SSA(၀မ်ဟိုင်း)နှင့် TNLA ပူးပေါင်းအဖွဲ့က တပ်မတော်စစ်ကြောင်း အား ပစ်ခတ်တိုက်ခိုက်
--- --- ---
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
နမ္မတူမြို့နယ်အတွင်း ပုံမှန်နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော
တပ်မတော် စစ်ကြောင်းအား မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင်
မန်စံကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့အရောက်၌
SSA(၀မ်ဟိုင်း)နှင့် TNLA ပူးပေါင်းအင်အားစုများက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။
တပ်မတော်စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်လုံခြုံရေး
ဆက်လက် ဆောင်ရွက်ရာ စတင်ပစ်ခတ်ခံရသည့်နေရာ၏ တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ
နေရာ ပွိုင့်-၁၀၄၄ တောင်ကုန်း၌ SSA(၀မ်ဟိုင်း)နှင့် TNLA ပူးပေါင်းအဖွဲ့က
ဖြန့်ခွဲနေရာယူထားကြောင်း သိရှိရသဖြင့် သိမ်းပိုက် တိုက်ခိုက်ခဲ့ရာ ၂၈ ရက်
နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါတောင်ကုန်းအား
သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူများ အနောက်ဘက်၊ အရှေ့ဘက်နှင့်
အရှေ့တောင်ဘက်တို့သို့ ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းများက
လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment