"ကိုးဆယ်ဆ ကွာလိမ့်မယ်"
===================
သီဟသူရဗိုလ်ကြီးသန်းထူးဆိုတာ မော်ဖိုးကေစခန်း
မှာ ရန်သူ့စက်သေနတ်ကြောင့် ခွေကျနေပြီ။
အဲဒီနောက်ဒဏ်ရာပြင်းထန်နေတဲ့ကြားကရန်သူ့ဘန်
ကာပေါက်ကို လက်ပစ်ဗုံးနဲ့လှမ်းပစ်တယ်။
ကံဆိုးစွာနဲ့ အဲဒီလက်ပစ်ဗုံးဟာ ရန်သူ့ဘန်ကာပေါက်
ထဲမ၀င်ဘဲ သူ့နားကိုပြန်လိမ့်လာပြီး သူ့နားမှာပဲပေါက်
ကွဲသွားတယ်။
သေနတ်ဒဏ်ရာ အများအပြားရပြီးသား ဗကသန်းထူး
ရဲ့ဝမ်းဗိုက်နားမှာ လက်ပစ်ဗုံးထပ်ကွဲတော့ အူအခွေ
လိုက်ထွက်ကျလာတယ်။
သူ့အူတွေကို သူ့ဘာသာ ဗိုက်ထဲ ပြန်ထည့်ပြီးတော့မှ
၁၅ ကိုက်ကျော်ကျော်လောက်ဝေးနေသေးတဲ့ ဘန်ကာ
ဆီကို တွားသွားတက်သွားတယ်။
ဘန်ကာထဲက ရန်သူက ရှေ့ကတက်နေသမျှ မိမိစစ်
သည်တွေကို အတွဲလိုက် ကျွေးနေတာ။
ဗကသန်းထူးကပ်လာတာကို ဘန်ကာထဲက ရန်သူက
မသိဘူး။ အပေါက်နားရောက်မှ ရှိသမျှနောက်ဆုံးအား
ကို စုစည်းပြီး ၀ုန်းခနဲထရပ်ပြီးတော့ ကျောပေးပြီး ရန်
သူ့ ပစ်ပေါက်ကို သူ့ခနာကိုယ်နဲ့ ပိတ်ထားလိုက်တာ။
ရန်သူက ကြောင်သွားပြီး ဘရောင်နင်စက်သေနတ်နဲ့
အတွဲလိုက်ကုတ်ပေမဲ့ ဗကသန်းထုးခနာကိုယ်ကပြုတ်
ကျမသွားဘူး။ အထဲကနေ သေနတ်ပြောင်းနဲ့ အတင်း
တွန်းထုတ်တယ်။ မရဘူး။
စိတ်ဓာတ်ဝိညဉ်အပြည့် မိုင်ကုန်တင်ထားတဲ့ ခနာကိုယ်
က ရန်သူ့ဘန်ကာပစ်ပေါက်ကနေ ကွာကျမသွားတော့
ဘူး။ ခနာနဲ့ ဘန်ကာ ဆင်ကော်နဲ့စွဲထားသလို ကပ်နေ
တာ။
အဲဒီအချိန်ကျမှ ခြံစည်းရိုးအတွင်းပိုင်းရောက်နေတဲ့ စစ်
သည်တွေ အတင်းပြေးတက်ပြီး ဗကသန်းထူုးပိတ်ထား
တဲ့ ခနာကိုယ်ရဲ့ ဘယ်ဘက်ကတစ်ယောက်၊ ညာဘက်
ကတစ်ယောက် M79 လောင်ချာတွေ၊ G4 တွေနဲ့အထဲ
ကို အတင်းပစ်၊ လက်ပစ်ဗုံးတွေပစ်သွင်းလုပ်တော့တာ။
အော် ဗကသန်းထူးခေါ် ကိုသန်းထူးရဲ့ ဖခင်က ချင်း
တိုင်းရင်းသားပါ။ မိခင်က ရှမ်း/ဗမာကပြားပါခင်ဗျား။
ရဲကျော်သူရ
0 comments:
Post a Comment