
မိုင်းထောင်ဖောက်ခွဲနေသည့် AA အကြမ်းဖက်သောင်းကျန်းသူများအား ဖမ်းဆီးရမိ
နေပြည်တော် မတ် ၂၁
ရခိုင်ပြည်နယ်၊
ရသေ့တောင်မြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ
စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ
မလုပ်နိုင်စေရေးအတွက် တပ်မတော်စစ်ကြောင်းများက
နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်စဉ်
မတ်လ ၂၀ ရက်ညနေပိုင်းတွင် ရေစိုးချောင်းကျေးရွာ၏ အနောက်မြောက်ဘက် ၂
မိုင်ခန့်အကွာ ရေစိုးချောင်း-ဖုန်ညိုလိပ် ကားလမ်းပေါ်၌ အရပ်ဝတ် ၀တ်ဆင်ထားသော
AA အကြမ်း ဖက်သောင်းကျန်းသူတစ်ဦး မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့်
လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးခဲ့၍ ပစ်ခတ်ဖမ်းဆီးရာ ဓားတစ်ချောင်း၊
ဒေသန္တရနင်းမိုင်းနှစ်လုံးနှင့်အတူအသေဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍
၎င်းနေ့ညနေပိုင်းတွင်ရေစိုးချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်၌ တပ်မတော်
စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာအနီး၌
ရီမုမိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး
မိုင်းပေါက်ကွဲခဲ့သည့်နေရာတစ်ဝိုက်ရှင်းလင်းရာ
မသင်္ကာဖွယ်အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသူနှစ်ဦးသည်
ရေစိုးချောင်းကျေးရွာ ဆယ်အိမ်မှူး၊ ရွာသူ/ရွာသားများ၏ပြောကြားချက်အရ
၎င်းတို့ကျေးရွာမှမဟုတ်ဘဲ မျက်နှာစိမ်းများသာဖြစ်ကြောင်းနှင့်
နှစ်ဦးအနက်တစ်ဦးမှာလည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးအား လိုအပ်သလိုစစ်ဆေးရန် သက်ဆိုင်ရာသို့
လွှဲပြောင်းပေးပို့စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကျေးရွာသူ/ရွာသားများအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများမှ မြို့၊
ရွာအနီး အကြမ်းဖက်လုပ်ရပ်များအပေါ် စိတ်ပျက်
ဒေါသထွက်လျက်ရှိကြောင်းသတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment