မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ တိုက်ပွဲရှောင် ပြည်သူများအား ၎င်းတို့နေရပ်သို့ ဒုတိယ အကြိမ် ပြန်လည် ပို့ဆောင်

နေပြည်တော် မတ် ၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန် ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး အတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများက ဖေဖော်ဝါရီ ၂ဝ ရက် မှ မတ် ၄ ရက်ထိ ကျေးရွာအတွင်းရှိနေအိမ် များ၊ စာသင်ကျောင်းများ၊ သာသနာရေး ဆိုင်ရာ အဆောက် အအုံ များနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား သန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ပေးခြင်း၊ ရေတွင်း၊ ရေကန် များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးဆောင်ရွက်ပေးခြင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါ၍ ၎င်းတို့ ခေတ္တ တည်းခိုနေထိုင် လျက်ရှိ သည့် မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော် စံပြကျေးရွာနှင့် အင်ဂျန်ဒုံရပ်ကွက်တို့မှ အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁ဝ၆ ဦးနှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ၎င်းတို့ ကျေးရွာ များသို့ ဒုတိယ အကြိမ်အဖြစ် ပြန်လည်ပို့ ဆောင်ပေးသည်။
ထို့ပြင် နန်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တိုက်ပွဲရှောင်ပြည်သူများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိ သူ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွား ရောက်တွေ့ဆုံ၍ ကျေးရွာပြန်လည် ထူထောင်ရေးအတွက် တိုက်ပွဲ ရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများကို ပေးအပ်ရာ အိမ်ထောင်စုဝင် အသီးသီးက လက်ခံရယူပြီး တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းတိုက်ပွဲရှောင် ပြည်သူများအား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ စိန်လ်ပေါ ဘုရားကျောင်း ၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
credit-
0 comments:
Post a Comment