
အလင်းထဲက လူက
အမှောင်ထဲက လူကို
မမြင်နိုင်ဘူး ......
အမှောင်ကို အားကိုးပြီး
လက်သီးပုန်းထိုးနေတဲ့
သောင်းကျန်းသူတွေ
မြန်မာနိုင်ငံမှာရှိတယ် ......။
စစ်ဆိုတာကို စိန်ခေါ်ပြီး
ပြောင်မတိုက်ရဲလို့
အမျိုးကို ခုတုံးလုပ်ပြီး
မိန်းမကျင့် မိန်းမကြံနဲ့
သောင်းကျန်းသူတွေ
မြန်မာနိုင်ငံမှာရှိတယ် .......။
သောင်းကျန်းသူကို ကာကွယ်ပေးပြီး
နိုင်ငံကို ရောင်းစားချင်တဲ့
နိုင်ငံရေးသမားတွေ
မြန်မာနိုင်ငံမှာရှိတယ် ...... ။
မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး
တိုင်းရင်းသားတွေ အားလုံး စည်းလုံးမှာကို
ကြောက်တဲ့ တိုင်းတပါးသားတွေလည်း ရှိတယ် ...... ။
ရှိတယ် ရှိတယ် .......
ကျုပ်တို့နိုင်ငံမှာ
ဟင်္သာ ကိုးသောင်းဇတ်ကို ပုံဖော်နေတဲ့လူတွေရှိတယ်။
-မိုးဟိဏ်း-
0 comments:
Post a Comment