လောဒန်စခန်းကုန်းတိုက်ပွဲမှသူရဲကောင်း သို့မဟုတ် တကကဇော်ဝင်းထွန်း ကျဆုံး။
ကချင်ပြည်နယ်စစ်ဆင်ရေးပြန်စပြီးသကာလ Kia စခန်းများ ကိုတပ်မတော်မှရှင်းလင်း တိုက်
ခိုက်ချိန် ၂၀၁၁ ခုနှစ် နှစ်စပိုင်း ကာလဖြစ်ပါ
တယ်။

ခလရ ၅၆ အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာန
ချုပ်နယ်မြေ ရှိkia စခန်းများအား တိုက်ခိုက်သိမ်းပိုက်နေသည့်ကာလ အတွင်းဖြစ်စဉ်များထဲမှ ပေ ၃၀၀၀ ကျော်မြင့်သော လောဒ န် စခန်းအား
တိုက်ခိုက်ခဲ့ပါတယ်။
စခန်းသို့ခေတ္တတပ်ရင်းမှူးဦးစီး ခွဲ ၂ခွဲဖြင့်ချီတက်စဉ် ချီတက်ရာလမ်းကြောင်းတစ်လျှောက်kia များအနေဖြင့် လမ်းဘေး ဝဲယာတွင် ကတုတ်
များပြုလုပ်ပြီး ဟန့်စစ်ဆင်ခြင်း ခြုံခိုတိုက်
ခိုက်ခြင်းများပြုလုပ်ခဲ့ပါတယ်။
တပ်ရင်းမှ အရာရှိစစ်သည်များ၏ ကျည်ရောက်
လူရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဟန့်တားနေသော kia အဖွဲ့များတပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။
တပ်ရင်း၏ ရည်မှန်းချက် လောဒန်စခန်းကုန်းသို့ စတက်တက်ရောက်ချိန်တွင် kia အင်အား
၈၀ ခန့်မှ စခန်းပေါ်တွင်အပိုင်နေရာယူပြီး
တရုပ်စက်လတ် ပျွိင့် ၅ စက်သေနတ်ကြီးများဖြင့်
ပုံသေ ပစ်မှတ်ထားပြီး ဆက်မတိုးနိုင်အောင်
လက်ယှက် ထိုးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရန်သူ မှ ပုံသေ ပစ်ခတ်မှုကြောင့်စစ်သည်များ ဒဏ်ရာရရှိခဲ့ပြီးခေါင်းမဖော်နိုင်အောင် ရန်သူမှပစ်ခတ်သဖြင့်စစ်သည်များရှေ့မတိုးနိုင်ဘဲဖြစ်ခဲ့
ရ ပါတယ်။
အဲဒီအချိန်မှာ ပွိုင့်တပ်ခွဲမှူးမှ တပ်ကြပ်ကြီး
ဇော်ဝင်းထွန်းဦးစီးတပ်စိတ်အားရန်သူ့စက်
လတ်နှင့် ပွိုင့် ၅စက်သေနတ်ကြီးပစ်ခတ်နေ
သည့်နေရာကိုချေမှုန်းရန်စေလွှတ်ခဲ့ပါတယ်။
ရန်သူနေရာသို့ဆရာကြီးဇော်ဝင်းထွန်းဦးစီး
တပ်စိတ်အနီးကပ်ချဉ်းကပ်စဉ် ရန်သူ
စက်လတ်ပစ်ခတ်မှုကြောင့် မိမိစစ်သည်များ
ဒဏ်ရာရခဲ့ပါတယ်။ ဆရာကြီးကိုယ်တိုင်လည်းရန်သူလက်နက်ကြီးစ ဦးခေါင်းထိမှန်ခဲ့ပြီး
ဒဏ်ရာ ခဲ့သော်လည်းမိမိစစ်သည်များ အ
သက်အ တွက် တပ်သားချစ်ဟ န်အား
နောက်ကဆွဲချကယ်တင်ရန်အမိန့်ပေးပြီး
ဒဏ်ရာကိုလည်စည်းနှင့် စီးပြီး ဆက်တက်ကာ
တိုက်ပွဲဝင်ခဲ့ပါတယ် ။
ဆရာကြီးဇော်ဝင်းထွန်းနောက်မှပါလာသော
တပ်ခွဲသည်ထပ်မံလူများဖြည့်ပေးပြီး ရန်သူ များပစ်ခတ်နေသည်ကြားကထပ်ချပ်မကွာလိုက်ပါ လာပါတယ်။
ဆရာကြီးဇော်ဝင်းထွန်းနှင့် လက်ရွေးစင်တပ်
စိတ်သည်ရန်သူနှင့် နီးနိုင်သမျှနီး အောင်တက်
ပြီး ရန်သူစက်လတ်တည်နေရာများသို့ ၄၀မမ
ဒုံးပစ်လောင်ချာဖြင့်ပစ် ခတ်ခြင်း ရန်သူ စိတ်
ခြောက်ခြားစေရန်အတွက် တပ်အမှတ်များကို
အော်ပြီး ကျားထိုးတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ပါ
တယ်။
အနီး ကပ်ကြား လိုက်ရသော အသံများ
အမြောက်တပ်မှအချိန်ကိုက်ပစ်ခတ်လိုက်သော
အမြောက်ကျည်များရန်သူစခန်းအတွင်းသို့
ကျရောက်ပေါက်ကွဲခဲ့ပြီး ရန်သူများသွေးပျက်ခဲ့ ပြီး စခန်းအနောက်ပိုင်းတာဝန်ယူထားသော
ရန်သူတစ်ချို့  ကိုယ်လွှတ်ရုန်းထွက်ပြေးကြပါ
တယ်။
ဆရာကြီးဇော်ဝင်းထွန်းသည် သူရဲကောင်းစိတ်ဓါတ်ဖြင့်စစ်သည်များ စိတ်ဓါတ်တက်ကြွစေ
ရန် ရှေ့ဆုံးမှ အမ်အေ၄ သေနတ်ဖြင့်ပစ်တက်
တက်ခဲ့ရာ ရန်သူစက်လတ်ကျည်ကြောင့် ညာဘက်လက်မောင်းပြတ်ထွက်ခဲ့ပါတယ်။
ညာဘက်လက်ပြတ်ထွက်သော်လည်း သူရဲကောင်းစိတ်ဓါတ်ဖြင့် ဘယ်ဘက်လက်ဖြင့်
သေနတ်ကိုကိုင်ကာ တပ်စိတ်ကိုကွပ်ကဲပြီး
ပစ်တက်တက်ကါ စခန်းကုန်းရအောင်
အသက်ကိုပဓါနမထားဘဲသူရဲကောင်း
စိတ်ဓါတ်ဖြင့်ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
မိမိတပည့်များကို ပစ်တက်တက် ဆိုတဲ့အမိန့်ပေးပြီးသူကိုယ်တိုင် လက်တစ်ဖက်တည်းဖြင့်
ပစ်ခတ်ကာ ရန်သူများကို ဘီလူးသဘက်စီး
သလို အတင်းတက် အတင်းပစ်ခတ်တိုက်ခိုက်
ခဲ့သဖြင့် ရန်သူများ ဘန်ကာတွေမှ ထွက်
ပြေးခဲ့ရပါတယ်။
ထိုသို့တက်ရောက်ချေမှုန်းစဉ် ရန်သူ့စခန်း
အနောက်ဘက်မှ ဆုတ်ခွာနေသော ရန်သူများ ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံး
ဆရာကြီးဇော်ဝင်းထွန်း ကိုယ်ပေါ်တို က်
ရိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများနေရာအနှံ ပြန့်ကျဲကာ
သူရဲကောင်းတပ်ကြပ်ကြီးဇော်ဝင်းထွန်းကျဆုံးသွားခဲ့ပါတယ်။
လောဒန်စခန်းကုန်းအား တပ်မတော်မှ
အောင်မြင်စွာတက်ရောက်သိမ်းပိုက်ခဲ့ပြီး
မြန်မာနိုင်ငံတော်အလံကိုလွှင့်ထူနိုင်
ခဲ့ပါပြီ။
မိမိဘက်မှတပ်ကြပ်ကြီးဇော်ဝင်းထွန်းအပါအ
ဝင်၅ဦးကျဆုံးခဲ့ပြီးဒဏ်ရာရအနေဖြင့် ၁၂ဦး
ရှိခဲ့ပါတယ်။
ကျဆုံး ၅ ဦးလုံးမှာ တိုက်ပွဲကို ရှေ့ဆုံးမှ
တက်ရောက်တိုက်ခိုက်ခဲ့သော တပ်ကြပ်ကြီး
ဇော်ဝင်းထွန်း၏အသေခံတပ်စိတ်မှစစ်သည်
များသာဖြစ်တယ်ဆိုတာတော့ သိကြမှာပါ။
လောဒန်ကုန်းပေါ်မှ နိုင်ငံတော်အလံကို သူတို့ ၅ ဦးတို့ရဲ့ဝိဥာဉ်တွေကိုဂုဏ်ယူစွာကြည့် နေ
ကြမှာပါ။ အလေးပြုနေကြမှာပါ။
တပ်ကြပ်ကြီးဇော်ဝင်းထွန်းနှင့် တပ်သား
ချစ်ဟန်တို့ကိုဂုဏ်ပြုတဲ့အနေနဲ့ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်း
လက်မှတ်ကို နိုင်ငံတော်ကချီးမြှင့်ခဲ့ပါတယ်။
နိုင်ငံတော်ဘွဲ့ထူးများချီးမြှင့်တဲ့ အခမ်းအနားသို့တပ်ကြပ်ကြီးဇော်ဝင်းထွန်း ရဲ့ သမီး
မငြိမ်းချမ်းနေခြည် ၈ နှစ်ကအုပ်ထိန်းသူ
အဒေါ်ဖြစ်သူဒေါ်တင်တင်နဲ့အတူတက်ရောက် ခဲ့ပါတယ်။
သူအဖေဟာ သူရဲကောင်း တစ်ယောက်ဆိုတာကို ဂုဏ်ပြုတံဆိပ်လေး မြင်တိုင်းသူသတိရေ.နမှာပါ။
နိုင်ငံတော်နှင့်ပြည်သူများအား ကာကွယ်ရင်း
ကျဆုံးသွားကြသော စစ်သည်တော်များအတွက်
ဂုဏ်ပြု ရေးသားလိုက်ရပါတယ်။
မှီငြမ်းချက်____
တပ်မတော်ဘွဲ့ထူးဂုဏ်ထူးများ အခမ်းအနား။
စစ်မှတ်တမ်းများ။
ခလရ ၅၆ တပ်သမိုင်း။
တပ်ကြပ်ကြီးဇော်ဝင်းထွန်း၏ စွမ်းစွမ်းတမံ
ဆောင်ရွက်ချက်များ တင်ပြသည့်အမှုတွဲ။
နေ့စဉ်အစီရင်ခံစာများ။
Arkar moe.
မူရင်း photo crd.
0 comments:
Post a Comment