၁။
ရခိုင်ကိစ္စနဲ့ ပတ်သက်လို့  တပ်ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံကို
အားရသူရှိသလို အားမရသူလဲရှိ ၊ နားလည်သူရှိသလို နားမလည်သူလဲရှိ
၊အပြစ်မြင်သူရှိသလို အပြစ်မတင်သူလဲရှိ ။

ဟိုဟာက ဟိုလိုလုပ်ပါလားတို့  ၊ ဒီဟာက ဒီလိုလုပ်သင့်တယ်တို့ အကြံပေးသူတွေများနေချိန် ကိုယ်တွေဟာ ခပ်မဆိပ်ပဲ နေခဲ့ ။
လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတာပဲ ။ သူ့ အမြင်နဲ့ သူ ကိုယ့်အမြင်နဲ့ ကိုယ် ၊ သူ့ အသက်အရွယ်နဲ့ သူ ကိုယ့်အသက်အရွယ်နဲ့ ကိုယ် ၊ သူ့ ဖြတ်သန်းမှုနဲ့ သူ ကိုယ့်ဖြတ်သန်းမှုနဲ့ ကိုယ် ၊ အထူးအထွေ ဘာမှပြောစရာမလို ။
-------------------------- ----------
၂။ ဒါဆို မင်းဘယ်လိုမှ မနေဘူးလား ။ ဘယ်ဟုတ်မလဲ နေတာပေါ့ ။ ရန်ဖြစ်လျှင်တောင် ကိုယ့်လူကိုယ် နိုင်စေချင်တာ သဘာဝ ။ ကိုယ့်ဘက်က နိုင်တော့ ပျော်သလို သူ့ ဘက်က အလစ်အငိုက်ရတော့ ဒေါပွ ။ ဒါဟာ လူ့ သဘာဝ မဟုတ်လား ။
သို့ သော် အခြေအနေကို သုံးသပ်ချိန် ၊ နိုင်ငံရေး စစ်ရေးအားလုံးခြုံငုံစဉ်းစားချိန် ဒီလိုအချိန်တွေမှာတော့ အီမိုးရှင်းနဲ့ သွား စဉ်းစားလို့ မရ ။
ယခင်ဖြစ်ခဲ့သော ၊ ယခုဖြစ်နေသော ၊ နောင်ဖြစ်လာနိုင်ဖွယ်ရှိသော အရာအားလုံး ထည့်သွင်းသုံးသပ် ဆုံးဖြတ်မှသာ အခြေအနေမှန်နဲ့ နီးစပ်လိမ့်မယ် ။
-------------------------- ---------
၃။ ရခိုင်ကိစ္စမှာ တပ်ရဲ့  ရပ်တည်မှု အနေအထားကို စဉ်းစားလျှင် အချက်သုံးချက် စဉ်းစားနိုင်တယ် ။ ပထမအချက်က တပ်ရဲ့ လိုလားချက် ၊ ဒုတိယအချက်က တပ်ရဲ့  နိုင်ငံရေးအနေအထား ၊ တတိယအချက်က တပ်ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံနည်းလ မ်း ဒီအချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရမယ် ။
ပထမဆုံး တပ်ရဲ့  လိုလားချက်ကို စဉ်းစားလျှင် တပ်က ပွင့်ပွင့်လင်းလင်းပဲ ပြောထားတယ် ။ ရခိုင်နယ်ခြားမှာ ဓာတ်ခဲကို အခြေချခွင့် လုံးဝ ( လုံးဝ ) ခွင့်မပြုနိုင် ။ လိုရင်းက ဒါပဲ ။
ဘာလို့ အခြေချခွင့်မပြုနိုင်လဲ ။ အာဆာရှိတယ် ။ ဘင်္ဂလားဒေ့ရှ်ရှိတယ် ။ ဘင်္ဂလားဒေ့ရှ်နဲ့  ကိုယ့်နိုင်ငံက လက်ရှိမှာ ဆက်ဆံရေးသိပ်ကောင်းလှတယ် မဟုတ် ။ နောင်လဲ ကာလအပိုင်းအခြားအတော်များများ ကောင်းနိုင်ဖွယ် မမြင် ။
အဲဒီတော့ အဲဒီလိုအခြေအနေရှုပ်ထွေးနေတဲ
့နယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့ အသစ်တစ်ခု အခြေချဖို့ ကြိုးစားတာ တပ်က
လက်မခံနိုင် ။ လက်ခံခဲ့လျှင် ဒါဟာ National Security ကို အများကြီး
ခြိမ်းခြောက်ရာရောက်တယ် ။
ဆိုလိုတာက ဓာတ်ခဲဟာ မင်းဖာသာမင်း မင်းကို မွေးထုတ်ပေးတဲ့  KIA နဲ့ ပဲနေ ။ NCA အဖွဲ့ ဆယ်ဖွဲ့ လက်မှတ်ထိုးပြီးချိန်မှ ရခိုင်မှာ မင်း ကမန်းကတန်း လာအခြေချခွင့် မပြုနိုင် ။ ဒါဟာ ရခိုင်ကိစ္စမှာ တပ်ရဲ့  လိုလားချက်ပဲ ။
-------------------------- ----------
၎။ ဒုတိယ တပ်ရဲ့  နိုင်ငံရေးအနေအထား ။ ဓာတ်ခဲနဲ့  ပတ်သက်လို့  တပ်ရဲ့  နိုင်ငံရေးအနေအထားကို ရှင်းရှင်းလင်းလင်း သိဖို့ က တပ်ဟာ ဓာတ်ခဲကို လက်နက်ချခိုင်းနေတာ မဟုတ်ဘူး ။ အသိအမှတ်မပြုဘဲ နေတာလဲ မဟုတ်ဘူး ။
အရင်က ဦးသိန်းစိန်လက်ထက်မှာ ကေအိုင်အေအောက်က NCAကို လာခိုင်းပေမယ့် အခုနောက်ပိုင်း အဲဒီလိုမဟုတ် ။ TNLA ရော MNDAA ရော ဓာတ်ခဲရော သီးခြားလာလို့ ရပြီ ။ လာရမယ့် ပရောဆက်က မင်းတို့  Deed of commitment ထိုး ၊ ပြီးလျှင် Bi literal ထိုး ၊ ပြီးလျှင် NCA လာတော့ ။ ဒီ ပရောဆက်ကို တပ်က လက်ခံထားပြီးပြီ ။ လက်ခံလို့ လဲ စစ်တိုင်းလေးခုမှာ အပစ်ရပ်တယ် ဘာညာလုပ်ခဲ့တာ ။
တပ်က အဲဒီလိုအလျှော့ပေးခါမှ ဘာထဖြစ်လဲဆိုတော့ ဓာတ်ခဲက ထဖောက်ပြီး လွတ်လပ်ရေးနေ့ မှာ ရဲစခန်းတွေ ၀င်တိုက် ။ ရက္ခိတလမ်းစဉ်ဆိုပြီး လုပ် ။ အာလကန် ဒရင်းဘာညာကြွေးကြော် ။
အဲဒီမှာ အန်တီတို့ ပါ စိတ်ဆိုး ။ ဓာတ်ခဲဟာ အကြမ်းဖက်အဖွဲ့ ပါ ဘာညာတွေ ဖြစ်ကုန်ပြီး လေယာဉ်သုံးပါတို့ အာကာသယာဉ်သုံးပါတို့  ဖြစ်ကုန်တာ ။
-------------------------- -----
၅။ အရေးထဲအရာပေါ်တာက ယခင့်ယခင် ဖြစ်စဉ်တွေအရ တပ်က စာတတ်သွားတဲ့  ကိစ္စ ။ ဘယ်တုန်းက စာတတ်လဲဆိုတော့ ၁၀၅မိုင်မှာ အရပ်သားတွေ အလွတ်ဝင်ပစ်သတ်ခံရတာကို လွှတ်တော်က အကြမ်းဖက်အဖွဲ့ မဟုတ်ဘူးလို့ ထလုပ်ကတည်းက စာတတ်တာ ။
ဘယ်လို ဘယ်ပုံ စာတတ်လဲဆိုတော့ အန်တီကိုယ်တိုင် ဆော်ခိုင်းတယ်ဆိုတဲ့  ကိစ္စက ကိုဇော်ဌေး စကားငှားသုံးရလျှင် privileged information ပဲ ။ ဆိုလိုတာက အစိုးရက တွယ်ခိုင်းတာက လူမသိဘူး ။ အမြောက်နဲ့  ပစ်ခိုင်းလဲ လူမသိဘူး ။ လေဆာရောင်ခြည်နဲ့ ပစ်ခိုင်းလဲ လူမသိဘူး ။
လူသိတာက စစ်တပ်က တိုင်းရင်းသားတွေကို ဘလာဘလာ ။ ငြိမ်းချမ်းရေးကို မလိုချင်လို့  ဘလာဘလာ ။ ဒါမျိုးပဲ ဆဲခံရတာ ။
-------------------------- ----------
၆။ ဆဲခံရအောင် ဘယ်သူတွေက အချွန်နဲ့ မလဲဆိုတော့ NLD လော်ဘီတွေက မတယ် ။
အဲဒီလို တစ်ရာဖိုး သုံးပိုဒ် ၊ တပ်ကို အလွတ်တွယ်တဲ့  စောက်ပေါစတေးတပ်စ်တွေကို ရှယ်ကြတဲ့  အထဲ လွှတ်တော်အမတ်တစ်ချို့ လဲ ပါတယ် ။ မီးလောင်ရာလေပင့် ကောမန့် ဝင်ရေးတဲ့ အထဲ ပါတီက လူတွေလဲ ပါတယ် ။ ( မဟုတ်ဘူး မငြင်းနဲ့  စခရင်ရှော့တွေ ရှိတယ် ။ သိမ်းထားတယ် ။ )
တစ်ခါ အဲဒီလိုအချွန်နဲ့ မချိန် မဟုတ်ပါဘူးလို့  တာဝန်ရှိသူတွေက ၀င်ဟန့် လားဆိုတော့ မဟန့် ဘူး ။ ၀င်ရှင်းလားဆိုတော့ မရှင်းဘူး ။ ပျော်ပျော်ကြီး ကြည့်နေတာ ။ အရပ်စကားပြောရလျှင်တော့ လူမိုက်ငှားတာပေါ့လေ ။ မင်းချသာချ ။ဒါပေမယ့် ငါတို့ ကတော့ မသိသလို နေမယ် ။ ငါတို့ က တိုင်းရင်းသားချင်း ဘလာဘလာ ။ ချိုးငှက်လေးတွေ ဘလာဘလာ ။ ဒီလိုအနေအထား ။
ဒါကြောင့် အစိုးရကလဲ ခေါ်ပြောရော တပ်က သတင်းစာရှင်းပွဲလုပ်ပြီး ဓာတ်ခဲကို ချမှာက ငါတို့ သဘောတစ်ခုတည်းမဟုတ်ဘူး ။ အစိုးရကပါ မန်းဒိတ်ပေးကြောင်း ထပြောတာ ။
-------------------------- ---
၇။ နောက်ဆုံးတစ်ချက် တပ်ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံနည်းလ မ်း
။ တပ်က ဓာတ်ခဲကို မတွယ်ဘူး မဟုတ်ဘူး တွယ်တယ် ။ မချဘူး မဟုတ်ဘူး ချတယ် ။
ဒါပေမယ့် သတင်းထုတ်ပြန်တာကို ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်တယ် ။ ရန်သူ
အလောင်းပုံတွေ သိပ်မပြသလို တိုက်ပွဲတွေအကြောင်းလဲ သိပ်မပြောဘူး ။
ဒါဟာ ရန်သူက အရပ်ဝတ်တစ်ပိုင်းနဲ့  ရွာသားလိုလို တိုက်နေလို့ လဲ ဖြစ်နိုင်သလို အစိုးရတပ်မတော်တစ်ခုရဲ့  စောင့်ထိန်းရမယ့် Rules & Regulations တွေကြောင့်လဲ ဖြစ်နိုင်တယ် ။
ဥပမာဆိုရလျှင် ဟိုတလောက မိတ္ထီလာမှာ ကြည်းလေတင့် ပူးပေါင်း စစ်ဆင်ရေးလုပ်သွားတဲ့  တပ်မ ၅၅ က ပူးပေါင်းလုပ်အပြီး ရုတ်တရက် ပျောက်သွားတယ် ။ ပြီးတော့ ပလက်ဝ မြောက်ခြမ်းမှာ ပြန်ပေါ်လာတယ် ။ ဓာတ်ခဲတွေကို တီးထုတ်တော့ ဓာတ်ခဲတွေ အကုန်ပြိုဆင်းပြီး ဆုတ်ရတယ် ။
အလောင်းမရဘူးလား ။ ရတာပေါ့ ။ လက်နက်မရဘူးလား ရတာပေါ့ ။ ၅၅က ရသလို ၂၂ က ဆီးအုပ်လို့ ရတာလဲ တစ်ပုံကြီး ။ အရှင်ဖမ်းမိတဲ့  ဓာတ်ခဲတွေလဲ အများကြီး ။ သို့ သော် အထက်မှာဆိုခဲ့သလို တပ်က လုပ်လဲ အသံမထွက်ဘူး ၊ မလုပ်လဲ အသံမထွက်ဘူးဆိုတော့ ခိုင်သုခအသံက စာစာ စာစာနဲ့  သတင်းဌာနတွေမှာ ညံနေရော ။
-------------------------- ---
၈။ ဓာတ်ခဲက အခု ဘာလုပ်နေလဲ ။ ဓာတ်ခဲက ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတော့ ပြောက်ကျားစစ်ရဲ့  ဒုတိယအဆင့် ကျေးလက်ကို အခြေခံ မြို့ ကိုဝိုင်း ကို ကူးဖို့ ကြိုးစားနေတယ် ။ သူက လူမျိုးရေးကို အခြေခံပြီး စည်းရုံးတဲ့ အတွက် အခြေခံနယ်မြေကို သူများထက် ပိုပြီး လွယ်လွယ်တည်ဆောက်နိုင်တော့ တပ်ကို သမားရိုးကျ ဆန်ဆန်ဝင်တိုက်ဖို့ ပါ သွေးတိုးစမ်း ကြိုးစားကြည့်ချင်လာတယ် ။
ဥပမာ မနေ့ ညက ဖြစ်ကြတဲ့ တိုက်ပွဲဆို ဓာတ်ခဲက သမားရိုးကျဆန်ဆန် အင်အား လေးငါးရာထိ သုံးလာပြီး တပ်ကို တက်လုံးဖို့ ကြိုးစားတယ် ။ ကြိုးစားတော့ ဘာဖြစ်လဲဆိုတော့ Mi 35 တွေက ညဘက်ကြီး တက်လာပြီး အုပ်တယ် ။ ထိတယ် ။ အများကြီးကျတယ် ။ မလျှော့သေးဘူး ။ ညပိုင်း တစ်ခါ ထပ်လုံးကြည့်တယ် ။ နောက်ဆုံး လေယာဉ်တွေပါ တက်လာပြီး ဗုံးပါကြဲထည့်လိုက်မှ သေနတ်သံစဲသွားတော့တယ် ။
လူနာတွေကို ဘယ်ကလာကောက်လဲ သိလား ။ နီးစပ်ရာရွာတွေက ဓာတ်ခဲအမာခံတွေက ဦးစီးပြီး ပရဟိတပဲ လုပ်သလိုလို ငှက်ဖျားလူနာပဲ ဆေးရုံပို့ သလိုလို လာကောက်ကြတယ် ။အဲဒါ ရခိုင်ဒေသထဲက နေရာတစ်ချို့ မှာ လက်ရှိ ဖြစ်နေတဲ့  အခြေအနေပဲ ။
-------------------------- ----
၉။ ဒါဆို ရခိုင်အရေးကိစ္စ ဘယ်လို ဆက်ဖြစ်နိုင်လဲ ။ ဘယ်လို ဖြစ်နိုင်လဲဆိုတော့ ဓာတ်ခဲတွေ မစ္စတာဂွမ်မော်တို့ ဆီ မပြန်မချင်း ရခိုင်ပြည်က တိုက်ပွဲတွေ ဆက်ဖြစ်မှာပေါ့ ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ကူမင်းမှာ KIO + 3 နဲ့  PC တို့  တွေ့ ကြတော့ ညိုထွန်းအောင် ဘာတွေပြောလဲ ။ ငြိမ်းချမ်းရေးစကားပြောလား စစ်သွေးကြွနေလား ။ အစိုးရရော တပ်ကရော ကျန်တဲ့ အဖွဲ့ တွေရော အားလုံးသိပြီးသား မဟုတ်လား ။
ညိုထွန်းအောင် စစ်သွေးကြွတော့ ဘာဖြစ်လဲသိလား ။ ဘာမှမဖြစ်ဘူး ။ တပ်မတွေ အများကြီးထပ်တက်လာမှာပေါ့ ။ တင့်တွေ သံချပ်ကာတွေပါ ၀င်လာမှာပေါ့ ။
လိုအပ်လျှင် စစ်အုပ်ချုပ်ရေး လုပ်မှာပေါ့ ။ ပိုက်စိတ်တိုက်ဗုံးကြဲမှာပေါ့ ။ MLRS လို ယာဉ်တင် ရော့ကက်လောင်ချာတွေပါသုံးမှာပေါ့ ။ မီးဖြတ်တာတွေ ၊ ရိက္ခာဖြတ်တာတွေ ၊ ဖုန်းလိုင်းဖြတ်တာတွေ ၊ အရပ်ယာဉ်အားလုံး သိမ်းတာတွေ လုပ်လာမှာပေါ့ ။
အမာခံလို့ ယူဆရတဲ့ ရွာတွေ ရွာလုံးကျွတ် နေရာရွေ့ ရမှာပေါ့ ။ လယ်မစိုက်နိုင်ဘူးပေါ့ ။ ဈေးမရောင်းနိုင်ဘူးပေါ့ ။ ကြားက မဆိုင်သူတွေပါ ငတ်ကြပေါ့ ။
-------------------------- -
၁၀။ တိုက်ပွဲအရှိန်မြင့်လေ စစ်ဘေးဒုက္ခသည်တွေ များလေဆိုတာက သီအိုရီပဲ ။ အခု စစ်ဘေးဒုက္ခသည်တစ်သောင်းဆိုလျှင် နောင်နှစ်နှစ် သုံးနှစ်အတွင်း လေးငါးဆဖြစ်လာမယ် ။ ရွာတွေ ပျက်စီးကုန်မယ် ။ camp တွေမှာ ရောဂါဘယတွေ ထူပြောလာမယ် ။
အဲဒီလိုနဲ့ ပဲ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေလဲ အကုန်လစ်ကုန်ကြမှာပါပဲ ။ ဥပမာ တစ်ခုဆိုရလျှင် အခု မြောက်ဦးက Tourism လုပ်ငန်း ပျက်စီးသွားပြီ မဟုတ်လား ။ Tourism နဲ့ ချိတ်ဆက်နေသော လုပ်ငန်းငယ်လေးတွေအားလုံး ဒုက္ခရောက်ကုန်ပြီ မဟုတ်လား ။
စစ်ဟာ ခါးသီးပါတယ်ပြောလဲ တစ်ချို့ တစ်ချို့ သော သူတွေဟာ လက်တွေ့ ကြုံမှ ယုံကြတာ
-------------------------- -----
ရဲမိုး

ဟိုဟာက ဟိုလိုလုပ်ပါလားတို့  ၊ ဒီဟာက ဒီလိုလုပ်သင့်တယ်တို့ အကြံပေးသူတွေများနေချိန် ကိုယ်တွေဟာ ခပ်မဆိပ်ပဲ နေခဲ့ ။
လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတာပဲ ။ သူ့ အမြင်နဲ့ သူ ကိုယ့်အမြင်နဲ့ ကိုယ် ၊ သူ့ အသက်အရွယ်နဲ့ သူ ကိုယ့်အသက်အရွယ်နဲ့ ကိုယ် ၊ သူ့ ဖြတ်သန်းမှုနဲ့ သူ ကိုယ့်ဖြတ်သန်းမှုနဲ့ ကိုယ် ၊ အထူးအထွေ ဘာမှပြောစရာမလို ။
--------------------------
၂။ ဒါဆို မင်းဘယ်လိုမှ မနေဘူးလား ။ ဘယ်ဟုတ်မလဲ နေတာပေါ့ ။ ရန်ဖြစ်လျှင်တောင် ကိုယ့်လူကိုယ် နိုင်စေချင်တာ သဘာဝ ။ ကိုယ့်ဘက်က နိုင်တော့ ပျော်သလို သူ့ ဘက်က အလစ်အငိုက်ရတော့ ဒေါပွ ။ ဒါဟာ လူ့ သဘာဝ မဟုတ်လား ။
သို့ သော် အခြေအနေကို သုံးသပ်ချိန် ၊ နိုင်ငံရေး စစ်ရေးအားလုံးခြုံငုံစဉ်းစာ
ယခင်ဖြစ်ခဲ့သော ၊ ယခုဖြစ်နေသော ၊ နောင်ဖြစ်လာနိုင်ဖွယ်ရှိသော
--------------------------
၃။ ရခိုင်ကိစ္စမှာ တပ်ရဲ့  ရပ်တည်မှု အနေအထားကို စဉ်းစားလျှင် အချက်သုံးချက် စဉ်းစားနိုင်တယ် ။ ပထမအချက်က တပ်ရဲ့ လိုလားချက် ၊ ဒုတိယအချက်က တပ်ရဲ့  နိုင်ငံရေးအနေအထား ၊ တတိယအချက်က တပ်ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံနည်းလ
ပထမဆုံး တပ်ရဲ့  လိုလားချက်ကို စဉ်းစားလျှင် တပ်က ပွင့်ပွင့်လင်းလင်းပဲ ပြောထားတယ် ။ ရခိုင်နယ်ခြားမှာ ဓာတ်ခဲကို အခြေချခွင့် လုံးဝ ( လုံးဝ ) ခွင့်မပြုနိုင် ။ လိုရင်းက ဒါပဲ ။
ဘာလို့ အခြေချခွင့်မပြုနိုင်လဲ ။ အာဆာရှိတယ် ။ ဘင်္ဂလားဒေ့ရှ်ရှိတယ် ။ ဘင်္ဂလားဒေ့ရှ်နဲ့  ကိုယ့်နိုင်ငံက လက်ရှိမှာ ဆက်ဆံရေးသိပ်ကောင်းလှတယ် မဟုတ် ။ နောင်လဲ ကာလအပိုင်းအခြားအတော်များမျ
အဲဒီတော့ အဲဒီလိုအခြေအနေရှုပ်ထွေးနေတ
ဆိုလိုတာက ဓာတ်ခဲဟာ မင်းဖာသာမင်း မင်းကို မွေးထုတ်ပေးတဲ့  KIA နဲ့ ပဲနေ ။ NCA အဖွဲ့ ဆယ်ဖွဲ့ လက်မှတ်ထိုးပြီးချိန်မှ ရခိုင်မှာ မင်း ကမန်းကတန်း လာအခြေချခွင့် မပြုနိုင် ။ ဒါဟာ ရခိုင်ကိစ္စမှာ တပ်ရဲ့  လိုလားချက်ပဲ ။
--------------------------
၎။ ဒုတိယ တပ်ရဲ့  နိုင်ငံရေးအနေအထား ။ ဓာတ်ခဲနဲ့  ပတ်သက်လို့  တပ်ရဲ့  နိုင်ငံရေးအနေအထားကို ရှင်းရှင်းလင်းလင်း သိဖို့ က တပ်ဟာ ဓာတ်ခဲကို လက်နက်ချခိုင်းနေတာ မဟုတ်ဘူး ။ အသိအမှတ်မပြုဘဲ နေတာလဲ မဟုတ်ဘူး ။
အရင်က ဦးသိန်းစိန်လက်ထက်မှာ ကေအိုင်အေအောက်က NCAကို လာခိုင်းပေမယ့် အခုနောက်ပိုင်း အဲဒီလိုမဟုတ် ။ TNLA ရော MNDAA ရော ဓာတ်ခဲရော သီးခြားလာလို့ ရပြီ ။ လာရမယ့် ပရောဆက်က မင်းတို့  Deed of commitment ထိုး ၊ ပြီးလျှင် Bi literal ထိုး ၊ ပြီးလျှင် NCA လာတော့ ။ ဒီ ပရောဆက်ကို တပ်က လက်ခံထားပြီးပြီ ။ လက်ခံလို့ လဲ စစ်တိုင်းလေးခုမှာ အပစ်ရပ်တယ် ဘာညာလုပ်ခဲ့တာ ။
တပ်က အဲဒီလိုအလျှော့ပေးခါမှ ဘာထဖြစ်လဲဆိုတော့ ဓာတ်ခဲက ထဖောက်ပြီး လွတ်လပ်ရေးနေ့ မှာ ရဲစခန်းတွေ ၀င်တိုက် ။ ရက္ခိတလမ်းစဉ်ဆိုပြီး လုပ် ။ အာလကန် ဒရင်းဘာညာကြွေးကြော် ။
အဲဒီမှာ အန်တီတို့ ပါ စိတ်ဆိုး ။ ဓာတ်ခဲဟာ အကြမ်းဖက်အဖွဲ့ ပါ ဘာညာတွေ ဖြစ်ကုန်ပြီး လေယာဉ်သုံးပါတို့ အာကာသယာဉ်သုံးပါတို့  ဖြစ်ကုန်တာ ။
--------------------------
၅။ အရေးထဲအရာပေါ်တာက ယခင့်ယခင် ဖြစ်စဉ်တွေအရ တပ်က စာတတ်သွားတဲ့  ကိစ္စ ။ ဘယ်တုန်းက စာတတ်လဲဆိုတော့ ၁၀၅မိုင်မှာ အရပ်သားတွေ အလွတ်ဝင်ပစ်သတ်ခံရတာကို လွှတ်တော်က အကြမ်းဖက်အဖွဲ့ မဟုတ်ဘူးလို့ ထလုပ်ကတည်းက စာတတ်တာ ။
ဘယ်လို ဘယ်ပုံ စာတတ်လဲဆိုတော့ အန်တီကိုယ်တိုင် ဆော်ခိုင်းတယ်ဆိုတဲ့  ကိစ္စက ကိုဇော်ဌေး စကားငှားသုံးရလျှင် privileged information ပဲ ။ ဆိုလိုတာက အစိုးရက တွယ်ခိုင်းတာက လူမသိဘူး ။ အမြောက်နဲ့  ပစ်ခိုင်းလဲ လူမသိဘူး ။ လေဆာရောင်ခြည်နဲ့ ပစ်ခိုင်းလဲ လူမသိဘူး ။
လူသိတာက စစ်တပ်က တိုင်းရင်းသားတွေကို ဘလာဘလာ ။ ငြိမ်းချမ်းရေးကို မလိုချင်လို့  ဘလာဘလာ ။ ဒါမျိုးပဲ ဆဲခံရတာ ။
--------------------------
၆။ ဆဲခံရအောင် ဘယ်သူတွေက အချွန်နဲ့ မလဲဆိုတော့ NLD လော်ဘီတွေက မတယ် ။
အဲဒီလို တစ်ရာဖိုး သုံးပိုဒ် ၊ တပ်ကို အလွတ်တွယ်တဲ့  စောက်ပေါစတေးတပ်စ်တွေကို ရှယ်ကြတဲ့  အထဲ လွှတ်တော်အမတ်တစ်ချို့ လဲ ပါတယ် ။ မီးလောင်ရာလေပင့် ကောမန့် ဝင်ရေးတဲ့ အထဲ ပါတီက လူတွေလဲ ပါတယ် ။ ( မဟုတ်ဘူး မငြင်းနဲ့  စခရင်ရှော့တွေ ရှိတယ် ။ သိမ်းထားတယ် ။ )
တစ်ခါ အဲဒီလိုအချွန်နဲ့ မချိန် မဟုတ်ပါဘူးလို့  တာဝန်ရှိသူတွေက ၀င်ဟန့် လားဆိုတော့ မဟန့် ဘူး ။ ၀င်ရှင်းလားဆိုတော့ မရှင်းဘူး ။ ပျော်ပျော်ကြီး ကြည့်နေတာ ။ အရပ်စကားပြောရလျှင်တော့ လူမိုက်ငှားတာပေါ့လေ ။ မင်းချသာချ ။ဒါပေမယ့် ငါတို့ ကတော့ မသိသလို နေမယ် ။ ငါတို့ က တိုင်းရင်းသားချင်း ဘလာဘလာ ။ ချိုးငှက်လေးတွေ ဘလာဘလာ ။ ဒီလိုအနေအထား ။
ဒါကြောင့် အစိုးရကလဲ ခေါ်ပြောရော တပ်က သတင်းစာရှင်းပွဲလုပ်ပြီး ဓာတ်ခဲကို ချမှာက ငါတို့ သဘောတစ်ခုတည်းမဟုတ်ဘူး ။ အစိုးရကပါ မန်းဒိတ်ပေးကြောင်း ထပြောတာ ။
--------------------------
၇။ နောက်ဆုံးတစ်ချက် တပ်ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံနည်းလ
ဒါဟာ ရန်သူက အရပ်ဝတ်တစ်ပိုင်းနဲ့  ရွာသားလိုလို တိုက်နေလို့ လဲ ဖြစ်နိုင်သလို အစိုးရတပ်မတော်တစ်ခုရဲ့  စောင့်ထိန်းရမယ့် Rules & Regulations တွေကြောင့်လဲ ဖြစ်နိုင်တယ် ။
ဥပမာဆိုရလျှင် ဟိုတလောက မိတ္ထီလာမှာ ကြည်းလေတင့် ပူးပေါင်း စစ်ဆင်ရေးလုပ်သွားတဲ့  တပ်မ ၅၅ က ပူးပေါင်းလုပ်အပြီး ရုတ်တရက် ပျောက်သွားတယ် ။ ပြီးတော့ ပလက်ဝ မြောက်ခြမ်းမှာ ပြန်ပေါ်လာတယ် ။ ဓာတ်ခဲတွေကို တီးထုတ်တော့ ဓာတ်ခဲတွေ အကုန်ပြိုဆင်းပြီး ဆုတ်ရတယ် ။
အလောင်းမရဘူးလား ။ ရတာပေါ့ ။ လက်နက်မရဘူးလား ရတာပေါ့ ။ ၅၅က ရသလို ၂၂ က ဆီးအုပ်လို့ ရတာလဲ တစ်ပုံကြီး ။ အရှင်ဖမ်းမိတဲ့  ဓာတ်ခဲတွေလဲ အများကြီး ။ သို့ သော် အထက်မှာဆိုခဲ့သလို တပ်က လုပ်လဲ အသံမထွက်ဘူး ၊ မလုပ်လဲ အသံမထွက်ဘူးဆိုတော့ ခိုင်သုခအသံက စာစာ စာစာနဲ့  သတင်းဌာနတွေမှာ ညံနေရော ။
--------------------------
၈။ ဓာတ်ခဲက အခု ဘာလုပ်နေလဲ ။ ဓာတ်ခဲက ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတော့ ပြောက်ကျားစစ်ရဲ့  ဒုတိယအဆင့် ကျေးလက်ကို အခြေခံ မြို့ ကိုဝိုင်း ကို ကူးဖို့ ကြိုးစားနေတယ် ။ သူက လူမျိုးရေးကို အခြေခံပြီး စည်းရုံးတဲ့ အတွက် အခြေခံနယ်မြေကို သူများထက် ပိုပြီး လွယ်လွယ်တည်ဆောက်နိုင်တော့ တပ်ကို သမားရိုးကျ ဆန်ဆန်ဝင်တိုက်ဖို့ ပါ သွေးတိုးစမ်း ကြိုးစားကြည့်ချင်လာတယ် ။
ဥပမာ မနေ့ ညက ဖြစ်ကြတဲ့ တိုက်ပွဲဆို ဓာတ်ခဲက သမားရိုးကျဆန်ဆန် အင်အား လေးငါးရာထိ သုံးလာပြီး တပ်ကို တက်လုံးဖို့ ကြိုးစားတယ် ။ ကြိုးစားတော့ ဘာဖြစ်လဲဆိုတော့ Mi 35 တွေက ညဘက်ကြီး တက်လာပြီး အုပ်တယ် ။ ထိတယ် ။ အများကြီးကျတယ် ။ မလျှော့သေးဘူး ။ ညပိုင်း တစ်ခါ ထပ်လုံးကြည့်တယ် ။ နောက်ဆုံး လေယာဉ်တွေပါ တက်လာပြီး ဗုံးပါကြဲထည့်လိုက်မှ သေနတ်သံစဲသွားတော့တယ် ။
လူနာတွေကို ဘယ်ကလာကောက်လဲ သိလား ။ နီးစပ်ရာရွာတွေက ဓာတ်ခဲအမာခံတွေက ဦးစီးပြီး ပရဟိတပဲ လုပ်သလိုလို ငှက်ဖျားလူနာပဲ ဆေးရုံပို့ သလိုလို လာကောက်ကြတယ် ။အဲဒါ ရခိုင်ဒေသထဲက နေရာတစ်ချို့ မှာ လက်ရှိ ဖြစ်နေတဲ့  အခြေအနေပဲ ။
--------------------------
၉။ ဒါဆို ရခိုင်အရေးကိစ္စ ဘယ်လို ဆက်ဖြစ်နိုင်လဲ ။ ဘယ်လို ဖြစ်နိုင်လဲဆိုတော့ ဓာတ်ခဲတွေ မစ္စတာဂွမ်မော်တို့ ဆီ မပြန်မချင်း ရခိုင်ပြည်က တိုက်ပွဲတွေ ဆက်ဖြစ်မှာပေါ့ ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ကူမင်းမှာ KIO + 3 နဲ့  PC တို့  တွေ့ ကြတော့ ညိုထွန်းအောင် ဘာတွေပြောလဲ ။ ငြိမ်းချမ်းရေးစကားပြောလား စစ်သွေးကြွနေလား ။ အစိုးရရော တပ်ကရော ကျန်တဲ့ အဖွဲ့ တွေရော အားလုံးသိပြီးသား မဟုတ်လား ။
ညိုထွန်းအောင် စစ်သွေးကြွတော့ ဘာဖြစ်လဲသိလား ။ ဘာမှမဖြစ်ဘူး ။ တပ်မတွေ အများကြီးထပ်တက်လာမှာပေါ့ ။ တင့်တွေ သံချပ်ကာတွေပါ ၀င်လာမှာပေါ့ ။
လိုအပ်လျှင် စစ်အုပ်ချုပ်ရေး လုပ်မှာပေါ့ ။ ပိုက်စိတ်တိုက်ဗုံးကြဲမှာပေ
အမာခံလို့ ယူဆရတဲ့ ရွာတွေ ရွာလုံးကျွတ် နေရာရွေ့ ရမှာပေါ့ ။ လယ်မစိုက်နိုင်ဘူးပေါ့ ။ ဈေးမရောင်းနိုင်ဘူးပေါ့ ။ ကြားက မဆိုင်သူတွေပါ ငတ်ကြပေါ့ ။
--------------------------
၁၀။ တိုက်ပွဲအရှိန်မြင့်လေ စစ်ဘေးဒုက္ခသည်တွေ များလေဆိုတာက သီအိုရီပဲ ။ အခု စစ်ဘေးဒုက္ခသည်တစ်သောင်းဆိုလ
အဲဒီလိုနဲ့ ပဲ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေလဲ အကုန်လစ်ကုန်ကြမှာပါပဲ ။ ဥပမာ တစ်ခုဆိုရလျှင် အခု မြောက်ဦးက Tourism လုပ်ငန်း ပျက်စီးသွားပြီ မဟုတ်လား ။ Tourism နဲ့ ချိတ်ဆက်နေသော လုပ်ငန်းငယ်လေးတွေအားလုံး ဒုက္ခရောက်ကုန်ပြီ မဟုတ်လား ။
စစ်ဟာ ခါးသီးပါတယ်ပြောလဲ တစ်ချို့ တစ်ချို့ သော သူတွေဟာ လက်တွေ့ ကြုံမှ ယုံကြတာ
--------------------------
ရဲမိုး
0 comments:
Post a Comment