
ဘူးသီးေတာင္ၿမိဳ႕၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္
ေနျပည္ေတာ္ စက္တင္ဘာ ၁ဝ
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ရွိ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေက်ာင္းသား၊ေက်ာင္းသူ ၁၂၁ဝ ဦးတို႔ကို ကေလးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ားႏွင့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ 
ထုိ႔ျပင္ ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပေရးအတြက္ ေက်ာင္းဝင္းအတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ လူသြားလမ္းမ်ားျပဳျပင္ျခင္း၊ ေရစီးေရလာ ေကာင္း မြန္ေစရန္ ေရေျမာင္းမ်ား တူးေဖာ္ျခင္းႏွင့္ ေက်ာင္းဝင္းအတြင္း ျခင္အႏၲရာယ္ ကင္းေဝးေစရန္ ျခင္ေဆးဖ်န္းျခင္းတို႔ကို ဘူးသီးေတာင္တပ္နယ္မွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ စုေပါင္း ေဆာင္ရြက္ေပးသည္။ 
ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗုိလ္မွဴးခ်ဳပ္စိုးတင့္ႏိုင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးၿပီး ဆရာ၊ ဆရာမမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 
ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဘူးသီးေတာင္ၿမိဳ႕ရွိ ေအာင္မဂၤလာ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲေသာဘိတ အမွဴးျပဳေသာ သံဃာေတာ္မ်ားအား သြားေရာက္ဖူးေျမာ္ကာ ဆြမ္းဆန္ေတာ္၊ နဝကမၼအလွဴေငြမ်ား၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ဘူးသီးတောင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁ဝ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ကျောင်းသူ ၁၂၁ဝ ဦးတို့ကို ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လူသွားလမ်းများပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်း မွန်စေရန် ရေမြောင်းများ တူးဖော်ခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်အန္တရာယ် ကင်းဝေးစေရန် ခြင်ဆေးဖျန်းခြင်းတို့ကို ဘူးသီးတောင်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုပေါင်း ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသောဘိတ အမှူးပြုသော သံဃာတော်များအား သွားရောက်ဖူးမြော်ကာ ဆွမ်းဆန်တော်၊ နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment