Friday, March 8, 2019

"ထို့ကြောင့်...သူတို့ ရဲကြသည်"

"ထို့ကြောင့်...သူတို့ ရဲကြသည်"
=======================

Image may contain: one or more people, sky and outdoor 
 သူတို့အသိက ရိုးရိုးလေးပါ...

ရှေ့မှာရန်သူ
နောက်မှာ တိုင်းပြည်.....

ဒီအရာ နှစ်ခုကြားက
ဒိုင်း လို ကာနေတဲ့လူသားတွေ....

သူတို့မှာ ပေးဆပ်မှုအတွက်
ဘာမျှော်လင့်ချက်မှ မရှိဘူး....

နီရဲတဲ့သွေးတွေ အပြည့်နဲ့
ရိုးရိုးသားသားရဲနေကြတဲ့သူတွေ..

ရှေ့တူရူ ကနေ
ပစ်နေတဲ့ ကျည်ဆန်တွေ ကြား
ရင်ကိုဖွင့်ပြီး ဝင်သွားဖို့ဆိုတာက...

သိပ်ကို ရိုးရှင်းတဲ့ အတွေးအခေါ် ပါပဲ...

ထိရင် သေမယ်ဆိုတာလည်းသိတယ်...
သွေးထွက်သံယို ဖြစ်မှာလည်း
သူတို့သိနေပါတယ်

ဒီလို အခြေအနေတွေကြားထဲက
အရင်ကလည်း
ကျည်ဆန်တွေ ကြားထဲသူတို့ရဲခဲ့တယ်
အခုလည်း ရဲနေဆဲပါပဲ...

နောက်လည်း ရဲနေဦးမှာပါပဲလေ....

သူ့တို့ကို ရဲရင့်စေတဲ့
တစ်ခုတည်းသော တွန်းအား က
သူတို့ချစ်တဲ့ ဒီမြေ ဒီရေ...ဒီနိုင်ငံကြီး ပါပဲလေ....

သူတို့နိုင်ငံကို နှလုံးသားနဲ့ အတိ
့မြတ်နိုးတယ်ဆိုတာထက်
ပိုသေးတဲ့ လူသားတွေ........

ထို့ကြောင့်... သူတို့...ရဲကြသည်....

ထို့ကြောင့်.......ရဲခဲ့ကြပါသည်....။

.....ကပ္ပတိန်ဝန......

0 comments:

Post a Comment