###ယန္းဟီးလီးေတာ့ သြား႐ွာၿပီ၊ ျမန္မာႏိုင္ငံကိုလႊတ္မယ့္ လူမ်ိဳးတုံးသတ္ျဖတ္မႈစြဲခ်က
သူတို႔ကိုျဖဳတ္ပစ္ဖို႔ အာ႐ွ လူ႔အခြင့္အေရးစင္တာက တင္လိုက္တဲ့ အစီရင္ခံစာမွာ ဘက္လိုက္မႈကို အဓိက ေထာက္ျပထားတယ္၊ အထူးသျဖင့္ ရခိုင္မွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာနဲ႔ အခု ၾသဂုတ္လတို႔မွာ လုံျခံဳေရးကင္းစခန္းေတြကို တိုက္ခိုက္ခဲ့တဲ့ ဘဂၤလီအၾကမ္းဖက္ လက္နက္ကိုင္အမည္ကို ထိန္ခ်န္ခဲ့တဲ့အခ်က္နဲ႔ ၿမိဳနဲ႔ ဒိုင္းနက္တိုင္းရင္းသားေတြ သတ္ျဖတ္ခံရတာေတြကို ထိန္ခ်န္ေဖာ္ျပခဲ့တဲ့အတြက္ လူ႔အခြင့္အေရးကိုယ္စားလွယ္တ
Fact-finding mission ေခါင္းေဆာင္ကေတာ့ အေထာက္အထား႐ွာေဖြဆဲအဆင့္မွာ
သူတို႔အမႈေတြကို အခု စက္တင္ဘာ ၁၁ ရက္မွာ က်င္းပမယ့္ ကုလလူ႔အခြင့္အေရးေကာင္စီ ၂၆ ႀကိမ္ေျမာက္ အစည္းအေဝးမွာ တင္ျပၿပီး အေရးယူမွာ ျဖစ္ပါတယ္။
သူတို႔ေတြ အကုသိုလ္ကံ အက်ိဳးေပးခ်ိန္ေရာက္လာတာကေတ
Crd### Copy

ယန်းဟီးလီးတော့ သွားရှာပြီ၊ မြန်မာနိုင်ငံကိုလွှတ်မယ့် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တင်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီက ဖွဲ့ခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ခေါင်းဆောင် အင်ဒီရာ ဆင်းဂ်ကိုပါ အမှုတွဲပြီး ခေါ်သွားပြီ။
သူတို့ကိုဖြုတ်ပစ်ဖို့ အာရှ လူ့အခွင့်အရေးစင်တာက တင်လိုက်တဲ့ အစီရင်ခံစာမှာ ဘက်လိုက်မှုကို အဓိက ထောက်ပြထားတယ်၊ အထူးသဖြင့် ရခိုင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ အခု သြဂုတ်လတို့မှာ လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂလီအကြမ်းဖက် လက်နက်ကိုင်အမည်ကို ထိန်ချန်ခဲ့တဲ့အချက်နဲ့ မြိုနဲ့ ဒိုင်းနက်တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတာတွေကို ထိန်ချန်ဖော်ပြခဲ့တဲ့အတွက် လူ့အခွင့်အရေးကိုယ်စားလှယ်တစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်ကို ချိုးဖောက်ထားကြောင်း ထောက်ပြထားတယ်။
Fact-finding mission ခေါင်းဆောင်ကတော့ အထောက်အထားရှာဖွေဆဲအဆင့်မှာသာ ရှိသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ရှိနေပါပြီလို့ အယ်လ်ဂျာဇီးရားနဲ့လုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့လို့ ဖြစ်ပါတယ်။
သူတို့အမှုတွေကို အခု စက်တင်ဘာ ၁၁ ရက်မှာ ကျင်းပမယ့် ကုလလူ့အခွင့်အရေးကောင်စီ ၂၆ ကြိမ်မြောက် အစည်းအဝေးမှာ တင်ပြပြီး အရေးယူမှာ ဖြစ်ပါတယ်။
သူတို့တွေ အကုသိုလ်ကံ အကျိုးပေးချိန်ရောက်လာတာကတော့ သူတို့ချိုးဖောက်ခဲ့တဲ့ ပြစ်မှုတွေကို စွဲချက်တင်ခဲ့တဲ့ အာရှလူ့အခွင့်အရေးစင်တာက ညွှန်ကြားရေးမှူးဟာ ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ဒိုင်းနက် (ခေါ်) သက် (ခေါ်) ချက်ကမာ Chakma လူမျိုးဖြစ်နေတာပါပဲ၊ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလား၊ အိန္ဒိယနိုင်ငံသားလားတော့ သေချာမသိရသေးဘူး၊ အိန္ဒိယက ဖြစ်ဖို့များပါတယ်၊ သက် ခေါ် ဒိုင်းနက်လူမျိုးတွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ သုံးနိုင်ငံလုံးမှာ ရှိပါတယ်၊ အိန္ဒိယမှာ အများဆုံးဖြစ်ပြီး ၃ သိန်းလောက်ရှိပါတယ်၊ တြိပူရပြည်နယ်မှာ အဓိကလူမျိုးစုကြီး ဖြစ်ပါတယ်၊ မြန်မာမှာ ဒိုင်းနက် သို့မဟုတ် သက်လူမျိုးလို့ ခေါ်ပေမယ့် ဘင်္ဂလားနဲ့ အိန္ဒိယမှာတော့ ချက်ကမာလို့ပဲ ခေါ်ကြပါတယ်။ သကျ သာကီဝင် မျိုးနွယ်စုတွေပါ။
0 comments:
Post a Comment