အပြစ်မဲ့ရွာသား ၁ ဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက လည်လှီးသတ်ဖြတ်
နေပြည်တော်၊ မတ်-၂၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူ များက ရွာသား ၁ ဦးအား မတ် ၂၇ ရက် ညပိုင်းတွင် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာနေ ဦးမောင်နီဦး(၃၃ နှစ်)၊ (ဘ)ဦးစောလှအောင်၊ ရခိုင်/ဗုဒ္ဓ ဆိုသူဖြစ်ပြီး မတ် ၂၆ ရက် ၎င်းနေထိုင်သည့် ကျေးရွာအနီးတိုက်ပွဲများကြောင့် ကျောက် တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာနေ ယောက္ခမဖြစ်သူ ဦးမောင်သန်းကျော်(၆၀ နှစ်)(ဘ) ဦးအောင် ထွန်းစိန်၏ ခြံဝန်းအတွင်း သီးခြားအိမ် ၁ လုံးဖြင့် မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်လျက်ရှိစဉ် မတ် ၂၇ ရက် ည ၁၁ နာရီခန့်တွင် ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် ရခိုင်စကားပြော မျက်နှာဖုံးစွပ် AA အကြမ်းဖက်သောင်းကျန်းသူ ၇ ဦး ရောက်ရှိလာပြီး ဦးမောင်နီဦးအား အိမ်အပြင်သို့ ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။
မတ် ၂၈ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သောင်းအေးတင်မှ လိုက်လံရှာဖွေခဲ့ရာ နံနက် ၈ နာရီခန့် တွင် ကျေးရွာအနီးလယ်ကွင်း၌ ဦးမောင်နီဦးမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေ ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ သေဆုံးသူနေထိုင်ခဲ့သည့် မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာ သည် မတ် ၂၆ ရက်တွင် မြောက်ဦး-ကျောက်တော် လမ်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက် သောင်းကျန်းသူ ၁၅၀ ဦးခန့်က ၂ ကြိမ် ၀ိုင်းပတ် တိုက်ခိုက်ခဲ့သည့် လင်းမြွေတောင် ဖြစ်စဉ်နေရာနှင့် မီတာ ၂၀၀၀ ခန့်သာ ကွာဝေးလျက်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုအကြမ်းဖက်လုပ်ရပ်သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ် စဉ်နောက်ပိုင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ဘူးသီးတောင်-မောင်တော နယ်မြေတွင် အပြစ်မဲ့ ရခိုင်၊ မြို၊ ခမီး၊ ဒိုင်းနက်နှင့် ဟိန္ဒူဘာသာဝင်များအား လည်လှီးသတ်ဖြတ်ခဲ့ သည့် အကြမ်းဖက်လုပ်ရပ်များနှင့် အလားသဏ္ဍာန် တူညီကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment