Friday, March 8, 2019

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် KIA အဖွဲ့တို့က အတင်းအဓမ္မ လူသစ်စု ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် KIA အဖွဲ့တို့က အတင်းအဓမ္မ လူသစ်စု ဖမ်းဆီးခေါ်ဆောင်
--- --- ---

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် KIA အဖွဲ့တို့က အတင်းအဓမ္မ လူသစ်စု ဖမ်းဆီးခေါ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ဝါလုကျေးရွာသို့ မတ် ၆ ရက် နံနက် ၉ နာရီခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၂ဝ ဦးခန့်သည် လက်နက် ငယ်ကိုယ်စီဖြင့် ကျေးရွာ၏ အနောက်ဘက်မှ ရောက်ရှိလာပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ''ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်''အား ချိုးဖောက်၍ ကျေးရွာနေ ဦးကျင်ယူပေါင်း(ဘ)ဦးကျင်ရှောဖူး အပါအဝင် ရှစ်ဦးအား အကြောင်းမဲ့ အတင်းအဓမ္မ လူသစ်စု ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာ၏ အနောက်ဘက်သို့ မွန်းတည့် ၁၂ နာရီခန့်တွင်ပြန်လည်ထွက်ခွာ သွားခဲ့သည်။

အလားတူ TNLA အကြမ်းဖက်သောင်း ကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးနှင့် KIA အဖွဲ့မှ အင်အား ၁ဝ ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်နက်ငယ်ကိုယ်စီဖြင့် မတ် ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ်၊ မန်ကောင်းကျေးရွာ အနီးသို့ရောက်ရှိလာပြီး ကြံလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အရပ်သူ/အရပ်သား ၃ဝ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားပြီး ဦးမင်းဦး(ဘ)ဦးထွန်းသောင်း အပါအဝင် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီးလေးဦး တို့အား ည ၁၁ နာရီခွဲ ခန့်တွင် ပြန်လည်စေလွှတ်ပေးကာ ကျန်သူများအား အတင်းအဓမ္မ လူသစ်စု ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသူများအား ပြန်လည်ရရှိရေးနှင့် နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးစေရေးတို့ အတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credits - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment