


Wednesday, March 13, 2019
TNLA ပလောင်သူပုန်အဖွဲ့က ခိုလုံလီရှောတိုင်းရင်းသားများကို ငွေကြေးတောင်း ပြန်ပေးဆွဲနေမှုအား သတင်းစာရှင်းလင်း
TNLA ပလောင်သူပုန်အဖွဲ့က ခိုလုံလီရှောတိုင်းရင်းသားများကို ငွေကြေးတောင်း ပြန်ပေးဆွဲနေမှုအား သတင်းစာရှင်းလင်း
===============================================
မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာတွင်
TNLA(တအာင်း)လက်နက်ကိုင်တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေး ဒေသအတွင်း ခိုလုံလီရှောတိုင်းရင်းသားများကို လူမျိုးသုဉ်းအောင် လူမျိုးရေးပဋိပက္ခဖြစ်အောင် အတင်းအဓမ္မ ဖမ်းဆီးရိုက်နှက်ချုပ်နှောင်ထားပြီး ငွေကြေးတောင်း၊ ပြန်ပေးဆွဲ၊ ဓားစာခံအဖြစ် လုပ်ဆောင်နေသည်ဟု ဆိုကာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်....
အဆိုပါသတင်းစာရှင်းလင်းပွဲကို TNLA(တအာင်း)လက်နက်ကိုင်တပ်ဖွဲ့ထံမှ ပြန်လွတ်လာသောသူများ၊ ပြန်မ လွတ်သေးသောသူများ၏ မိသားစုဝင်များ၊ခိုလုံလီရှောတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှော မိုးကုတ် ယဉ်ကျေးမှုအဖွဲ့၊ခိုလုံလီရှော ပန်းဆေးလူငယ်အဖွဲ့နှင့် ပန်းဆေး အမျိုးသမီးရေးရာအဖွဲ့တို့မှ ပြုလုပ်ခြင်းဖြစ်ပါတယ်....
credit=
0 comments:
Post a Comment