Monday, March 25, 2019

ရေတာရှည်မြို့နယ်အတွင်း တရားမ၀င်ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး ၂၅ ဦးအား ဖမ်းဆီးရမိ





နေပြည်တော် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ-ကိုးပင်လမ်းရှိ ၆ မိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းအရစစ်ဆေးနေစဉ်ကိုးပင်မြို့ဘက်မှ သာဂရမြို့ဘက်သို့ စောထွန်း(ဘ) ဦးကြည်မြင့် မောင်းနှင်၍ ကျော်စိုးလင်း(ဘ)ဦးမောင်မောင်နှင့် မသော်တာထွေး(ဘ)ဦးသိန်းဇော်တို့ လိုက်ပါလာသည့် GRANVIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အမှတ်၊ 9C/--— အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်ခိုးဝင်လာသည့် မာမွတ်ရာစိန်(ဘ)အာရွတ်ခန်း အပါအ၀င် ဘင်္ဂါလီလူမျိုး အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၂၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အား သာဂရနယ်မြေရဲစခန်းမှ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment