Monday, March 25, 2019

မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအတွင်း AA အကြမ်းဖက်သောင်းကျန်းသူသုံးဦး ဖမ်းဆီးရမိ


မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအတွင်း AA အကြမ်းဖက်သောင်းကျန်းသူသုံးဦး ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းက မတ် ၁၈ ရက်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နံနက် ၁၁ နာရီခန့်၌ ကျေးရွာအတွင်းရှိ ဦးမြတ်ချေ၊ ဒေါ်တင်တင်ဝင်းတို့၏နေအိမ်အတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေ ဦးကျော်သင်းဦး၏ သားဖြစ်သူ အသက် ၇ နှစ်အရွယ်ရှိမောင်ကျော်စန်းဝင်းအား လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သည့် အကြမ်းဖက်သမားက ကျေးရွာတောင်ဘက်မီတာ ၅၀၀ ခန့်နေရာမှ အသင့်စောင့်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပူးပေါင်းကာ တပ်မတော်စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက် ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာအတွင်းမှ တပ်မတော်လုံခြုံရေးစစ်ကြောင်းများက မတ် ၂၂ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး၊ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်သူနှစ်ဦးတို့အားဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများကလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment