Sunday, March 3, 2019

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိ




KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိ

နေပြည်တော် မတ် ၃

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆွတ်မိုင်ယန်ကျေးရွာနေ ဒေါ်လဘန်ခွန်တောင် (ဘ) ဦးလဘန်ဇော်နန်သည် တစ်ရွာတည်းနေ အဖော်သုံးဦးနှင့် အတူ မတ် ၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် တောထဲမှကြိမ်ခုတ်၍ ပြန်လာစဉ် ကဆုန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး ပေါက်ကွဲသဖြင့် ဒေါ်လဘန်ခွန်တောင်သည် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျန်သုံးဦးတွင် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

မိုင်းထိလူနာအား နမ္မတီးပြည်သူ့ဆေးရုံမှ တစ်ဆင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment