AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ မတ် - ၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာရှိ ရွာသား ၁ ဦးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ စံညှင်းကျေးရွာနေထိုင်သူ ဦးမောင်တင်(ဘ) ဦးယဉ်ဖြူအောင်၊ ရခိုင်/ဗုဒ္ဓသည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ည ၉ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ မျက်နှာ ဖုံးစွပ်ထားသူ ၂ ဦး ရောက်ရှိ လာပြီး ဦးမောင်တင်အား အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာနားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်နားရွက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်လက်ဖျံ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ညာလက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စံညှင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာနေသူများထံ စုံစမ်းချက်များအရ သေဆုံးသူဦးမောင်တင်သည် ၎င်းကျေးရွာ၌ ယခင်က ရာအိမ်မှူး တာဝန်ထမ်းဆောင်ဖူးသူဖြစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အယူအဆအပေါ် လက်မခံသူတစ်ဦးဖြစ်ပြီး AA အကြမ်းဖက် သောင်းကျန်း သူအား ထောက်ခံသူများနှင့် မကြာခဏ အခြေအတင်စကားများခဲ့သူဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment