Tuesday, September 11, 2018

'' ငါးမိနစ္ရရင္ကမ႓ာပတ္လို႔ရတယ္ ''


Academicကာလ သတင္းပို႔မပါ၊တန္းအပ္မရိွတဲ့ေန႔

အာရံုတက္ခ်ိန္ျဖစ္ေနၿပီ ျမဴကခပ္ေရးေရး ပုဇဥ္းရင္ကြဲေတြက ဟိုေအာ္ဒီေအာ္ ငွက္ေတြလဲက်လိက်လိျဖစ္ေနၿပိ
ဒီအသံေတြကလြဲ၍ အရာအားလံုးတိတ္ဆိတ္လ်က္

ျပင္ဦးလြင္ၿမိဳ႕ ရာသီဥတုကသိက်သည့္အတိုင္း
မနက္အေစာဆို ခပ္စိမ့္စိမ့္ေလးေအးေနတတ္တာက 
ေနခ်င္စဖြယ္ 

ကြန္ကရစ္တန္းစီကြင္းႀကီးနဲ႔ ကြင္းေဘးပတ္ခ်ာလည္က ၄ထပ္၅ထပ္ေဆာင္ေတြလဲ မလႈပ္မယွက္အိပ္ေမာက်ေနဆဲ
ေကာ္ရစ္တာမီးေတြကေတာ့ဖြင့္ထားလ်က္

အေဆာင္တိုင္းရဲ႕ ေပၚတီကိုေအာက္မွာက 
1st yr ကင္းသမားႏွစ္ေယာက္ယူနီေဖာင္းအျပည့္အစံုနဲ႔
မ်က္ႏွာခ်င္းဆိုင္လက္ျပည့္လႊဲေနက်တယ္
သံပတ္ေပးထားတဲ့အတိုင္းပဲ စည္းခ်က္က်က်
Combat bootေျခနင္းသံက တိတ္ဆိတ္မွူကုိျဖိဳခြဲ မနက္ခင္းေတးသံသာကိုျဖစ္လို႔ 
2nd yr ကင္းသမားက လက္လႊဲေနသည့္ႏွစ္ေယာက္အား မ်က္စိေဒါက္ေထာက္ႏွင့္ 

1st yr ေဟာထဲ
ေကာ္ရစ္တာမီးကမိွန္မိွန္ေလးေတာ့တိုးဝင္ေနဆဲ
ေဟာထဲရိွသမွ်သူအကုန္ႏိုးေနၿပီ တစ္ဦးတစ္ေယာက္မွမလႈပ္႐ွားေသးၿငိမ္သက္ေနဆဲ
Duty Cadetေတြနဲ႔ အေဆာင္စစ္ေတြကေတာ့ ေမွာင္ရိပ္ခိုလႈပ္႐ွားေနၾကၿပီ
မီးဖြင့္တာနဲ႔ တစ္ပတ္စဥ္လံုးတစ္ၿပိဳင္နက္ႏိုးဖို႔အေရး
အသံတစ္ခုကိုေစာင့္ေနက်တာ.

၀၅၀၀နာရီ
၅နာရီအတိ ေအာက္ကကင္းသမား အားအကုန္နဲ႔ၾကံဳးေအာ္ၿပီ
''အိပ္ယာထခ်ိန္'' သံုးႀကိမ္ၿပီးတာနဲ႔
ေခ်ာက္ခနဲ တိတ္ဆိတ္မႉကိုစၿပီးတပ္လွန္႔လိုက္ၿပီ
ေမွာင္မဲၿငိမ္သက္ေနတဲ့ ေဟာခန္းႀကီး မီးလင္းလာၿပီ
မီးလဲအလင္း ဘယ္ခ်ိန္ထဲကေရာက္ေနလဲမသိတဲ့ 
2nd yr အေဆာင္စစ္ခ်ဳပ္မဂၤလာအခါေတာ္ေပးစၿပီ

''1st yr ေတြမထေသးဘူးလား ဟမ္၊ pt dress ကမလဲရေသးဘူး၊ကစ္ကမခင္းရေသးဘူး၊ဟိုေမာင္ႏွပ္နာလား ဟမ္၊၁က၃ထိရမယ္ ၁..၁ခြဲ၊ဟာလုိက္မလုပ္ဘူး စြရမ္းမ်ားေနၿပီ၊ကိုယ့္areaကိုယ္မသြားေသးဘူးလား၊၃မိနစ္ရမယ္ ေဟာထဲကအကုန္အေပ်ာက္'' စသျဖင့္စသျဖင့္
ဝူးဝါးဝူးဝါးသံုးမိနစ္ရမယ္စကားေတြေအာက္
လြန္ခဲ့တဲ့၅မိနစ္က ၿငိမ္ေနတဲ့ေဟာေလးပြက္ေလာေတြ႐ိုက္ကုန္ၿပီ

မီးလင္းလာထဲက ခ်က္ခ်င္းျခင္ေထာင္ထဲကခုန္ဆင္း
ၾကယ္သီး၂လံုးခန္႔ျဖဳတ္ထားတဲ့ pt dress ဝတ္
ဖိနပ္ႀကိဳးအဆံုးမွာအထံုးထံုး ႀကိဳးအကုန္ေလ်ာ့ထားတဲ့ေတာစီးလည္႐ွည္ကိုလွ်ိဳ
ႀကိဳးကိုတင္းေနေအာင္ဆြဲအၿပီး ႏွစ္မိနစ္
ျခင္ေထာင္၊ေစာင္စိမ္း၊ေခါင္းအုန္း ကစ္တံုးအတြက္က ၂မိနစ္
ဂြမ္းကပ္ကို ကစ္လိပ္ျဖစ္ဖို႔ ဒူးနဲ႔ဖိႀကိပ္လိပ္ေျခရင္းမွာခင္းတာက ၁မိနစ္
အိပ္ယာခင္းဘာညာျပန္႔ျပဴးဖို႔က ၁မိနစ္
Equipment ကိုတစ္စစီျဖဳတ္ၿပီး ေဆးမဲတင္ထားတဲ့ ကစ္ကိုအစဥ္လိုက္ခင္းတာက စကၠန္႔၃၀
အားလံုးအၿပီးေျပးၿပီေလ ကိုယ္ပိုင္areaဆီ ေနာက္က်ေျခေထာက္
သင္တန္းျဖဳတ္ရင္သိမွာဆိုးလို႔ ကိုယ္အထာနပ္လာၿပီ 
ကစ္ညီဖို႔က ေဟာတြင္းarea တာဝန္

Area 
ဘာဧရိယာလဲ သန္႔႐ွင္းေရးareaအစံုပဲ အထပ္လိုက္တံျမက္စည္းလွဲၾကမ္းတိုက္၊
ေရခပ္၊Studyhall၊စာၾကည့္တိုက္၊ဒိုဘီခန္း၊
တပ္ခြဲအဝင္လမ္းတံျမက္စည္းလွဲ၊
စကၠဴပန္းပင္ေအာက္သန္႔႐ွင္းေရး၊အိမ္သာ၊
ေဟာခန္းကစ္ညိွသန္႔႐ွင္းေရး စံုေနတာ
ကိုယ္ေတြ1st yr အကုန္ ကိုယ့္တာဝန္နဲ႔ကိုယ္
2nd yr မ်ားလဲထို႔အတူ
Qတဲ့areaရိွသလို ဖြာတာေတြလဲရိွတယ္
အျမဲတမ္းေတာ့ တစ္ခုထဲပဲမလုပ္ရပါဘူး
အလွည့္က် area ခ်ိန္းေပးတယ္

Area အေရာက္ ၀၅၀၇နာရီေလာက္
သန္႔႐ွင္းေရးလုပ္ငန္းကစလုပ္ၿပီ နားကထပ္စြင့္ေနတယ္ တန္းေပါင္းစီကြင္းကခရာသံကို
Area ေစာေစာၿပီးတဲ့သူကေတာ့ ကြင္းေဘးသြားရပ္ေနရံုပဲ 
ဖြာတဲ့areaသမားကေတာ့ ယက္ထြက္ေနၿပီေလ

၀၅၂၀နာရီ
တန္းေပါင္းစီိကြင္းအလယ္မွ
ရီႊးခနဲ ခရာ႐ွည္သံတစ္ခ်က္ဆြဲလိုက္ၿပ
1st yr,2nd yr,Senior 1ေတြ ေျပးဝင္ 
VC သံနဲ႔ Final yrတပ္ရင္းမႉးျဖဲေနၿပီ
မစံုတဲ့ခြဲေမွာက္ထား ဘာညာ
ဒီၾကားထဲေနာက္က်တာ 1st yr ဆိုရင္ေတာ့
ေနာက္မွာတန္းစီေနတဲ့ 2nd yr squad စီက အသံခပ္သဲ့သဲ့ၾကားရၿပီေလ
''ဟမ္ 1st yr ႏွပ္ေနတာဟလား၊သန္မာမႉေတြမ်ားေနတာေပါ့၊စမ္းတာ၊သင္တန္းျဖဳတ္ရင္၃မိနစ္ရမယ္ၾကားလား၊လႈပ္မေနနဲ႔''...ဘာညာဝူးဝါးဝူးဝါးနဲ႔ စပါပါၿပီ
လူတစ္ေထာင္နီးပါး မိနစ္အနည္းငယ္အတြင္းစံုေလၿပ

၀၅၃၀
တူး.....တူ..တူ..တူ.တူးတူတူးတူတူ 
ေက်ာင္းဗဟိုကင္းမွ စစ္ခရာသံသဲ့သဲ့လြင့္ပ်ံ႔လို
ႏိုင္ငံေတာ္အလံတင္ေနၿပီ
Final yr တပ္ရင္းမႉး Pt ဌာနကိုတန္းအပ္
ၿပီးတာနဲ႔ PTဌာနကစေမာင္းၿပီ
ဒါမဲ့ဒီေန႔မနက္က ရပ္PT အသာအယာပဲ
PTျဖဳတ္ေတာ့ တပ္သုတ္႐ိုက္ေျပးၿပီ

အေသာ့ေလးကုိယ့္areaကိုေျပးၾကည့္သည္ စိတ္ခ်ရၿပီ ေဟာထဲေျပးဝင္ ေရခ်ိဳးဖို႔လဲ
issue တဘက္လည္ပင္းမွာက်စ္ေနေအာင္ဆုပ္ၿပီး ေရခ်ိဳးခန္းကိုေျပး ေအးတာေတြနားမလည္ ဝုန္းဒိုင္းၾကဲခ်ိဳးျပန္ေျပး ညထဲကျပင္ၿပီးခ်ိတ္ထားတဲ့ 
ေကာ္ေတာင့္ကို အလ်င္အျမန္ဂ႐ုတစိုက္ဝတ္
ေကာ္ေတာင့္က်ိဳးလို႔မရ ဒီေန႔က တနၤလာေန႔ဆိုေတာ့ ဝတ္စားဆင္ယင္မႉက ႐ွယ္စစ္မွာ ၿပီးရင္Academic ကသြားရဦးမည္
ၾကာပါသည္ အိတ္ကိုဂ်ိဳင္းၾကားထဲ 
က်စ္ေနေအာင္ညႇပ္ တန္းစီမို႔လုပ္တုန္း
လာျပန္ပါၿပီ အေရးေပၚareaေတြ အေဆာင္စစ္ႀကီးကရိွသည္

ကိုယ္ဘယ္ေလာက္ပဲျမန္ေအာင္တန္းစီစီ
2nd yr အေဆာင္စစ္ခ်ဳပ္ ၿဂိဳလ္သားက ယူနီေဖာင္းအျပည့္နဲ႔ႀကိဳေရာက္ေနၿပီ
စီမံေပးဖို႔အသင့္နဲ့ေရာက္ေနျပီ မွားပါတယ္ဗ်ာ
ဒီၾကားထဲ Intake က ေထႀကီးေတြ၊GPေတြရဲ႕ 
ေသတၱာပိတ္မရလို႔အေပၚကတက္ဖိေပးရတာရိွေသး
ဘယ္ပိတ္ရမလဲ ရိွသမွ်သိမ္းၾကံဳးလံုးထည့္ထားတာကို
ေနာက္area တစ္မ်ိဳး ခပ္ျမန္ျမန္လုပ္ၿပီး
တန္းစီကြင္းေဘးကိုသြားဖို႔ ပတ္ဝန္းက်င္အေျခအေနၾကည့္ရေသးတယ္
တစ္ေယာက္ထဲသြားရပ္ေနရင္ အၾကပ္ခံရမွာစိုးလို႔
တျဖည္းျဖည္းတျခားခြဲက ကိုယ္ေတြ 1st yr အပတ္စဥ္ေတြေရာက္လာေတာ့မွသြားလိုက္တယ္
1st yr ဘဝ အေျပးတက္ဆိုေပမဲ့ တနၤလာေန႔မနက္က်ရင္ ေျပးေတာ့ေျပးတယ္ ဒူးမေကြးရဲဘူး ကားကား ကားကားနဲ႔

တန္းစီသစၥာဆို၊ဝတ္စားဆင္ယင္မႉစစ္၊ၫႊန္ၾကားခ်က္ေတြမွာၾကားၿပီးတာနဲ႔ တန္းျဖဳတ္ေတာ့ breakfast အတြက္ စားရိပ္သာကိုေျပးရျပန္ၿပီ
ထမင္းဝိုင္းက senior ေတြမေရာက္ခင္ အေသာ့ႏွင္
ျပင္ဆင္စရာရိွတာျပင္ဆင္ 
တုန္းေခါက္ေတာ့ သစၥာဆို breakfast စား
ဆားေဆးျပားကေသာက္ရေသး ငံကငန္နဲ႔
ၿပီးတာနဲ႔တန္းစီကြင္းကိုတစ္ဖန္ျပန္ေျပး Academic သြားဖို႔အတြက္ တန္းျပန္စီ
ကြင္းထဲမွာ စစ္တီးဝိုင္းကေရာက္ေနၿပီ
Squad ထဲေရာက္မွ အိတ္ခ်ဆြဲ
စစ္ေၾကာင္းလိုက္ခ်ီတက္ၿပီ ဘင္သံတဒုန္းဒုန္းနဲ႔
စစ္သီခ်င္းေအာ္ဆိုၿပီး သြားေနတုန္း စစ္ေရးျပဌာနက နည္းျပေတြကိုေၾကာက္ရေသးတယ္
စစ္ပံုမက်ရင္ outpass ကပိတ္မဆိုးလို႔
ဟုတ္တယ္ေလ တစ္ပတ္မွတစ္ခါေလးအျပင္ထြက္ရပါတယ္ဆိုမွ
ဒီၾကားထဲsquad ထဲမွာလဲ ပံုလာေအာင္ေလ်ာက္ရေသးတယ္

Academic ေရာက္ေတာ့ Intake လိုက္ 
ကိုယ့္ေမဂ်ာအခန္းကိုသြားက်ၿပီ 
စာသင္ခန္းေရာက္မွ သက္ျပင္းခ် စာေပဂါဒီယမ္ ေတြဆံုတုန္း လြတ္ထြက္ေပါ့ 
စာေပကနည္းျပေတြမလာခင္
လြတ္သာထြက္ရတာ မ်က္လံုးေတြက က်ီးကန္းေတာင္းေမွာက္နဲ႔

ေန႔ခင္းထမင္းစားျပန္ေတာ့လဲ squad လိုက္ပဲ
စားရိပ္သာထဲ ခါးပတ္ခြၽဦးထုပ္ခြၽတ္ စင္မွာခ်ိတ္
ၿပီးတာနဲ႔ ဘာမွလုပ္မေနဘူး ထမင္းဝိုင္းကိုေျပးၿပီ
ထမင္းခူး ပဲဟင္းခပ္ လိုအပ္တာေတြအကုန္ျပင္ေတာ့တာပဲ
သတ္မွတ္ထားၿပီးသား ၃ေထြးႏွစ္ခြက္ကို အျမန္ႀကိတ္ အရင္ဦးဆံုးၿပီးေအာင္စား
ဆားျပားထပ္ေသာက္ရျပန္တယ္
ထြက္ခြင့္ေတာင္း တန္းစီမဲ့ေနရာျပန္ေျပး
ဆက္တိုက္ပဲ

ေန႔လည္ပိုင္း စာျပန္သင္
Academic ျဖဳတ္ တပ္ခြဲျပန္ တန္းစီလူစစ္
PT dress လဲရသမွ်အခ်ိန္အကပ္အသတ္ထဲက 
ခင္းထားတဲ့ကစ္ေတြကိုဖ်က္ study ကစ္ျပန္ခင္း
နက္ျဖန္အတြက္ ျပင္လို႔ရသမွ်ျပင္ 
မနက္ကပါတဲ့သူေတြကလဲ သက္ဆိုင္သူေတြဆီသတင္းသြားပို႔နဲ႔ ေဟာထဲမွာပ်ားပန္းခတ္ေနလ်က္
ၿပီးတာနဲ႔ PT ကြင္းဆီျပန္ေျပး
ဒီညေနက သံုးမိုင္ေျပးရမည္ျဖစ္သည္
ဘယ္မွာထိုး၊လက္ခုပ္စ၊ဘာလုပ္ေနလဲ၊ေလ့က်င့္ေရးသည္စစ္ဆင္ေရး စတဲ့ ေဆာင္ပုဒ္ေတြနဲ႔အတူ
ေက်ာင္းႀကီးကိုတစ္ပတ္ပတ္ပါၿပီ
ေျပးၿပီးကြင္းထဲျပန္ေရာက္ေတာ့ အေၾကာေလ်ာ့၊အိပ္ထမတင္၊လက္ေထာက္ေမွာက္၊
jumping ေတြလုပ္ရင္း 
ထိုး ဆိုတဲ့အသံနဲ႔အတူ က်ား အသားကုန္ေအာ္ၿပီး ကြင္းထဲကေပ်ာက္သြားၾကၿပီ ေနာက္က 2st yr အေဆာင္စစ္ခ်ဳပ္ အသံနဲ႔အတူ
''၁၀မိနစ္ရမယ္ ယူနီေဖာင္းလဲအၿပီးတန္းစီထား''

ဝုန္းဒိုင္းဝုန္းဒိုင္းနဲ႔ယူနီေဖာင္းျပန္လဲ
ရသမွ်အခ်ိန္ကုတ္ကပ္လုပ္ ၅ခြဲတန္းမစီခင္ မ႐ိုးႏိုင္တဲ့area ေနာက္တစ္ခုအျပတ္ျဖတ္ရျပန္ၿပ
ၿပီးမွတန္းစီသစၥာဆို စားရိပ္သာေျပး ညေနစာေလြး
တပ္ခြဲျပန္ အရပ္ဝတ္လဲ 
အရပ္ဝတ္ကလဲမထူးဆန္းပါ
စတစ္ျဖဴ၊တိုက္ပံုျဖဴ၊ပုဆိုး၊သားေရဖိနပ္ ဒါပါပဲ
အက်ႌေတြကေတာ့ ထံုးစံအတိုင္းအေပၚၾကယ္သီးႏွစ္လံုးျဖဳတ္ထားရံုပဲ ခ်ိတ္မွာတစ္ခါထဲခ်ိတ္ထားခဲ့တာ ေသာ့တြဲနဲ႔လက္ကိုင္ပုဝါလဲပါေအာင္စီစဥ္ရေသး သင္တန္းျဖဳတ္ထဲက
ေနာက္တစ္ႀကိမ္areaလာျပန္ၿပီ လုပ္ရေပဦးမေပါ့
၇နာရီမထိုးခင္အထိ

၇နာရီstudyစထိုင္ပါၿပီ
Studyထိုင္ေနတုန္း တပ္ခြဲမႉးအရာရိွက
Study ကစ္လိုက္စစ္ေနေသး
ငိုက္လို႔ရမယ္မထင္နဲ႔ studyေစာင့္စီနီယာရိွတယ္
မငိုက္နဲ႔ကိုယ့္လူ ႐ူးသြားမယ္
Studyလဲျဖဳတ္ ပါတဲ့သူေတြကindividualသတင္းသြားပို႔ 
ျပန္လာေတာ့ေခြၽးတလံုးလံုးနဲ 
၉နာရီေနာက္ပိုင္းက ၁၀နာရီအထိrunေနရတုန္း
First ကင္းက်တဲ့ ကိုယ့္အပတ္စဥ္ႏွစ္ေယာက္ကေတာ့ ယူနီေဖာင္းလဲေနတာေတြ႔ရတယ္

၁၀၀၀နာရီ
ရႊီးခနဲ တာဝန္မႈးရဲ႕ခရာ႐ွည္သံနဲ႔အတူ
မီးပိတ္ခ်ိန္ အသံေတြညံသြားၿပီ
ဗိုလ္ေလာင္းတစ္ကုန္းလံုး ၿပိဳင္တူမီးေတြပိတ္သြားၿပီ
ေကာ္ရစ္တာမီးပဲလင္းေနဆဲ
တာဝန္မႉးလိုက္ ကင္းလိုက္စစ္ေနၿပီ
စစ္ေဆးေမးျမန္းသံေတြ ၾကားေနရၿပီ

ကိုယ္ေတြ1st yr ေဟာထဲက အကုန္လံုးကိုယ္စီ
ျခင္ေထာင္ေတြထဲေရာက္ကုန္ၿပီ
ဒီေန႔ကင္းမပါေတာ့
စိတ္ကူးနဲ႔ခြင့္ျပန္ဖို႔အိပ္ယာထက္မွာခနစဥ္းစားတာ ေက်ာက္ေတာင္ဂိတ္ပဲေရာက္ေသးတယ္
တက်ိဳးထဲအိပ္ေပ်ာ္သြားခဲ့ေလၿပီ...........

႐ိုး႐ိုးပံုမွန္တစ္ေန႔တာကာလေလးပါ
စီနီယာေတြ ဟိုေမးဒီေမး ဟိုေျပာဒီေျပာေတြကို မပါဖို႔တစ္ခ်က္သတိမလြတ္ပဲ ဟုတ္၊မဟုတ္နဲ႔ 
တိုင္ပတ္ခ်င္ေယာင္ေဆာင္ရတာကိုက မေခ်ာင္ပါ
Individual သတင္းပို႔မပါ
Intake လိုက္တန္းအပ္မပါ
က်န္သည့္Intakeၿပိဳင္ပြဲကာလေတြမပါ
စစ္ပညာသင္တဲ့ကာလေတြမပါေသးပါဘူး

က်န္တဲ့အုပ္ခ်ဳပ္မႉကိစၥေတြ
ဘယ္လိုလုပ္လဲဆိုရင္ေတာ့
'' ငါးမိနစ္ရရင္ကမ႓ာပတ္လို႔ရတယ္ '' ေဆာင္ပုဒ္ရိွပါတယ္လို႔ေျဖမိလိုက္ပါတယ္

Maungyin Nga Naing

Image may contain: 7 people, outdoor

Academicကာလ သတင်းပို့မပါ၊တန်းအပ်မရှိတဲ့နေ့

အာရုံတက်ချိန်ဖြစ်နေပြီ မြူကခပ်ရေးရေး ပုဇဉ်းရင်ကွဲတွေက ဟိုအော်ဒီအော် ငှက်တွေလဲကျလိကျလိဖြစ်နေပြီ
ဒီအသံတွေကလွဲ၍ အရာအားလုံးတိတ်ဆိတ်လျက်

ပြင်ဦးလွင်မြို့ ရာသီဥတုကသိကျသည့်အတိုင်း
မနက်အစောဆို ခပ်စိမ့်စိမ့်လေးအေးနေတတ်တာက 
နေချင်စဖွယ် 

ကွန်ကရစ်တန်းစီကွင်းကြီးနဲ့ ကွင်းဘေးပတ်ချာလည်က ၄ထပ်၅ထပ်ဆောင်တွေလဲ မလှုပ်မယှက်အိပ်မောကျနေဆဲ
ကော်ရစ်တာမီးတွေကတော့ဖွင့်ထားလျက်

အဆောင်တိုင်းရဲ့ ပေါ်တီကိုအောက်မှာက 
1st yr ကင်းသမားနှစ်ယောက်ယူနီဖောင်းအပြည့်အစုံနဲ့
မျက်နှာချင်းဆိုင်လက်ပြည့်လွှဲနေကျတယ်
သံပတ်ပေးထားတဲ့အတိုင်းပဲ စည်းချက်ကျကျ
Combat bootခြေနင်းသံက တိတ်ဆိတ်မှူကိုဖြိုခွဲ မနက်ခင်းတေးသံသာကိုဖြစ်လို့ 
2nd yr ကင်းသမားက လက်လွှဲနေသည့်နှစ်ယောက်အား မျက်စိဒေါက်ထောက်နှင့် 

1st yr ဟောထဲ
ကော်ရစ်တာမီးကမှိန်မှိန်လေးတော့တိုးဝင်နေဆဲ
ဟောထဲရှိသမျှသူအကုန်နိုးနေပြီ တစ်ဦးတစ်ယောက်မှမလှုပ်ရှားသေးငြိမ်သက်နေဆဲ
Duty Cadetတွေနဲ့ အဆောင်စစ်တွေကတော့ မှောင်ရိပ်ခိုလှုပ်ရှားနေကြပြီ
မီးဖွင့်တာနဲ့ တစ်ပတ်စဉ်လုံးတစ်ပြိုင်နက်နိုးဖို့အရေး
အသံတစ်ခုကိုစောင့်နေကျတာ.

၀၅၀၀နာရီ
၅နာရီအတိ အောက်ကကင်းသမား အားအကုန်နဲ့ကြုံးအော်ပြီ
''အိပ်ယာထချိန်'' သုံးကြိမ်ပြီးတာနဲ့
ချောက်ခနဲ တိတ်ဆိတ်မှူကိုစပြီးတပ်လှန့်လိုက်ပြီ
မှောင်မဲငြိမ်သက်နေတဲ့ ဟောခန်းကြီး မီးလင်းလာပြီ
မီးလဲအလင်း ဘယ်ချိန်ထဲကရောက်နေလဲမသိတဲ့ 
2nd yr အဆောင်စစ်ချုပ်မင်္ဂလာအခါတော်ပေးစပြီ

''1st yr တွေမထသေးဘူးလား ဟမ်၊ pt dress ကမလဲရသေးဘူး၊ကစ်ကမခင်းရသေးဘူး၊ဟိုမောင်နှပ်နာလား ဟမ်၊၁က၃ထိရမယ် ၁..၁ခွဲ၊ဟာလိုက်မလုပ်ဘူး စွရမ်းများနေပြီ၊ကိုယ့်areaကိုယ်မသွားသေးဘူးလား၊၃မိနစ်ရမယ် ဟောထဲကအကုန်အပျောက်'' စသဖြင့်စသဖြင့်
ဝူးဝါးဝူးဝါးသုံးမိနစ်ရမယ်စကားတွေအောက်
လွန်ခဲ့တဲ့၅မိနစ်က ငြိမ်နေတဲ့ဟောလေးပွက်လောတွေရိုက်ကုန်ပြီ

မီးလင်းလာထဲက ချက်ချင်းခြင်ထောင်ထဲကခုန်ဆင်း
ကြယ်သီး၂လုံးခန့်ဖြုတ်ထားတဲ့ pt dress ဝတ်
ဖိနပ်ကြိုးအဆုံးမှာအထုံးထုံး ကြိုးအကုန်လျော့ထားတဲ့တောစီးလည်ရှည်ကိုလျှို
ကြိုးကိုတင်းနေအောင်ဆွဲအပြီး နှစ်မိနစ်
ခြင်ထောင်၊စောင်စိမ်း၊ခေါင်းအုန်း ကစ်တုံးအတွက်က ၂မိနစ်
ဂွမ်းကပ်ကို ကစ်လိပ်ဖြစ်ဖို့ ဒူးနဲ့ဖိကြိပ်လိပ်ခြေရင်းမှာခင်းတာက ၁မိနစ်
အိပ်ယာခင်းဘာညာပြန့်ပြူးဖို့က ၁မိနစ်
Equipment ကိုတစ်စစီဖြုတ်ပြီး ဆေးမဲတင်ထားတဲ့ ကစ်ကိုအစဉ်လိုက်ခင်းတာက စက္ကန့်၃၀
အားလုံးအပြီးပြေးပြီလေ ကိုယ်ပိုင်areaဆီ နောက်ကျခြေထောက်
သင်တန်းဖြုတ်ရင်သိမှာဆိုးလို့ ကိုယ်အထာနပ်လာပြီ 
ကစ်ညီဖို့က ဟောတွင်းarea တာဝန်

Area 
ဘာဧရိယာလဲ သန့်ရှင်းရေးareaအစုံပဲ အထပ်လိုက်တံမြက်စည်းလှဲကြမ်းတိုက်၊
ရေခပ်၊Studyhall၊စာကြည့်တိုက်၊ဒိုဘီခန်း၊
တပ်ခွဲအဝင်လမ်းတံမြက်စည်းလှဲ၊
စက္ကူပန်းပင်အောက်သန့်ရှင်းရေး၊အိမ်သာ၊
ဟောခန်းကစ်ညှိသန့်ရှင်းရေး စုံနေတာ
ကိုယ်တွေ1st yr အကုန် ကိုယ့်တာဝန်နဲ့ကိုယ်
2nd yr များလဲထို့အတူ
Qတဲ့areaရှိသလို ဖွာတာတွေလဲရှိတယ်
အမြဲတမ်းတော့ တစ်ခုထဲပဲမလုပ်ရပါဘူး
အလှည့်ကျ area ချိန်းပေးတယ်

Area အရောက် ၀၅၀၇နာရီလောက်
သန့်ရှင်းရေးလုပ်ငန်းကစလုပ်ပြီ နားကထပ်စွင့်နေတယ် တန်းပေါင်းစီကွင်းကခရာသံကို
Area စောစောပြီးတဲ့သူကတော့ ကွင်းဘေးသွားရပ်နေရုံပဲ 
ဖွာတဲ့areaသမားကတော့ ယက်ထွက်နေပြီလေ

၀၅၂၀နာရီ
တန်းပေါင်းစီကွင်းအလယ်မှ
ရွီှးခနဲ ခရာရှည်သံတစ်ချက်ဆွဲလိုက်ပြီ
1st yr,2nd yr,Senior 1တွေ ပြေးဝင် 
VC သံနဲ့ Final yrတပ်ရင်းမှူးဖြဲနေပြီ
မစုံတဲ့ခွဲမှောက်ထား ဘာညာ
ဒီကြားထဲနောက်ကျတာ 1st yr ဆိုရင်တော့
နောက်မှာတန်းစီနေတဲ့ 2nd yr squad စီက အသံခပ်သဲ့သဲ့ကြားရပြီလေ
''ဟမ် 1st yr နှပ်နေတာဟလား၊သန်မာမှူတွေများနေတာပေါ့၊စမ်းတာ၊သင်တန်းဖြုတ်ရင်၃မိနစ်ရမယ်ကြားလား၊လှုပ်မနေနဲ့''...ဘာညာဝူးဝါးဝူးဝါးနဲ့ စပါပါပြီ
လူတစ်ထောင်နီးပါး မိနစ်အနည်းငယ်အတွင်းစုံလေပြီ

၀၅၃၀
တူး.....တူ..တူ..တူ.တူးတူတူးတူတူ 
ကျောင်းဗဟိုကင်းမှ စစ်ခရာသံသဲ့သဲ့လွင့်ပျံ့လို့
နိုင်ငံတော်အလံတင်နေပြီ
Final yr တပ်ရင်းမှူး Pt ဌာနကိုတန်းအပ်
ပြီးတာနဲ့ PTဌာနကစမောင်းပြီ
ဒါမဲ့ဒီနေ့မနက်က ရပ်PT အသာအယာပဲ
PTဖြုတ်တော့ တပ်သုတ်ရိုက်ပြေးပြီ

အသော့လေးကိုယ့်areaကိုပြေးကြည့်သည် စိတ်ချရပြီ ဟောထဲပြေးဝင် ရေချိုးဖို့လဲ
issue တဘက်လည်ပင်းမှာကျစ်နေအောင်ဆုပ်ပြီး ရေချိုးခန်းကိုပြေး အေးတာတွေနားမလည် ဝုန်းဒိုင်းကြဲချိုးပြန်ပြေး ညထဲကပြင်ပြီးချိတ်ထားတဲ့ 
ကော်တောင့်ကို အလျင်အမြန်ဂရုတစိုက်ဝတ်
ကော်တောင့်ကျိုးလို့မရ ဒီနေ့က တင်္နလာနေ့ဆိုတော့ ဝတ်စားဆင်ယင်မှူက ရှယ်စစ်မှာ ပြီးရင်Academic ကသွားရဦးမည်
ကြာပါသည် အိတ်ကိုဂျိုင်းကြားထဲ 
ကျစ်နေအောင်ညှပ် တန်းစီမို့လုပ်တုန်း
လာပြန်ပါပြီ အရေးပေါ်areaတွေ အဆောင်စစ်ကြီးကရှိသည်

ကိုယ်ဘယ်လောက်ပဲမြန်အောင်တန်းစီစီ
2nd yr အဆောင်စစ်ချုပ် ဂြိုလ်သားက ယူနီဖောင်းအပြည့်နဲ့ကြိုရောက်နေပြီ
စီမံပေးဖို့အသင့်နဲ့ရောက်နေပြီ မှားပါတယ်ဗျာ
ဒီကြားထဲ Intake က ထေကြီးတွေ၊GPတွေရဲ့ 
သေတ္တာပိတ်မရလို့အပေါ်ကတက်ဖိပေးရတာရှိသေး
ဘယ်ပိတ်ရမလဲ ရှိသမျှသိမ်းကြုံးလုံးထည့်ထားတာကို
နောက်area တစ်မျိုး ခပ်မြန်မြန်လုပ်ပြီး
တန်းစီကွင်းဘေးကိုသွားဖို့ ပတ်ဝန်းကျင်အခြေအနေကြည့်ရသေးတယ်
တစ်ယောက်ထဲသွားရပ်နေရင် အကြပ်ခံရမှာစိုးလို့
တဖြည်းဖြည်းတခြားခွဲက ကိုယ်တွေ 1st yr အပတ်စဉ်တွေရောက်လာတော့မှသွားလိုက်တယ်
1st yr ဘဝ အပြေးတက်ဆိုပေမဲ့ တင်္နလာနေ့မနက်ကျရင် ပြေးတော့ပြေးတယ် ဒူးမကွေးရဲဘူး ကားကား ကားကားနဲ့

တန်းစီသစ္စာဆို၊ဝတ်စားဆင်ယင်မှူစစ်၊ညွှန်ကြားချက်တွေမှာကြားပြီးတာနဲ့ တန်းဖြုတ်တော့ breakfast အတွက် စားရိပ်သာကိုပြေးရပြန်ပြီ
ထမင်းဝိုင်းက senior တွေမရောက်ခင် အသော့နှင်
ပြင်ဆင်စရာရှိတာပြင်ဆင် 
တုန်းခေါက်တော့ သစ္စာဆို breakfast စား
ဆားဆေးပြားကသောက်ရသေး ငံကငန်နဲ့
ပြီးတာနဲ့တန်းစီကွင်းကိုတစ်ဖန်ပြန်ပြေး Academic သွားဖို့အတွက် တန်းပြန်စီ
ကွင်းထဲမှာ စစ်တီးဝိုင်းကရောက်နေပြီ
Squad ထဲရောက်မှ အိတ်ချဆွဲ
စစ်ကြောင်းလိုက်ချီတက်ပြီ ဘင်သံတဒုန်းဒုန်းနဲ့
စစ်သီချင်းအော်ဆိုပြီး သွားနေတုန်း စစ်ရေးပြဌာနက နည်းပြတွေကိုကြောက်ရသေးတယ်
စစ်ပုံမကျရင် outpass ကပိတ်မဆိုးလို့
ဟုတ်တယ်လေ တစ်ပတ်မှတစ်ခါလေးအပြင်ထွက်ရပါတယ်ဆိုမှ
ဒီကြားထဲsquad ထဲမှာလဲ ပုံလာအောင်လျောက်ရသေးတယ်

Academic ရောက်တော့ Intake လိုက် 
ကိုယ့်မေဂျာအခန်းကိုသွားကျပြီ 
စာသင်ခန်းရောက်မှ သက်ပြင်းချ စာပေဂါဒီယမ် တွေဆုံတုန်း လွတ်ထွက်ပေါ့ 
စာပေကနည်းပြတွေမလာခင်
လွတ်သာထွက်ရတာ မျက်လုံးတွေက ကျီးကန်းတောင်းမှောက်နဲ့

နေ့ခင်းထမင်းစားပြန်တော့လဲ squad လိုက်ပဲ
စားရိပ်သာထဲ ခါးပတ်ချွဦးထုပ်ချွတ် စင်မှာချိတ်
ပြီးတာနဲ့ ဘာမှလုပ်မနေဘူး ထမင်းဝိုင်းကိုပြေးပြီ
ထမင်းခူး ပဲဟင်းခပ် လိုအပ်တာတွေအကုန်ပြင်တော့တာပဲ
သတ်မှတ်ထားပြီးသား ၃ထွေးနှစ်ခွက်ကို အမြန်ကြိတ် အရင်ဦးဆုံးပြီးအောင်စား
ဆားပြားထပ်သောက်ရပြန်တယ်
ထွက်ခွင့်တောင်း တန်းစီမဲ့နေရာပြန်ပြေး
ဆက်တိုက်ပဲ

နေ့လည်ပိုင်း စာပြန်သင်
Academic ဖြုတ် တပ်ခွဲပြန် တန်းစီလူစစ်
PT dress လဲရသမျှအချိန်အကပ်အသတ်ထဲက 
ခင်းထားတဲ့ကစ်တွေကိုဖျက် study ကစ်ပြန်ခင်း
နက်ဖြန်အတွက် ပြင်လို့ရသမျှပြင် 
မနက်ကပါတဲ့သူတွေကလဲ သက်ဆိုင်သူတွေဆီသတင်းသွားပို့နဲ့ ဟောထဲမှာပျားပန်းခတ်နေလျက်
ပြီးတာနဲ့ PT ကွင်းဆီပြန်ပြေး
ဒီညနေက သုံးမိုင်ပြေးရမည်ဖြစ်သည်
ဘယ်မှာထိုး၊လက်ခုပ်စ၊ဘာလုပ်နေလဲ၊လေ့ကျင့်ရေးသည်စစ်ဆင်ရေး စတဲ့ ဆောင်ပုဒ်တွေနဲ့အတူ
ကျောင်းကြီးကိုတစ်ပတ်ပတ်ပါပြီ
ပြေးပြီးကွင်းထဲပြန်ရောက်တော့ အကြောလျော့၊အိပ်ထမတင်၊လက်ထောက်မှောက်၊
jumping တွေလုပ်ရင်း 
ထိုး ဆိုတဲ့အသံနဲ့အတူ ကျား အသားကုန်အော်ပြီး ကွင်းထဲကပျောက်သွားကြပြီ နောက်က 2st yr အဆောင်စစ်ချုပ် အသံနဲ့အတူ
''၁၀မိနစ်ရမယ် ယူနီဖောင်းလဲအပြီးတန်းစီထား''

ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ယူနီဖောင်းပြန်လဲ
ရသမျှအချိန်ကုတ်ကပ်လုပ် ၅ခွဲတန်းမစီခင် မရိုးနိုင်တဲ့area နောက်တစ်ခုအပြတ်ဖြတ်ရပြန်ပြီ
ပြီးမှတန်းစီသစ္စာဆို စားရိပ်သာပြေး ညနေစာလွေး
တပ်ခွဲပြန် အရပ်ဝတ်လဲ 
အရပ်ဝတ်ကလဲမထူးဆန်းပါ
စတစ်ဖြူ၊တိုက်ပုံဖြူ၊ပုဆိုး၊သားရေဖိနပ် ဒါပါပဲ
အင်္ကျီတွေကတော့ ထုံးစံအတိုင်းအပေါ်ကြယ်သီးနှစ်လုံးဖြုတ်ထားရုံပဲ ချိတ်မှာတစ်ခါထဲချိတ်ထားခဲ့တာ သော့တွဲနဲ့လက်ကိုင်ပုဝါလဲပါအောင်စီစဉ်ရသေး သင်တန်းဖြုတ်ထဲက
နောက်တစ်ကြိမ်areaလာပြန်ပြီ လုပ်ရပေဦးမပေါ့
၇နာရီမထိုးခင်အထိ

၇နာရီstudyစထိုင်ပါပြီ
Studyထိုင်နေတုန်း တပ်ခွဲမှူးအရာရှိက
Study ကစ်လိုက်စစ်နေသေး
ငိုက်လို့ရမယ်မထင်နဲ့ studyစောင့်စီနီယာရှိတယ်
မငိုက်နဲ့ကိုယ့်လူ ရူးသွားမယ်
Studyလဲဖြုတ် ပါတဲ့သူတွေကindividualသတင်းသွားပို့ 
ပြန်လာတော့ချွေးတလုံးလုံးနဲ့ 
၉နာရီနောက်ပိုင်းက ၁၀နာရီအထိrunနေရတုန်း
First ကင်းကျတဲ့ ကိုယ့်အပတ်စဉ်နှစ်ယောက်ကတော့ ယူနီဖောင်းလဲနေတာတွေ့ရတယ်

၁၀၀၀နာရီ
ရွှီးခနဲ တာဝန်မှုးရဲ့ခရာရှည်သံနဲ့အတူ
မီးပိတ်ချိန် အသံတွေညံသွားပြီ
ဗိုလ်လောင်းတစ်ကုန်းလုံး ပြိုင်တူမီးတွေပိတ်သွားပြီ
ကော်ရစ်တာမီးပဲလင်းနေဆဲ
တာဝန်မှူးလိုက် ကင်းလိုက်စစ်နေပြီ
စစ်ဆေးမေးမြန်းသံတွေ ကြားနေရပြီ

ကိုယ်တွေ1st yr ဟောထဲက အကုန်လုံးကိုယ်စီ
ခြင်ထောင်တွေထဲရောက်ကုန်ပြီ
ဒီနေ့ကင်းမပါတော့
စိတ်ကူးနဲ့ခွင့်ပြန်ဖို့အိပ်ယာထက်မှာခနစဉ်းစားတာ ကျောက်တောင်ဂိတ်ပဲရောက်သေးတယ်
တကျိုးထဲအိပ်ပျော်သွားခဲ့လေပြီ...........

ရိုးရိုးပုံမှန်တစ်နေ့တာကာလလေးပါ
စီနီယာတွေ ဟိုမေးဒီမေး ဟိုပြောဒီပြောတွေကို မပါဖို့တစ်ချက်သတိမလွတ်ပဲ ဟုတ်၊မဟုတ်နဲ့ 
တိုင်ပတ်ချင်ယောင်ဆောင်ရတာကိုက မချောင်ပါ
Individual သတင်းပို့မပါ
Intake လိုက်တန်းအပ်မပါ
ကျန်သည့်Intakeပြိုင်ပွဲကာလတွေမပါ
စစ်ပညာသင်တဲ့ကာလတွေမပါသေးပါဘူး

ကျန်တဲ့အုပ်ချုပ်မှူကိစ္စတွေ
ဘယ်လိုလုပ်လဲဆိုရင်တော့
'' ငါးမိနစ်ရရင်ကမ္ဘာပတ်လို့ရတယ် '' ဆောင်ပုဒ်ရှိပါတယ်လို့ဖြေမိလိုက်ပါတယ်

0 comments:

Post a Comment