Friday, March 22, 2019

ပွိုင့်​ ၂၂၀၂.

ပွိုင့်​ ၂၂၀၂ ​တောင်​ကုန်း..
.​လောက်​ကိုင်​ တစ်​​ကြောလုံးရဲ့ ရန်​သူ့ 
အဓိက ထိန်းချုပ်​ ပင်​မကုန်း......
အ​ပေါ်စီးကကြည့်​ရင်​​လောက်​ကိုင်
တစ်​မြို့ လုံးတင်​မကပဲ တရုတ်​နယ်​စပ်​အထိပါမြင်​​တွေ့ 
ရတဲ့ အမြင့်​ဆုံးကုန်း......

ရန်​သူ MNDAA ကိုးကန့်
သောင်းကျန်းသူတို့ ရဲ့ အခိုင်​မာဆုံး ကုန်း...
တပ်​မ​တော်​သား​တွေ အ​ပေးဆပ်​ရဆုံးကုန်း....
ရန်​သူ့ စနိုက်​ပါ ​တွေပလူအပျံဆုံးကုန်း....
အရာရှိ စစ်​သည်​​တွေကို အမှည့်​​ခြွေ
အ​ခြွေနိုင်​ဆုံးကုန်း...
တောင်​ဂတုံး​ပြောင်​​ပြောင်​ သတ်​ကွင်းနဲ့
သေနတ်​ကို ၉၀ံဒီဂရီ
မိုး​ထောင်​ပြီး ပစ်​တက်​တက်​ခဲ့ရတဲ့ကုန်း...
အကာအကွယ်​ဆိုတာ ရင်​ကို​မြေကတုတ်
လုပ်​ခဲ့ရတဲ့ကုန်း..
လေ​ကြောင်းပစ်​ကူ အ​မြောက်​ပစ်​ကူ သံချပ်​ကာ
တင့်​တို့ ရဲ့ ဟန်​ချက်​ညီစွာ စစ်​ကစားခဲ့ရတဲ့ကုန်း....
ပစ်​ကူပစ်​အားနဲ့  တိကျမှန်​ကန်​စွာ တစ်​ဖက်​နိုင်​ငံ
နယ်​နိမိတ်​ကို မ​ကျော်​​အောင်​ ချိန်​သားမှန်
ပစ်​ခတ်​ပြီး အ​မြောက်​တပ်​ဖွဲ့ ရဲ့ ဂုဏ်​ကို
ကမ္ဘာသိ​အောင်​ ပြခဲ့တဲ့ကုန်း.....
ရဲဝင့်​​မော်​ကြွား စွန့်လွှတ်​စွန့်စားခြင်း​တွေနဲ့ ​မြေပြင်
တိုက်​ခိုက်​​ရေး တပ်​မ ​တွေရဲ့ တိုက်​ရည်​ခိုက်​ရည်​ကို
ကမ္ဘာသိ​အောင်​ ပြခဲ့တဲ့ကုန်း.....
တပ်​မ​တော်​ရဲ့ အစဉ်​အလာ​တွေ ထဲက
သမိုင်းဝင်​ တိုက်​ပွဲထဲကမှ ထပ်​ဆင့်
သမိုင်း​မော်​ကွန်း​ရေးထိုးခဲ့တဲ့ကုန်း...
တပ်​မ​တော်​ရဲ့ ရဲရဲတက်​ ရဲရဲတိုက်​ ရဲရဲ​ချေမှုန်း ဆိုတဲ့
ဆောင်​ပုဒ်​​တွေကို သက်​​သေပြခဲ့တဲ့ကုန်း....
ဒီကုန်း ....အဲဒီကုန်း...အခု​တော့လည်း
၉​တောင်​ပြည့်​​​ရွှေ​စေတီရဲ့ ဆည်းလည်းသံ​လေး​တွေရဲ့ သာယာနာ​ပျော်
ဖွယ်​အတိနဲ့ ကုန်း​လေးဖြစ်​​နေပြီ​လေ....
သဘာဝတရား​တွေနဲ့ ပြည့်​​နှက်​​နေတဲ့ကုန်း...
မာ​ကျောမတ်​​စောက်​လှတဲ့ ​ကျောက်​သားအပြည့်​နဲ့ 
ကုန်း..
ပထ၀ီ​အ​နေအထား အ​ရေးကြီးဆုံးကုန်း...
တ​ကြောလုံးကို စိုးမိုးထားဆုံး​သောကုန်း...
ဟုတ်​တယ်​.....အဲကုန်း....
သူ့နာမည်​...
ပွိုင့်​ ၂၂၀၂.......
#Credit #

Image may contain: outdoor

Image may contain: mountain, sky, outdoor and nature

Image may contain: one or more people

Image may contain: one or more people, sky and outdoor

Image may contain: sky, mountain, outdoor, nature and water

 

0 comments:

Post a Comment