Friday, March 15, 2019

'' ငြိမ်းချမ်းရေး ''

'' ငြိမ်းချမ်းရေး ''

ခင်ဗျားတို့က မြို့ပေါ်မှာ နေတယ်
ကျုပ်တို့က တောထဲမှာ နေတယ်

ခင်ဗျားတို့က မွေ့ယာနဲ့ နွေးထွေး နေတယ်
ကျုပ်တို့က စောင်ကြား တပိုင်းတစနဲ့ နေတယ်

ခင်ဗျားတို့က အိမ်ဟင်း အိမ်ထမင်း စားတယ်
ကျုပ်တို့ တောဟင်း တောထမင်း မျှစ်ချိုးစားတယ်

ခင်ဗျားတို့က မိသားစုနဲ့ ပျော်ရွှင်နေတယ်
ကျုပ်တို့က မိသားစုကို လွမ်းနေကြတယ်

ဒါနဲ့များ…
ခင်ဗျားတို့က ကျုပ်တို့ စစ်သားတွေထက်
ငြိမ်းချမ်းရေးကို ပိုပြီး လိုချင်ကြတယ်…နော်

-မိုးဟိဏ်း-

0 comments:

Post a Comment