ခင်ဗျားတို့ပါးစပ်ထဲကစစ်ခွေးအကြောင်း တစ်ပိုင်းတစ်စ
***************************************
ဟုတ်ကဲ့ ...
ကျနော်တို့က ခိုင်းရာနေ စေရာသွား ပေးတဲ့လစာလေးနဲ့
့လောက်အောင်စား အသက်ကိုပေးပြီး သခင်ကိုကာကွယ်
နေရတဲ့သူတွေမို့ စစ်ခွေးလို့ဆိုချင်လည်း ဆိုပါလေ ...
.
မျက်ရည်နဲ့သွေးကိုရောပြီး အမိမြေကိုသခင်မှတ်
တိုင်းပြည်ကိုကာကွယ်ရင်း ကျဉ်မကြောက် မီးမကြောက် ခယောင်းလမ်းတွေလျှောက်နေတဲ့သူမို့လည်း
ခင်ဗျားစစ်ခွေးလို့ဆိုချင်လည်း ဆိုပါလေ ...
.
သေနတ်ထမ်း
ဓားပိုက်
တိုင်းပြည်အတွက် သူပုန်ကိုတိုက်ထုတ်နေရတဲ့သူတွေမို့ စစ်ခွေးလို့ ဆိုချင်လည်း ဆိုပါလေ ...
.
တပ်ထဲမရောက်ခင်ကတည်းက တိုင်းပြည်အတွက်
ပြည်သူ့အတွက်ဆိုပြီး စိတ်နဲ့ကိုယ်ကိုသတိပေးထား
မိဘတွေရဲ့ဝေးရာကိုထွက် မေတ္တာတွေအပြည့်နှက်နဲ့
ယူနီဖောင်းဝတ်ခဲ့တာမို့ အရာအားလုံးကိုသီးခံထားနိုင်
ခဲ့သူတွေမို့ စစ်ခွေးလို့ပြောချင်က ထပ်ပြောပါလေ ...
.
ကျေနပ်အောင်သာ ပြောပါလေ ...
ကျေနပ်အောင်သာဆဲပါလေ ...
.
ဒါပေမယ့်
ခင်ဗျားတို့မုန်းတီးရွံရှာနေတဲ့စစ်ခွေးအကြောင်းကို
ကိုယ်တိုင်သိဖို့တော့ တပ်ထဲကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေ ...
.
လာခဲ့ပါ ...
ကျနော်တို့တပ်ထဲရောက်ခါစကလို အခက်ခဲတွေမရှိအောင် ကူညီပါ့မယ် ...
.
စစ်ခွေးတွေရဲ့ စရိုက် အနေအထိုင် မေတ္တာ စေတနာ
ဆိုတာတွေကို ကိုယ်တိုင်လာရောက်လေ့လာကြည့်ပါ ...
.
စစ်တပ်ကိုဖာင်းထုချင်ရင် စစ်တပ်အကြောင်းကို
သေချာလေ့လာဖို့တော့ လိုလိမ့်မယ်မလား ?
.
သင် ....
စစ်သားတစ်ယောက်မဖြစ်ဖူးဘဲနဲ့တော့
လေသံကြား တရားနာသူများ ယောင်တိုင်း
လိုက်ယောင်ရင်တော့ တစ်လောကလုံးမှာ
အမှားကြီးမှားခဲ့သူက သင်ပဲဖြစ်သွားပြီဆိုတာလေးတော့
သတိပြုမိပါစေ ...
.
အားလုံးကို စစ်တပ်ကနေ ဖိတ်ခေါ်နေပါတယ် ...
.
ချစ်သူ မုန်းသူ နှစ်မျိုး နှစ်ပါဒမခွဲခြား
ညီကိုအရင်းပမာနဲ့ကြိုဆိုနေဆဲပါ ။။။။။
0 comments:
Post a Comment