Monday, September 10, 2018

နာဂေဒသ ေရာဂါထပ္မံျဖစ္ပြားေသာေနရာလည္း တပ္မေတာ္ေဆးပါရဂူေတြေရာက္ျပီ



10-9-2018 By Min Chit Oo
မီဒီယာမ်ားတြင္ ေရာဂါထပ္မံျဖစ္ပြားေသာေနရာသည္ စစ္ကုိင္းတုိင္းေဒသႀကီး၊နာဂေဒသ၊ နန္းယြန္းျမဳိ့နယ္၊ ႐ွန္ဟဲႏုတ္ညဳိအုပ္စု၊ ႐ွန္ဟဲေပၚကြန္ေက်းရြာတြင္ျဖစ္သည္ဟု သိရွိရေသာ္လည္း ေျမျပင္တြင္ စဟီးေပၚကြန္ ေက်းရြာျဖစ္ေျကာင္း သိရွိရပါသည္။

ယခုလက္ရွိေရာဂါျဖစ္ပြားေနသူ ၁၀၀ဦးခန္႔ရွိျပီး တပ္မေတာ္မွပါရဂူေဆးမူးမ်ား နွင့္ နန္းယြန္းျမို႔မွ က်န္းမာေရးဝန္ထမ္း ၄ဦးတို႔ေဆးကုသေရးနွင့္ က်န္းမာေရးေစာင့္ ေရွာက္မႈမ်ားေဆာင္ရြက္ေပးလ်က္ရွိေျကာင္း သိရွိရပါသည္။
အဆုိပါေက်းရြာတြင္ လန္းပန္းေက်းရြာ၌ ျဖစ္ပြားခဲ့ေသာေရာဂါလကၡဏာနဲ႔သ႑န္တူ ေသာ ကေလးငယ္အခ်ဳိ႔မွာ ကိုယ္ခံအားနဲ႔ျပီး ရာသီတုတ္ေကြးေရာဂါမ်ားသာ ျဖစ္ျပီး စိုးရိမ္းစရာမရွိေျကာင္း တပ္မေတာ္သားဆရာဝန္မ်ားပါဝင္ေသာ စစ္ေၾကာင္းမွာလည္း တစ္ရြာဝင္တစ္ရြာထြက္ ေဆးဝါးလိုက္လံကုသေပးလ်ွက္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
နာဂဒေသ ရောဂါထပ်မံဖြစ်ပွားသောနေရာလည်း တပ်မတော်ဆေးပါရဂူတွေရောက်ပြီ
======================================
10-9-2018 By Min Chit Oo
မီဒီယာများတွင် ရောဂါထပ်မံဖြစ်ပွားသောနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊ နန်းယွန်းမြို့နယ်၊ ရှန်ဟဲနုတ်ညိုအုပ်စု၊ ရှန်ဟဲပေါ်ကွန်ကျေးရွာတွင်ဖြစ်သည်ဟု သိရှိရသော်လည်း မြေပြင်တွင် စဟီးပေါ်ကွန် ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။
ယခုလက်ရှိရောဂါဖြစ်ပွားနေသူ ၁၀၀ဦးခန့်ရှိပြီး တပ်မတော်မှပါရဂူဆေးမူးများ နှင့် နန်းယွန်းမြို့မှ ကျန်းမာရေးဝန်ထမ်း ၄ဦးတို့ဆေးကုသရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါကျေးရွာတွင် လန်းပန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောရောဂါလက္ခဏာနဲ့သဏ္ဍန်တူ သော ကလေးငယ်အချို့မှာ ကိုယ်ခံအားနဲ့ပြီး ရာသီတုတ်ကွေးရောဂါများသာ ဖြစ်ပြီး စိုးရိမ်းစရာမရှိကြောင်း တပ်မတော်သားဆရာဝန်များပါဝင်သော စစ်ကြောင်းမှာလည်း တစ်ရွာဝင်တစ်ရွာထွက် ဆေးဝါးလိုက်လံကုသပေးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
#ချင်းတွင်းသား

0 comments:

Post a Comment