တိုင္းျပည္ရဲ႕ကံၾကမၼာ
==============
ႏိုင္ငံျခားသားေတြပဲ ကစားလို႔ရမယ့္ ကာစီႏိုေလာင္းကစားရံုဥပေဒကိ
ႏိုင္ငံျခားသားေတြ ျမန္မာႏိုင္ငံကိုလာတဲ့အခါ ျဖည့္ရတဲ့ ေလဆိပ္္Arrival Card(ဆုိက္ေရာက္ကတ္)နဲ႔ Departure Card(ထြက္ခြာကတ္)ေတြ ကိုလဲ ဖ်က္လိုက္ၿပီ။ ေလယာဥ္ေပၚပါတဲ့သူေတြနဲ႔စာရင
ဦးသိန္းစိန္လက္ထက္က ျမန္မာေငြ ၁၃ သိန္းရွိရင္ ၀ယ္ႏိုင္တဲ့ ေဒၚလာ ၁၀၀၀ တန္ iPhone ေလးေတြလဲ ခုေတာ့ ေဒၚလာေစ်းတက္လို႔ ျမန္မာေငြ ၁၆ သိန္းနီးပါး ျဖစ္သြားၿပီ။
ရုပ္သံမွာ မဲဆြယ္ေတာ့ ဒီ ၃ ႏွစ္အတြင္း ဘယ္ေလာက္တိုးတက္ေနပါတယ္လို႔
လူၾကီးေတြ ကုလသမဂၢပြဲေတြေရွာင္ၿပီး ေဒသတြင္းပြဲေတြေလာက္ပဲ တက္ေနရၿပီ။
ေမွ်ာင္လင့္ခဲ့ၾကတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ မေရာက္လာသလို၊ ဘာစက္ရံု၊ ဘာစီမံကိန္းမွ အေကာင္အထည္မေဖာ္ႏိုင္လို႔ အရင္အစိုးရလက္ထက္ စခဲ့တဲ့ စီမံကိန္းေတြကိုပဲ ကိုယ္လုပ္သလိုမ်ိဳး ဟန္ေဆာင္ျပေနၾကရၿပီ။
ေရႊတိဂံုဘုရားေဂါပကေတြ သူ႔အလုပ္သူလုပ္ေနၾကတာကို ေရႊေတြခိုးလို႔ပါ၊ ေရႊအရည္အေသြးမျပည့္လို႔ပါ ဆိုၿပီး ႏိုင္ငံေရးေအာက္လံုးထိုးတဲ့
(လြတ္လပ္ေရးရၿပီးကာစက စစ္သားကို ႏိုင္ငံေရးအာဏာအတြက္ အသံုးခ်တယ္၊ ၁၉၆၀ ေနာက္ပိုင္းက်ေတာ့ စစ္သားကိုမရေတာ့လို႔ ေက်ာင္းသားနဲ႔ ဘုရားသားေတာ္ သံဃာေတြကို ႏိုင္ငံေရးအတြက္ အသံုးခ်တယ္၊ ၂၀၁၆ ေနာက္ပိုင္းေတာ့ စစ္သားေရာ၊ ဘုရားသားေရာ အသံုးခ်လို႔မရေတာ့ဘူး၊ ေက်ာင္းသားကလဲ လုပ္ခ်င္ရာလုပ္ေနၾကေတာ့ မထိန္းႏိုင္ေတာ့ဘူး။ အဲဒီေတာ့ မလႈပ္ႏိုင္တဲ့ ဘုရားေတြကို အသံုးခ်လာတဲ့သေဘာ)
ျမန္မာျပည္ေအာက္ပိုင္းတစ္ခု
ရန္ကုန္တစ္ကြက္ပဲ က်န္တာေတာင္ အာဏာရူးခဲ့ၾကဖူးတဲ့ ႏိုင္ငံ။
တစ္ႏိုင္ငံလံုး မတည္မျငိမ္ျဖစ္ေနတာထက္ အစိုးရျဖစ္ဖို႔ပဲ ပိုၿပီးအာရံုစိုက္ခဲ့ၾကတဲ့ ႏိုင္ငံ။
ဘယ္ေလာက္ပဲဆူပူမႈေတြ ထပ္ျဖစ္ပါေစ၊ ဖင္ထိုင္ခံုၿမဲေအာင္ေတာ့ ဆက္လုပ္ၾကအံုးမွာပဲ။
ျမန္မာျပည္သူအားလံုး ေဘးရန္ကင္း၊ သြားလမ္းလာလမ္းေျဖာင့္ၾကပါေ
ဦးတိမ္

တိုင်းပြည်ရဲ့ကံကြမ္မာ
==============
နိုင်ငံခြားသားတွေပဲ ကစားလို့ရမယ့် ကာစီနိုလောင်းကစားရုံဥပဒေကိုလဲ အတည်ပြုလိုက်ပြီ။
နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့အခါ ဖြည့်ရတဲ့ လေဆိပ်Arrival Card(ဆိုက်ရောက်ကတ်)နဲ့ Departure Card(ထွက်ခွာကတ်)တွေ ကိုလဲ ဖျက်လိုက်ပြီ။ လေယာဉ်ပေါ်ပါတဲ့သူတွေနဲ့စာရင်းမှန်/မမှန်ကို လေကြောင်းလိုင်းကိုပဲ တာဝန်ယူခိုင်းလိုက်ပြီ။
ဦးသိန်းစိန်လက်ထက်က မြန်မာငွေ ၁၃ သိန်းရှိရင် ဝယ်နိုင်တဲ့ ဒေါ်လာ ၁၀၀၀ တန် iPhone လေးတွေလဲ ခုတော့ ဒေါ်လာဈေးတက်လို့ မြန်မာငွေ ၁၆ သိန်းနီးပါး ဖြစ်သွားပြီ။
ရုပ်သံမှာ မဲဆွယ်တော့ ဒီ ၃ နှစ်အတွင်း ဘယ်လောက်တိုးတက်နေပါတယ်လို့ ရွှန်းရွှန်းဝေအောင်ပြောပေမယ့် ပြည်ပမှာတော့ မြန်မာနိုင်ငံရဲ့တိုးတက်မှုကို ဦးသိန်းစိန်လက်ထက် တိုးတက်မှုတွေနဲ့ပဲ ဥပမာပေး ပြောနေရပြီ။
လူကြီးတွေ ကုလသမဂ္ဂပွဲတွေရှောင်ပြီး ဒေသတွင်းပွဲတွေလောက်ပဲ တက်နေရပြီ။
မျှောင်လင့်ခဲ့ကြတဲ့ ရင်းနှီးမြုပ်နှံမှုတွေ မရောက်လာသလို၊ ဘာစက်ရုံ၊ ဘာစီမံကိန်းမှ အကောင်အထည်မဖော်နိုင်လို့ အရင်အစိုးရလက်ထက် စခဲ့တဲ့ စီမံကိန်းတွေကိုပဲ ကိုယ်လုပ်သလိုမျိုး ဟန်ဆောင်ပြနေကြရပြီ။
ရွှေတိဂုံဘုရားဂေါပကတွေ သူ့အလုပ်သူလုပ်နေကြတာကို ရွှေတွေခိုးလို့ပါ၊ ရွှေအရည်အသွေးမပြည့်လို့ပါ ဆိုပြီး နိုင်ငံရေးအောက်လုံးထိုးတဲ့သူကထိုး၊ အရင်အစိုးရကို မဆီမဆိုင်အပုပ်ချသူကချ၊ မဲရဖို့အတွက် ဘာသာရေးကို အသုံးချနေကြပြီ။
(လွတ်လပ်ရေးရပြီးကာစက စစ်သားကို နိုင်ငံရေးအာဏာအတွက် အသုံးချတယ်၊ ၁၉၆၀ နောက်ပိုင်းကျတော့ စစ်သားကိုမရတော့လို့ ကျောင်းသားနဲ့ ဘုရားသားတော် သံဃာတွေကို နိုင်ငံရေးအတွက် အသုံးချတယ်၊ ၂၀၁၆ နောက်ပိုင်းတော့ စစ်သားရော၊ ဘုရားသားရော အသုံးချလို့မရတော့ဘူး၊ ကျောင်းသားကလဲ လုပ်ချင်ရာလုပ်နေကြတော့ မထိန်းနိုင်တော့ဘူး။ အဲဒီတော့ မလှုပ်နိုင်တဲ့ ဘုရားတွေကို အသုံးချလာတဲ့သဘော)
မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး အင်္ဂလိပ်အသိမ်းခံထားရတဲ့အချိန်မှာတောင် အာဏာလုခဲ့တဲ့နိုင်ငံ၊
ရန်ကုန်တစ်ကွက်ပဲ ကျန်တာတောင် အာဏာရူးခဲ့ကြဖူးတဲ့ နိုင်ငံ။
တစ်နိုင်ငံလုံး မတည်မငြိမ်ဖြစ်နေတာထက် အစိုးရဖြစ်ဖို့ပဲ ပိုပြီးအာရုံစိုက်ခဲ့ကြတဲ့ နိုင်ငံ။
ဘယ်လောက်ပဲဆူပူမှုတွေ ထပ်ဖြစ်ပါစေ၊ ဖင်ထိုင်ခုံမြဲအောင်တော့ ဆက်လုပ်ကြအုံးမှာပဲ။
မြန်မာပြည်သူအားလုံး ဘေးရန်ကင်း၊ သွားလမ်းလာလမ်းဖြောင့်ကြပါစေ။
ဦးတိမ်
0 comments:
Post a Comment