၁။
အေအေနဲ့ ဖြစ်တဲ့  ရခိုင်တိုက်ပွဲစဉ်တွေကို အစဉ်လိုက်
ဂရပ်ပြန်ဆွဲကြည့်လျှင် ပထမဆုံး အေအေကို ထောက်ခံသူ ရခိုင်အမာခံတွေကို
တည်ဆောက်တဲ့ အဆင့် ၊ ဒုတိယအနေနဲ့ ရဲစခန်းတွေကို ၀င်တိုက်တဲ့ အဆင့် ။
တတိယအနေနဲ့  အေအေကို မထောက်ခံသူ ရခိုင်တွေကို ပြန်ရှင်းပြစ်ပြီး အကြောက်တရားနဲ့  အစွန်းရောက်အမျိုးသားရေးစိတ် နဲ့  အင်အားစုစည်းတဲ့ အဆင့် ။
စတုတ္ထအနေနဲ့  အင်အားစုဖွဲ့ ပြီး နယ်မြေစိုးမိုးဖို့ ၊ အင်အားနည်းတဲ့  တပ်မတော်စစ်ကြောင်းတွေကို အလစ်အငိုက်ယူတိုက်ခိုက်ဖို့  လုပ်တဲ့ အဆင့် ။
ပဉ္စမအနေနဲ့  ဆိုရှယ်မီဒီယာကနေ သတင်းမှားတွေ ထုတ်လွှင့်ပြီး တပ်ရဲ့ လှုပ်ရှားစစ်ဆင်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့  အဆင့်ဆိုပြီး အဆင့်လိုက်တွေ့ ရတယ် ။
-------------------------- --
၂။ ပထမ ၊ ဒုတိယ နဲ့  တတိယအဆင့်တွေအထိ အထိုက်အလျှောက် အောင်မြင်မှု ရခဲ့ပေမယ့် စတုတ္ထအဆင့် ကျောက်တော် ဗုဒ္ဓေါကျေးရွာဝန်းကျင်တိုက် ပွဲစဉ်တွေမှာ တပ်မတော်စစ်ကြောင်းတစ်ခုကို ပိတ်ဆို့ လုံးထွေးဖို့ ကြိုးစားရာကနေ သူတို့ ကိုယ်တိုင် ပြန်ပိတ်မိသွားပြီး တပ်ရဲ့ လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုအောက်မှာ အတုန်းအရုန်း ကျဆုံး ၊ စစ်ရေး အရှိန်သေခဲ့ရတယ် ။
အဲဒီနောက်ပိုင်းတော့ ဆိုရှယ်မီဒီယာက အပုတ်ချဖို့ ကြိုးစားတဲ့ အဆင့်လောက်မှာ တန့် နေတယ် ။ တိုက်ကွက် ထပ်ဖော်တာတော့ ဖော်မှာပေါ့လေ ။ သို့ သော် လောလောဆယ်တော့ တပ်ဘက်က တကယ်လဲ ထတီးရော တပ်ရဲ့  Fire Power ကို Shock ရသွားတဲ့  အနေအထားမျိုး ဖြစ်သွားတယ် ။ ဒါက လက်ရှိအနေအထား ။
-------------------------- ----
၃။ မြောက်ဦးဖြစ်စဉ်မှာ တပ်ဘက်က အလကားနေရင်း ပစ်တယ်တို့  ၊ တိုက်ပွဲအတု ဖန်တီးတယ်တို့ ဆိုတဲ့  ပေါတောတော အပြောတွေ ဖောဖောသီသီ ပြောလာတာကို တွေ့ ရတယ် ။
တစ်ယောက်သောသူကတော့ အရွီးလွန်ပြီး တပ်က စည်းကမ်းမဲ့ ပစ်လို့  ကျည်ခွံတွေ သူ့ အိမ်ကို လာမှန်ပါတယ်ဘာညာသာရကာ လုပ်မိတဲ့ အတွက် ကျည်ဆန်မမှန်ဘဲ ကျည်ခွံက မင်းအိမ်ဘယ်လိုမှန်တာတုန်းလို့ ဝိုင်းမေးခွန်းထုတ်ခံရပြီး နောက်ဆုံးမှာ ပို့ စ်ဖျက်ပြေးတော်မူရရှာတယ် ။
တကယ့်တကယ်တော့ အိမ်ကို ကျည်ထိတယ်တို့ ၊ အရပ်သား ( အရပ်သားအစစ်လဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ) လက်နက်ကြီးအစမှန်တယ်တို့ ဘာညာတွေဟာ သိပ်ထူးဆန်းလှတယ်တော့မဟုတ် ။ တိုက်ပွဲတွေ ရောက်လာတဲ့ နေရာတိုင်းမှာ အဲဒီ ပြသနာရှိတယ် ။
ဒါကြောင့်လဲ မင်းတို့  စစ်ကို သွားမခေါ်နဲ့  စစ်တကယ်ရောက်လာလျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေဟာ ဖေ့စ်ဘုတ်မှာ ဘယ်မြို့ ကို ကယ်တင်ပါတို့  ဘယ်သူကိုတော့ RIP ပါတို့ ပြောသလောက် မလွယ်ကူဘူး ။ စစ်ဘေးက ပြေးရမယ် ။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်မယ် ။ ကုန်ဈေးနူန်းတွေ ကြီးမြင့်မယ် ။ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့် မယ် ပျက်စီးကုန်မယ် နောက်ဆုံးမှာ မြို့ ပျက်ကြီးတွေပဲ ကျန်ခဲ့တတ်တယ် ။ ဒါတွေဟာ ဖော်မြူလာပဲ ။
ဒါကြောင့် အေအေကို လက်ခံပြီး စစ်ကို သွားမဖိတ်ခေါ်နဲ့ လို့ အစောကြီးကတည်းက အကြိမ်ကြိမ် သတိပေး ရေးခဲ့ဖူးတယ် ။ သို့ သော် သွေးကြွနေတဲ့ အချိန်ဆိုတော့ နားမ၀င်ခဲ့ ။
-------------------------- --
၎။ မြန်မာနိုင်ငံရဲ့  ဒုတိယမြို့ တော် မန္တလေးတောင် သူပုန်လက်ကျခဲ့ပြီး ရန်ကုန်ကို အင်းစိန်ထိ တက်သိမ်း တစ်နိုင်ငံလုံး မြို့ ပျက်တွေ တောင်လို ပုံခဲ့ရတဲ့ ခေတ်ကို အသာထားပါ ။ လောလောလတ်လတ် ကိုယ်တွေ မျက်မြင်တွေ့ ခဲ့ရသော မြို့ ပျက်တာတွေပဲ တစ်ခုနှစ်ခု ပြောကြည့်ရအောင် ။
၂၀၀၀ပြည့်နှစ် ကျွန်တော် ဒုဗိုလ်ဘ၀ MDA မုန်ဆာလအဖွဲ့ နှစ်ခြမ်းကွဲပြီး တိုက်ကြတော့ တပ်က ၀င်ထိန်းလို့ မရတော့တဲ့ အဆုံး တိုက်ပွဲတွေ ဖြစ်ကြတယ် ။ အဲဒီတုန်းကလဲ မုံးကိုးတစ်မြို့ လုံး ထွက်ပြေးကြရတာပါပဲ ။ ကျွန်တော့်အသက် ၂၃ နှစ်မှာ မြို့ ပျက်တာကို ပထမဆုံး စမြင်ဖူးတာ ။ လူတစ်ယောက်မှ မရှိတော့သော တစ်စပြင် မြို့ ကြီး ။
အဲဒီနောက် အရပ်သားဘ၀ လောက်ကိုင် တိုက်ပွဲဖြစ်တဲ့ အချိန် ၊ လောက်ကိုင်မြို့ ပျက်တာကိုလဲ မျက်မြင်ကြုံခဲ့ရတယ် ။ အားလုံးပျက်စီးကုန်တာပါပဲ ။ မီးလောင်နေတဲ့ နေရာတွေ ၊ ကျည်ဆံရာမွနေတဲ့ ကားတွေ ၊ အာပီဂျီမှန်ထားတဲ့  တိုက်နံရံတွေ ။ တစ်မြို့  လုံး ထွက်ပြေးရတယ် ။ သူပုန်က မြို့ ကိုလာတိုက်တာကိုး ။ မြို့ ထဲမှာ တိုက်ပွဲဖြစ်တော့ ဒီအဖြစ်အပျက်တွေကို ဘယ်ရှောင်လွှဲလို့ ရမလဲ ။
နောက်တစ်ခုက တစ်ကျော့ပြန် မုံးကိုး ။ ပြီးခဲ့တဲ့ နှစ်ပိုင်းက မုံးကိုးကို တစ်ကျော့ပြန် တိုက်ခံရတယ် ။ မုံးကိုးရဲစခန်းက ရဲတွေရော မိသားစုဝင်တစ်ချို့ ပါ ပစ်သတ်ခံရတယ် ။ ပြည်သူ့ စစ်အလောင်းတွေလဲ လမ်းတွေပေါ်မှာ ပြန့် ကြဲနေတာပါပဲ ။ တပ်က စခန်းကတော့ မကျသေးဘဲ ရက်ပေါင်းများစွာ ကြံ့ ကြံ့ ခံနေတယ် ။
အဲဒီမှာလဲ မြို့ ပျက်တာပါပဲ ။ အကုန်ထွက်ပြေးရတယ် ။ ဒေသခံတွေဟာ တစ်ဘက်နိုင်ငံနယ်စပ်မျဉ်းကေ န
ကိုယ့်မြို့ ထဲမှာ သေနတ်သံ ဗုံးသံတွေ ဆူညံနေတာ ၊ လေတပ်က ဗုံးကြဲလေယာဉ်တွေ
ဗုံးဝင်ကြဲတာ ၊ အောက်ကနေ အိမ်ကြိုအိမ်ကြားကနေ လေယာဉ်ပစ်ဒုံးတွေနဲ့ 
ပြန်ပစ်တာ ဒါတွေကို လက်ပိုက်ကြည့်နေခဲ့ရတယ် ။ ဒါတွေဟာ
ကိုယ်တွေမျက်မြင်ကြုံခဲ့ရတဲ့  မြို့ ပျက်တာတွေ ။
-------------------------- ------
၅။ မနေ့ က အေအေက ကျော်ဟန်က ရခိုင်ဒေသမှာ ရခိုင်တပ်မတော် နေရာယူရေးဟာ သူတို့ ရဲ့  ရည်မှန်းချက်ပဲလို့ ဆိုတယ် ။
အစိုးရနဲ့ တပ်ကတော့ ရခိုင်ဟာ အဖြူရောင်နယ်မြေ ၊ ဒါကြောင့် လက်နက်ကိုင်အဖွဲ့ တွေ ၀င်နေရာယူတာကို လက်မခံနိုင်ဘူး ။ ဒါကြောင့် လုံခြုံရေးအရ တိုက်ထုတ်ရမယ်ဆိုတဲ့  ပုံစံမျိုး ပြောတယ် ။
နိုင်ငံခြားသတင်းဌာနက အသိသတင်းထောက်တစ်ယောက်ကတော့
ကရင်မှာ ကေအန်ယူအခြေချတာကို ခွင့်ပြုတယ် ။ ကချင်မှာ ကေအိုင်အေ အခြေချတာကို
ခွင့်ပြုတယ် ။ ရခိုင်မှာ အေအေက အခြေချခွင့် မရှိဘူးလားလို့ 
မေးခွန်းထုတ်တယ် ။
သူ့ မေးခွန်းဟာ ရုတ်တရက်ကြည့်လျှင် ဟုတ်သလိုလို ယုတ္တိရှိသလိုလို ဖြစ်နေပေမယ့် ကိုယ်တွေအယူအဆအရတော့ အခြေချခွင့် မရှိတော့ဘူးလို့ ပဲ ပြတ်ပြတ်သားသားဆိုရမယ် ။ ဘာကြောင့်လဲဆိုတော့ အချိန်မှား နေရာမှားပြီး အခြေချဖို့ ကြိုးစားနေလို့ ပဲ ။
အရပ်စကားပြောရလျှင်တော့ ၀မ်းနည်းပါတယ် လူပြည့်သွားပြီ လူကြီးမင်း လို့ ပဲ ဆိုရမယ် ။ ဘယ်လို အချိန်မှား နေရာမှားလဲ ။
-------------------------- ---------
၆။ ဘယ်လို အချိန်မှားနေရာမှားလဲဆိုတော့ 
အေအေဟာ Peace Process စပြီး သူများတွေ ငြိမ်းချမ်းရေး
ခရီးအတော်အတန်ပေါက်ပြီး ၊ DDR SSR လက်နက်ဖျက်သိမ်းရေး နဲ့ 
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး အသံထွက်လာပြီး ၊ တစ်ခုတည်းသော
တပ်မတော်ကိစ္စဆွေးနွေးနေပါပြီဆိုမှ ရဲစခန်းတွေ ၀င်တိုက်ပြီး ငါတို့ က ရခိုင်မှာ အခြေချမှာ ထလုပ်နေလို့ ပဲ ။
Peace Process ဟာ အလုံးစုံပါဝင်သည် မပါဝင်သည် အသာထား ၊ အပစ်ရပ်လက်မှတ်ထိုးတဲ့ သူတွေ ထိုးပြီးပြီ ။ အေးချမ်းတဲ့  ဒေသတွေလဲ အေးချမ်းသွားပြီ ။ ပေါ်လက်တစ်ကယ် ဒိုင်ယာလော့ကို ဆွေးနွေးသူတွေလဲ ဆွေးနွေးနေပြီ ။ ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုတာကို သဘောတူပြီး ဘယ်လို ဖက်ဒရယ်လဲ စကားပြောနေပြီ ။
ဒီလိုအခြေအနေမှာမှ ငါတို့ က လက်နက်ကိုင်အဖွဲ့ အသစ်တစ်ခုအနေနဲ့  မင်းတို့ သဘောတူတူ မတူတူ ရခိုင်မှာ အခြေချမှာဆိုပြီး စစ်ပွဲတွေကို ထပ်စတော့ အထက်မှာဆိုခဲ့တဲ့  Peace Process ကို ရီးလှန်ပြသလို ဖြစ်နေတယ် ။
ဒါကို လက်ခံလျှင် အဖွဲ့ အားလုံး NCA ထိုးဖို့ မိနစ်ပိုင်းအလိုမှာတောင် ရှမ်းနီတပ်မတော်က မိုးကုတ်မှာ အခြေချမယ်တို့  ၊ ဆလုံတပ်မတော်က မြိတ်ကျွန်းစုကို သိမ်းပိုက်မယ်တို့ ပါ ဆက်လက်ခံရမယ့် အနေအထားပဲ ရှိတော့တယ် ။
၂၁ ပင်လုံကိုပါ ၂၁ ပလုံလို့  နာမည်ပြောင်းရမှာပေါ့လေ ။
-------------------------- ------------
၇။ အေအေ ထောက်ခံသူတွေကိုတော့ အထူးအထွေ မပြောလိုပါဘူး ။ စစ်တိုက်မယ့် အဖွဲ့ ကို ခင်ဗျားတို့  အားပေးတယ် ။ အခြေချဖို့  လက်ခံတယ် ။ အဲဒီလိုအဖွဲ့ ရောက်လာတော့ စစ်ကလဲ မြန်မြန်ဆန်ဆန်ပဲ လိုက်လာတယ် ။ စစ်နဲ့ အတူ စစ်ရဲ့ အနိဋ္ဌာရုံတွေပါ ကပ်ပါလာတယ် ။ ဒီဖြစ်စဉ်မှာ သဘာဝမကျတာ ဘာရှိသလဲ ။
စစ်ရှိန်မြင့်လျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ မြင့်တယ် ။ စစ်ရှိန် နိမ့်လျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ နိမ့်တယ် ။ စစ်မရှိလျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ မရှိဘူး ။ ရခိုင်မှာ တိုက်ပွဲတွေ မဖြစ်တာ အနှစ် သုံးလေးဆယ် ရှိခဲ့ပြီ ။
လက်နက်ကိုင်တိုက်ပြီးမှ လိုချင်တာကို ရမယ်ထင်လဲ ဆက်လုပ်ကြပေါ့ ။ သို့ သော် အထက်မှာ ဆိုခဲ့သလို စစ်ကိုခေါ်တဲ့ အတွက် စစ်ရောက်လာပြီး စစ်ရဲ့ အနိဋ္ဌာရုံတွေပါ တွဲယူရတဲ့ အခါမျိုးမှာတော့ အရမ်းကြီး မပေါက်ကွဲကြလေနဲ့  ။
-------------------------- -----
ရဲမိုး
photo - မုံးကိုး ၊ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ
တတိယအနေနဲ့  အေအေကို မထောက်ခံသူ ရခိုင်တွေကို ပြန်ရှင်းပြစ်ပြီး အကြောက်တရားနဲ့  အစွန်းရောက်အမျိုးသားရေးစိတ
စတုတ္ထအနေနဲ့  အင်အားစုဖွဲ့ ပြီး နယ်မြေစိုးမိုးဖို့ ၊ အင်အားနည်းတဲ့  တပ်မတော်စစ်ကြောင်းတွေကို အလစ်အငိုက်ယူတိုက်ခိုက်ဖို့  လုပ်တဲ့ အဆင့် ။
ပဉ္စမအနေနဲ့  ဆိုရှယ်မီဒီယာကနေ သတင်းမှားတွေ ထုတ်လွှင့်ပြီး တပ်ရဲ့ လှုပ်ရှားစစ်ဆင်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့  အဆင့်ဆိုပြီး အဆင့်လိုက်တွေ့ ရတယ် ။
--------------------------
၂။ ပထမ ၊ ဒုတိယ နဲ့  တတိယအဆင့်တွေအထိ အထိုက်အလျှောက် အောင်မြင်မှု ရခဲ့ပေမယ့် စတုတ္ထအဆင့် ကျောက်တော် ဗုဒ္ဓေါကျေးရွာဝန်းကျင်တိုက်
အဲဒီနောက်ပိုင်းတော့ ဆိုရှယ်မီဒီယာက အပုတ်ချဖို့ ကြိုးစားတဲ့ အဆင့်လောက်မှာ တန့် နေတယ် ။ တိုက်ကွက် ထပ်ဖော်တာတော့ ဖော်မှာပေါ့လေ ။ သို့ သော် လောလောဆယ်တော့ တပ်ဘက်က တကယ်လဲ ထတီးရော တပ်ရဲ့  Fire Power ကို Shock ရသွားတဲ့  အနေအထားမျိုး ဖြစ်သွားတယ် ။ ဒါက လက်ရှိအနေအထား ။
--------------------------
၃။ မြောက်ဦးဖြစ်စဉ်မှာ တပ်ဘက်က အလကားနေရင်း ပစ်တယ်တို့  ၊ တိုက်ပွဲအတု ဖန်တီးတယ်တို့ ဆိုတဲ့  ပေါတောတော အပြောတွေ ဖောဖောသီသီ ပြောလာတာကို တွေ့ ရတယ် ။
တစ်ယောက်သောသူကတော့ အရွီးလွန်ပြီး တပ်က စည်းကမ်းမဲ့ ပစ်လို့  ကျည်ခွံတွေ သူ့ အိမ်ကို လာမှန်ပါတယ်ဘာညာသာရကာ လုပ်မိတဲ့ အတွက် ကျည်ဆန်မမှန်ဘဲ ကျည်ခွံက မင်းအိမ်ဘယ်လိုမှန်တာတုန်းလ
တကယ့်တကယ်တော့ အိမ်ကို ကျည်ထိတယ်တို့ ၊ အရပ်သား ( အရပ်သားအစစ်လဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ) လက်နက်ကြီးအစမှန်တယ်တို့ ဘာညာတွေဟာ သိပ်ထူးဆန်းလှတယ်တော့မဟုတ် ။ တိုက်ပွဲတွေ ရောက်လာတဲ့ နေရာတိုင်းမှာ အဲဒီ ပြသနာရှိတယ် ။
ဒါကြောင့်လဲ မင်းတို့  စစ်ကို သွားမခေါ်နဲ့  စစ်တကယ်ရောက်လာလျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေဟာ ဖေ့စ်ဘုတ်မှာ ဘယ်မြို့ ကို ကယ်တင်ပါတို့  ဘယ်သူကိုတော့ RIP ပါတို့ ပြောသလောက် မလွယ်ကူဘူး ။ စစ်ဘေးက ပြေးရမယ် ။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်မယ် ။ ကုန်ဈေးနူန်းတွေ ကြီးမြင့်မယ် ။ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့် မယ် ပျက်စီးကုန်မယ် နောက်ဆုံးမှာ မြို့ ပျက်ကြီးတွေပဲ ကျန်ခဲ့တတ်တယ် ။ ဒါတွေဟာ ဖော်မြူလာပဲ ။
ဒါကြောင့် အေအေကို လက်ခံပြီး စစ်ကို သွားမဖိတ်ခေါ်နဲ့ လို့ အစောကြီးကတည်းက အကြိမ်ကြိမ် သတိပေး ရေးခဲ့ဖူးတယ် ။ သို့ သော် သွေးကြွနေတဲ့ အချိန်ဆိုတော့ နားမ၀င်ခဲ့ ။
--------------------------
၎။ မြန်မာနိုင်ငံရဲ့  ဒုတိယမြို့ တော် မန္တလေးတောင် သူပုန်လက်ကျခဲ့ပြီး ရန်ကုန်ကို အင်းစိန်ထိ တက်သိမ်း တစ်နိုင်ငံလုံး မြို့ ပျက်တွေ တောင်လို ပုံခဲ့ရတဲ့ ခေတ်ကို အသာထားပါ ။ လောလောလတ်လတ် ကိုယ်တွေ မျက်မြင်တွေ့ ခဲ့ရသော မြို့ ပျက်တာတွေပဲ တစ်ခုနှစ်ခု ပြောကြည့်ရအောင် ။
၂၀၀၀ပြည့်နှစ် ကျွန်တော် ဒုဗိုလ်ဘ၀ MDA မုန်ဆာလအဖွဲ့ နှစ်ခြမ်းကွဲပြီး တိုက်ကြတော့ တပ်က ၀င်ထိန်းလို့ မရတော့တဲ့ အဆုံး တိုက်ပွဲတွေ ဖြစ်ကြတယ် ။ အဲဒီတုန်းကလဲ မုံးကိုးတစ်မြို့ လုံး ထွက်ပြေးကြရတာပါပဲ ။ ကျွန်တော့်အသက် ၂၃ နှစ်မှာ မြို့ ပျက်တာကို ပထမဆုံး စမြင်ဖူးတာ ။ လူတစ်ယောက်မှ မရှိတော့သော တစ်စပြင် မြို့ ကြီး ။
အဲဒီနောက် အရပ်သားဘ၀ လောက်ကိုင် တိုက်ပွဲဖြစ်တဲ့ အချိန် ၊ လောက်ကိုင်မြို့ ပျက်တာကိုလဲ မျက်မြင်ကြုံခဲ့ရတယ် ။ အားလုံးပျက်စီးကုန်တာပါပဲ ။ မီးလောင်နေတဲ့ နေရာတွေ ၊ ကျည်ဆံရာမွနေတဲ့ ကားတွေ ၊ အာပီဂျီမှန်ထားတဲ့  တိုက်နံရံတွေ ။ တစ်မြို့  လုံး ထွက်ပြေးရတယ် ။ သူပုန်က မြို့ ကိုလာတိုက်တာကိုး ။ မြို့ ထဲမှာ တိုက်ပွဲဖြစ်တော့ ဒီအဖြစ်အပျက်တွေကို ဘယ်ရှောင်လွှဲလို့ ရမလဲ ။
နောက်တစ်ခုက တစ်ကျော့ပြန် မုံးကိုး ။ ပြီးခဲ့တဲ့ နှစ်ပိုင်းက မုံးကိုးကို တစ်ကျော့ပြန် တိုက်ခံရတယ် ။ မုံးကိုးရဲစခန်းက ရဲတွေရော မိသားစုဝင်တစ်ချို့ ပါ ပစ်သတ်ခံရတယ် ။ ပြည်သူ့ စစ်အလောင်းတွေလဲ လမ်းတွေပေါ်မှာ ပြန့် ကြဲနေတာပါပဲ ။ တပ်က စခန်းကတော့ မကျသေးဘဲ ရက်ပေါင်းများစွာ ကြံ့ ကြံ့ ခံနေတယ် ။
အဲဒီမှာလဲ မြို့ ပျက်တာပါပဲ ။ အကုန်ထွက်ပြေးရတယ် ။ ဒေသခံတွေဟာ တစ်ဘက်နိုင်ငံနယ်စပ်မျဉ်းကေ
--------------------------
၅။ မနေ့ က အေအေက ကျော်ဟန်က ရခိုင်ဒေသမှာ ရခိုင်တပ်မတော် နေရာယူရေးဟာ သူတို့ ရဲ့  ရည်မှန်းချက်ပဲလို့ ဆိုတယ် ။
အစိုးရနဲ့ တပ်ကတော့ ရခိုင်ဟာ အဖြူရောင်နယ်မြေ ၊ ဒါကြောင့် လက်နက်ကိုင်အဖွဲ့ တွေ ၀င်နေရာယူတာကို လက်မခံနိုင်ဘူး ။ ဒါကြောင့် လုံခြုံရေးအရ တိုက်ထုတ်ရမယ်ဆိုတဲ့  ပုံစံမျိုး ပြောတယ် ။
နိုင်ငံခြားသတင်းဌာနက အသိသတင်းထောက်တစ်ယောက်ကတော့
သူ့ မေးခွန်းဟာ ရုတ်တရက်ကြည့်လျှင် ဟုတ်သလိုလို ယုတ္တိရှိသလိုလို ဖြစ်နေပေမယ့် ကိုယ်တွေအယူအဆအရတော့ အခြေချခွင့် မရှိတော့ဘူးလို့ ပဲ ပြတ်ပြတ်သားသားဆိုရမယ် ။ ဘာကြောင့်လဲဆိုတော့ အချိန်မှား နေရာမှားပြီး အခြေချဖို့ ကြိုးစားနေလို့ ပဲ ။
အရပ်စကားပြောရလျှင်တော့ ၀မ်းနည်းပါတယ် လူပြည့်သွားပြီ လူကြီးမင်း လို့ ပဲ ဆိုရမယ် ။ ဘယ်လို အချိန်မှား နေရာမှားလဲ ။
--------------------------
၆။ ဘယ်လို အချိန်မှားနေရာမှားလဲဆိုတော
Peace Process ဟာ အလုံးစုံပါဝင်သည် မပါဝင်သည် အသာထား ၊ အပစ်ရပ်လက်မှတ်ထိုးတဲ့ သူတွေ ထိုးပြီးပြီ ။ အေးချမ်းတဲ့  ဒေသတွေလဲ အေးချမ်းသွားပြီ ။ ပေါ်လက်တစ်ကယ် ဒိုင်ယာလော့ကို ဆွေးနွေးသူတွေလဲ ဆွေးနွေးနေပြီ ။ ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုတာကို သဘောတူပြီး ဘယ်လို ဖက်ဒရယ်လဲ စကားပြောနေပြီ ။
ဒီလိုအခြေအနေမှာမှ ငါတို့ က လက်နက်ကိုင်အဖွဲ့ အသစ်တစ်ခုအနေနဲ့  မင်းတို့ သဘောတူတူ မတူတူ ရခိုင်မှာ အခြေချမှာဆိုပြီး စစ်ပွဲတွေကို ထပ်စတော့ အထက်မှာဆိုခဲ့တဲ့  Peace Process ကို ရီးလှန်ပြသလို ဖြစ်နေတယ် ။
ဒါကို လက်ခံလျှင် အဖွဲ့ အားလုံး NCA ထိုးဖို့ မိနစ်ပိုင်းအလိုမှာတောင် ရှမ်းနီတပ်မတော်က မိုးကုတ်မှာ အခြေချမယ်တို့  ၊ ဆလုံတပ်မတော်က မြိတ်ကျွန်းစုကို သိမ်းပိုက်မယ်တို့ ပါ ဆက်လက်ခံရမယ့် အနေအထားပဲ ရှိတော့တယ် ။
၂၁ ပင်လုံကိုပါ ၂၁ ပလုံလို့  နာမည်ပြောင်းရမှာပေါ့လေ ။
--------------------------
၇။ အေအေ ထောက်ခံသူတွေကိုတော့ အထူးအထွေ မပြောလိုပါဘူး ။ စစ်တိုက်မယ့် အဖွဲ့ ကို ခင်ဗျားတို့  အားပေးတယ် ။ အခြေချဖို့  လက်ခံတယ် ။ အဲဒီလိုအဖွဲ့ ရောက်လာတော့ စစ်ကလဲ မြန်မြန်ဆန်ဆန်ပဲ လိုက်လာတယ် ။ စစ်နဲ့ အတူ စစ်ရဲ့ အနိဋ္ဌာရုံတွေပါ ကပ်ပါလာတယ် ။ ဒီဖြစ်စဉ်မှာ သဘာဝမကျတာ ဘာရှိသလဲ ။
စစ်ရှိန်မြင့်လျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ မြင့်တယ် ။ စစ်ရှိန် နိမ့်လျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ နိမ့်တယ် ။ စစ်မရှိလျှင် စစ်ရဲ့ အနိဋ္ဌာရုံတွေ မရှိဘူး ။ ရခိုင်မှာ တိုက်ပွဲတွေ မဖြစ်တာ အနှစ် သုံးလေးဆယ် ရှိခဲ့ပြီ ။
လက်နက်ကိုင်တိုက်ပြီးမှ လိုချင်တာကို ရမယ်ထင်လဲ ဆက်လုပ်ကြပေါ့ ။ သို့ သော် အထက်မှာ ဆိုခဲ့သလို စစ်ကိုခေါ်တဲ့ အတွက် စစ်ရောက်လာပြီး စစ်ရဲ့ အနိဋ္ဌာရုံတွေပါ တွဲယူရတဲ့ အခါမျိုးမှာတော့ အရမ်းကြီး မပေါက်ကွဲကြလေနဲ့  ။
--------------------------
ရဲမိုး
photo - မုံးကိုး ၊ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ
0 comments:
Post a Comment