မိတ်ဆွေစစ် မိတ်ဆွေကောင်း..ဆိုသည်မှာ..
===============
-* ပထမကမ္ဘာစစ်က စစ်သားတစ်ယောက်ရဲ့ နှလုံးသားကို
ကြောက်ရွံ့ထိတ်လန့်စရာဖြစ်ေ အာင် လွှမ်းမိုးချုပ်ကိုင်ထား ပါတယ်။
ဘဝတစ်လျှောက်လုံး ခင်မင်ရတဲ့ သူ့မိတ်ဆွေရဲဘော် တိုက်ပွဲထဲမှာ
လဲကျသွားတာ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ခေါင်းပေါ်က
ဖြတ်ကျော်သွားတဲ့ကျည်ဆန်တွေ ၊ အဆက်မပြတ် ပစ်နေတဲ့
သေနတ်သံတွေနှင့်အတူ ကတုတ်ကျင်းတစ်ခုထဲမှာ ပိတ်မိနေပါတယ်။
လဲကျနေတဲ့ရဲဘော်ကို ပြန်သယ်ဖို့ ကတုတ်ကျင်းတွေ
ကြားကထွတ်သွားဖို့ အထက်အရာရှိထံ ခွင့်တောင်းခဲ့ပါတယ်။

** သွားနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးရှိလိမ့်မယ်လို့ မထင်ဘူး။
မင်းသူငယ်ချင်းက သေသွားလောက်ပြီး။
ပြီးတော့ မင်းပါသေ သွားနိုင်တယ် ! ** လို့ အရာရှိက
ခွင့်ပြုရင်း အသိပေး လိုက်တယ်။ သူကတော့ အထက်အရာရှိ၏
သတိပေးစကားကို ကြောင့်ကြမဲ့စွာဖြင့် ထွက်ခွာခဲ့ပါတယ်။
-* သူ့ရဲဘော်အနားရောက်အောင် သွားနိုင်ခဲ့ပါတယ်။
သူ့ကို ပုံခုံးပေါ်ထမ်းပြီး ကတုတ်ကျင်းကို ပြန်သယ်လာခဲ့တယ်။
သူတို့ နှစ်ယောက် ကတုတ်ကျင်းအောက်ခြေကို အတူတကွ လဲပြိုကျ ခဲ့တယ်။
အရာရှိက ဒဏ်ရာရနေတဲ့ရဲဘော်ကို စစ်ဆေးခဲ့ပြီး စွန့်စွန့်စားစား
ကယ်တင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ကြင်နာစွာ ကြည့်ခဲ့ပြီး
** မင်းရဲ့သူငယ်ချင်းက ကျဆုံးသွားပြီး။ ပြီးတော့ မင်းလည်း သေနိုင်လောက်တဲ့ဒဏ်ရာတွေရလာ တယ်။ မင်းအတွက် ဘာအကျိုးရှိလို့လဲ ! **
** အကျိုးရှိပါတယ် ခင်ဗျာ** ရဲဘော်လေးက ပြောခဲ့တယ်။
** ဟုတ်ပါတယ်ခင်ဗျာ ၊ ဒါပေမဲ့ ကျွန်တော် သူ့ဆီရောက်တော့
အသက်ရှင်နေသေးတဲ့အတွက် အကျိုးရှိပါတယ်။
ပြီးတော့ သူငယ်ချင်း မင်းငါကို လာကယ်မယ်ဆိုတာ ငါသိနေတယ်
လို့ ပြောတာကြားခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်။ **
(This Little Light of Mine မှ Special Orders ကို ပြန်ဆိုပါသည်)
=========
စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင်ပါရှိသော ဤဆောင်းပါးကို
ဖတ်ရှုပြီး အချင်းချင်း အားပေးကူညီသော ရဲဘော်စိတ်ထား ရှိကြပြီး
မိတ်ဆွေကောင်းများနှင့်သာ တွေ့နိုင်ကြပါစေကြောင်း
ဂုဏ်ပြုတင်ပြအပ်ပါသည်….
Credit - ဥသြ (ချယ်ရီမြေ)
===============
-* ပထမကမ္ဘာစစ်က စစ်သားတစ်ယောက်ရဲ့ နှလုံးသားကို
ကြောက်ရွံ့ထိတ်လန့်စရာဖြစ်ေ
ဘဝတစ်လျှောက်လုံး ခင်မင်ရတဲ့ သူ့မိတ်ဆွေရဲဘော် တိုက်ပွဲထဲမှာ
လဲကျသွားတာ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ခေါင်းပေါ်က
ဖြတ်ကျော်သွားတဲ့ကျည်ဆန်တွေ
သေနတ်သံတွေနှင့်အတူ ကတုတ်ကျင်းတစ်ခုထဲမှာ ပိတ်မိနေပါတယ်။
လဲကျနေတဲ့ရဲဘော်ကို ပြန်သယ်ဖို့ ကတုတ်ကျင်းတွေ
ကြားကထွတ်သွားဖို့ အထက်အရာရှိထံ ခွင့်တောင်းခဲ့ပါတယ်။

** သွားနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးရှိလိမ့်မယ်လို့ မထင်ဘူး။
မင်းသူငယ်ချင်းက သေသွားလောက်ပြီး။
ပြီးတော့ မင်းပါသေ သွားနိုင်တယ် ! ** လို့ အရာရှိက
ခွင့်ပြုရင်း အသိပေး လိုက်တယ်။ သူကတော့ အထက်အရာရှိ၏
သတိပေးစကားကို ကြောင့်ကြမဲ့စွာဖြင့် ထွက်ခွာခဲ့ပါတယ်။
-* သူ့ရဲဘော်အနားရောက်အောင် သွားနိုင်ခဲ့ပါတယ်။
သူ့ကို ပုံခုံးပေါ်ထမ်းပြီး ကတုတ်ကျင်းကို ပြန်သယ်လာခဲ့တယ်။
သူတို့ နှစ်ယောက် ကတုတ်ကျင်းအောက်ခြေကို အတူတကွ လဲပြိုကျ ခဲ့တယ်။
အရာရှိက ဒဏ်ရာရနေတဲ့ရဲဘော်ကို စစ်ဆေးခဲ့ပြီး စွန့်စွန့်စားစား
ကယ်တင်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ကြင်နာစွာ ကြည့်ခဲ့ပြီး
** မင်းရဲ့သူငယ်ချင်းက ကျဆုံးသွားပြီး။ ပြီးတော့ မင်းလည်း သေနိုင်လောက်တဲ့ဒဏ်ရာတွေရလာ
** အကျိုးရှိပါတယ် ခင်ဗျာ** ရဲဘော်လေးက ပြောခဲ့တယ်။
** ဟုတ်ပါတယ်ခင်ဗျာ ၊ ဒါပေမဲ့ ကျွန်တော် သူ့ဆီရောက်တော့
အသက်ရှင်နေသေးတဲ့အတွက် အကျိုးရှိပါတယ်။
ပြီးတော့ သူငယ်ချင်း မင်းငါကို လာကယ်မယ်ဆိုတာ ငါသိနေတယ်
လို့ ပြောတာကြားခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်။ **
(This Little Light of Mine မှ Special Orders ကို ပြန်ဆိုပါသည်)
=========
စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင်ပါရှိသော
ဖတ်ရှုပြီး အချင်းချင်း အားပေးကူညီသော ရဲဘော်စိတ်ထား ရှိကြပြီး
မိတ်ဆွေကောင်းများနှင့်သာ တွေ့နိုင်ကြပါစေကြောင်း
ဂုဏ်ပြုတင်ပြအပ်ပါသည်….
Credit - ဥသြ (ချယ်ရီမြေ)
0 comments:
Post a Comment