(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်
တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက် (သဲတောင်ကျောင်း)၊
သုံးထပ်မဟာသိမ်တော်ကြီးအတွက် နဝကမ္မအလှူတော်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်း
၂၆ မတ် ၂၀၁၉၊ ပြင်ဦးလွင်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သော (၇၄)နှစ်မြောက် တပ်မတော်နေ့ကို
ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့၊ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်
(သဲတောင်ကျောင်း) အတွင်း တည်ဆောက်ဆဲဖြစ်သော သုံးထပ်မဟာသိမ်တော်ကြီးအတွက်
စစ်တက္ကသိုလ်မိသားစုမှ နဝကမ္မ အလှူတော်ဝတ္ထုငွေ သိန်း(၁၀၀)ကျပ် ဆက်ကပ်
လှူဒါန်းခြင်း အခမ်းအနားကို ယနေ့
နေ့လယ်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ
မြို့နယ်သံဃနာယကဥက္ကဌ(ရွှေကျင်) ၊ တပ်ဦးမဟာဂန္ဓာရုံ ကျောင်းတိုက် ပဓာနနာယက၊
ဒေါက်တာ ဘဒ္ဒန္တဉာဏောဘာသ(သာသနာ့ဓဇ ဓမ္မာစရိယ) အမှူးပြုသော သံဃာတော်များ
ကြွရောက်တော်မူကြပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် သန္ဓေ အရာရှိ/
စစ်သည်များ၊ သင်တန်းသား အရာရှိများ၊ ဗိုလ်လောင်းများက တက်ရောက်
ကြည်ညိုကုသိုလ်ယူခဲ့ကြောင်း သတင်းရရှိသည်။
Source: စစ်တက္ကသိုလ် သတင်းစဉ်





0 comments:
Post a Comment