဆိပ် ရရှိသူများစာရင်း (၂၀၁၃)ထိ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
သီဟသူရ
-------
အရာရှိ ၁
အခြားအဆင့် -
ပေါင်း ၁
သူရ
---
အရာရှိ ၁၃
အခြားအဆင့် ၁၅
ပေါင်း ၂၈
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
----------------------
အရာရှိ ၅၀
အခြားအဆင့် ၁၇၆
ပေါင်း ၂၂၆
ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်
--------------------------------
အရာရှိ ၂၇
အခြားအဆင့် ၁၀၁
ပေါင်း ၁၂၈
ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ထူးတောင်လက်မှတ်
----------------------------------
အရာရှိ ၁၂
အခြားအဆင့် ၁၉
ပေါင်း ၃၁
ွ်စွမ်းရည်/ဘွဲ့တံဆိပ် ရရှိသူစုစုပေါင်း
အရာရှိ ၁၀၃ ဦး
အခြားအဆင့် ၃၁၁ ဦး
ပေါင်း ၄၁၄ ဦးတို့ဖြစ်ပါတယ် ။
အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မဆောင်ပုဒ်များ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
``ရဲရင့်လုပ်ဆောင် ပြည်ကျိုးအောင်´´
``စည်းကမ်းရှိရှိ ၊ ပျော်ပျော်ရွှင်ရွှင်နေ
သစ္စာရှိရှိ ရဲရဲဝံ့ဝံ့လုပ်´´
``စစ်စည်းကမ်းအစ ဝတ်စားဆင်ယင်မှုက ၊
အမိန့်နာခံမှုအစ စစ်ရေးပြက´´
အမှတ်(၈၈) ခြေမြန်တပ်မ ဌာနချုပ်၏ ယခုလ ၅လပိုင်း (၁)ရက်နေ့တွင် ( ၄၉ )နှစ်ပြည့် တပ်မမွေးနေ့အား ဂုဏ်ပြုပါသည် ။
တပ်မ ( ၈၈ ) အောင်ပွဲများအလီလီ ရရှိနိုင်ကြပါစေ ....
ဘေးမသီ ရန်မခပဲ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ .......
#မိုးကြိုး_Strike_Fighter

0 comments:
Post a Comment