RCSS နဲ့ TNLA +SSPPတိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂.၉.၂၀၁၈
■ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ
မနေ့ညက RCSS/SSA နဲ့ TNLA +SSPPတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး
ပစ်ခတ်မှုတွေကြောင့် ပန်လုံရွာသားနှစ်ဦး
သေနတ်ဒဏ်ရာရရှိခဲ့သလို
ရွာလုံးကျွတ်လည်း သီပေါမြို့ပေါ်ကို
ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
ပန်လုံရွာထဲမှာ မနေ့ည ၇ နာရီခွဲဝန်းကျင်
လောက်မှာ ပစ်ခတ်ကြတာဖြစ်ပြီး ဒေသခံ
တစ်ဦးဖြစ်တဲ့ အသက် ၅၄ နှစ်ရှိ ဦးစံထွန်းရဲ့ ရင်ဘတ်ကို
တိုက်ပွဲကလာတဲ့ သေနတ်ကျည် ထိမှန်ခဲ့ပြီး
အသက် ၂၅ နှစ်အရွယ်ရှိ ရွာသား စိုင်းမူရဲ့ ညာဖက်လက်ဖျံကို
ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူနှစ်ဦးဟာ လက်ရှိ သီပေါဆေးရုံမှာ
ဆေးကုသနေပြီး မန္တလေးဆေးရုံကိုပို့ဖို့
စီစဉ်နေတယ်သိရပါတယ်။
သီပေါမြို့မှာရှိတဲ့ မန်လီကျောင်း စတဲ့
ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုး
တွေအိမ်မှာ ခိုလှုံနေကြသူတွေ
ရှိနေတယ်လို့လည်း သတင်းရရှိ။
#ရ;င်းနော် inter


0 comments:
Post a Comment