Tuesday, September 11, 2018

" သွားပါဦးတော့ "



ငါသာ တက်ခဲ့ရင် အခုဆို


လုပ်ခဲ့ရလဲ




အကိုကြီး - အေး



နားလည်မှာမှ မဟုတ်တာ

" သွားပါဦးတော့ "

Credit Thanhtut Aung


No automatic alt text available.



အကိုကြီး တစ်ယောက် က ပြောတယ်
မင်းတို့ စစ်ဗိုလ် တွေ အထင် ကိုမကြီး ဘူး

သားလတ် - ဟုတ်.. မကြီးပါနဲ့ခင်ဗျ

D S A လေးသုံးနှစ်လောက်တက်
ပြီးရင်တစ်ပွင့် ပြီး တစ်ပွင့်တိုး
ငါသာ တက်ခဲ့ရင် အခုဆို
ဒုဗိုလ်မှူးကြီး ဖြစ်နေပြီ

သားလတ ်- ဟုတ်ကဲ့ပါခင်ဗျ

ပြောစမ်းပါဦး ဘာများပင်ပင်ပန်းပန်း
လုပ်ခဲ့ရလဲ

သားလတ်- ဒါကဒီလိုရှိပါတယ်ခင်ဗျ
အကိုကြီးအိမ်ကထွက်တော့ တစ်သိန်းပါလာတယ်ဆိုပါစို့ 

အကိုကြီး - အေး ဘာဖြစ်လည်း

သားလတ်-လမ်းမှာအဝတ်အစားဝင်ဝယ်တာ
ခုနှစ် သောင်း ကားဆီဖြည့်တာ နှစ်သောင်း
ထမင်းဝင်စားတာ တစ်သောင်းကုန်သွားတယ်

အကိုကြီး - အေး 

သားလတ်- အဲ့ဒီ အချိန်မှာ သူဖုန်းစားကြီး
တစ်ယောက်က ပိုက်ဆံ လာတောင်းတယ်
အရမ်းလည်းပေးချင်နေတယ် ပိုက်ဆံကမရှိတော့ဘူး.. အကိုကြီး အိမ်က ထွက်လာတော့ တစ်သိန်းပါကြောင်း အဝတ်စားဝယ်တာခုနှစ်သောင်း ဆီဖြည့်တာနှစ်သောင်း ထမင်းစားတာ
တစ်သောင်းကုန်ကြောင်း ရှင်းပြမှာလား
သွားပါဦးတော့ လို့ပြောမှာလား

အကိုကြီး- ရှင်းပြလည်း နားလည်မှာမှမဟုတ်တာသွားပါဦးတော့လို့ပဲ ပြောမှာပေါ့ဟ

သားလတ် - အခုလည်းအတူတူပါပဲ
ကျနော် အရမ်းပြောပြချင်ပေမယ့် 
နားလည်မှာမှ မဟုတ်တာ 


" သွားပါဦးတော့ "

0 comments:

Post a Comment