Monday, March 4, 2019

ကျွဲကူး ရေပါ

Image may contain: 5 people, suit

ကျွဲကူး ရေပါ
========
ဘယ်ပုဒ်မကိုပြင်မှာလဲဆိုတော့
ပုဒ်မ ၆(စ) တဲ့
လွှတ်တော်က ၂၅% ထွက်သွားပါတဲ့။

၂၅% ထွက်ရင်
ပုဒ်မ ၄၂(ခ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့
၄၂(ခ) ပြင်လိုက်ရင်
ကိုကိုးကျွန်းကြီးပေါ်မှာ USA တပ်တွေရောက်လာမှာပေါ့

၂၅% ထွက်သွားရင်
ပုဒ်မ ၅၂ ကိုဖျက်လိုက်မှာပေါ့။
ဒါဆိုရင်
ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာနယ်မြေ သတ်မှတ်ဘို့ လွယ်သွားမှာပေါ့

၂၅% ထွက်သွားရင်
ပုဒ်မ ၅၉(စ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့
၅၉(စ) ပြင်လိုက်ရင်
ဘာသာခြားတွေရဲ့ဓါတ်ပုံ အိမ်ဦးခန်း မှာ ချိတ်ရမှာပေါ့

၂၅% ထွက်သွားရင်
ပုဒ်မ ၃၆၁ ကိုဖြုတ်လိုက်မှာပေါ့
ဒါဆိုရင်
ဘာသာခြားဘာသာတွေက ထိပ်ဆုံးရောက်ပြီး
ဗုဒ္ဓဘာသာက အောက်ဆုံးမှာပေါ့

အခု ပုဒ်မတွေက
အမျိုးဘာသာသာသနာနှင့် တိုင်းပြည်အကျိုး အတွက်
ပြဌာန်းထားတဲ့ ပုဒ်မတွေပေါ့

ရေသောက်မြစ်ဖြစ်တဲ့
အနှစ်သာရဖြစ်တဲ့ ပုဒ်မ ၆ ကိုသာ ပြင်လိုက်ရင်
မြန်မာလူမျိုးများ ရဲ့ အမျိုးဘာသာသာသနာကို ကာကွယ်တဲ့ ပုဒ်မတွေဟာ
အလိုလို ဖျက်ပြီးသား ဖြစ်သွားပြီပေါ့။

ကျွဲကူးရေပါပေါ့။

အံ့သြတယ်

ချင်းတိုင်းရင်းသား
ခရစ်ယာန် ဘာသာကိုးကွယ်သူက
တိုင်းပြည်၊ လူမျိုး ၊ ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေချိန်မှာ

ဗမာလူမျိုး ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေက
တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာကို ဖျက်ဆီးရေး လုပ်နေတာ။
ကျွဲကူး ရေပါတဲ့။

Siemeeai. Eai


0 comments:

Post a Comment