Friday, September 14, 2018

Final yearဆီကိုသြားျပန္သတင္းပို႔

တစ္ခ်ိန္တုန္းက ၾကားဖူးခဲ့တဲ့ျဖစ္စဥ္ေလးတစ္ခုရွိတယ္....
ဗိုလ္ေလာင္းေလးတစ္ေယာက္ သူ႔ရဲ႕အဖိုးက တပ္မေတာ္အစိုးရလက္ထက္မွာ ထိပ္တန္းအရာရွိႀကီးတစ္ေယာက္ေပါ့.....

တစ္ရက္.......ေက်ာင္းကို ဒုခ်ဳပ္လာတယ္ စီနီယာအပတ္စဥ္ကို စစ္လက္ရံုးေရြးဖို႔အတြက္ေပါ့ အဲ့မွာ သူ႔အဖိုးလဲပါလာတယ္....
စစ္လက္ရံုးဒုတိယေျမာက္ေန႔နဲ႔တူတယ္ ...
သူ႕အဖိုးကသူ႔ေျမးကိုေတြ႕ခ်င္လို႔ ဗိုလ္ေလာင္းကုန္းဖက္ကို လံုၿခံဳေရးေတြ PSOေတြတစ္ေယာက္မွမပါပဲတစ္ေယာက္ထဲကားေမာင္းၿပီးတက္လာတယ္.....
ဗိုလ္ေလာင္းကုန္း သူ႔ေျမးတပ္ခြဲေရွ႕ေရာက္ေတာ့ တပ္ခြဲမႈးကိုေခၚတယ္
တပ္ခြဲမႈးဗိုလ္ႀကီးက်ေနာ္ ဗိုလ္ေလာင္း---------နဲ႔ေတြ႕ခ်င္လို႔ပါဗ်ာဆိုၿပီးေခၚခိုင္းတယ္....
အဲ့ဒါနဲ႔တင္တပ္ခြဲမႈးအရာရွိကလဲ သူေခၚခိုင္းတဲ့ဗိုလ္ေလာင္းတစ္ေယာက္ကိုေခၚခိုင္းလိုက္တယ္၊ ဒီလူႀကီးဘယ္သူဆိုတာေတာ့တပ္ခြဲမႈးလဲေသခ်ာေတာ့သိပံုမရ .....

ခနေနေတာ့သူ႔ေျမးဆင္းလာတယ္...
တစ္ကိုယ္လံုးမွာ အုတ္နီခဲေျမမႈန္ေတြေပပြၿပီး တစ္ကိုယ္လံုးနီရဲေနတာပဲ
ေလးလံုးပတ္နဲ႔ အေပၚဆံုးထပ္ေနာက္ျခမ္းမွာ ကိုယ့္လူကေအာင္ျမင္ေနတာကိုး.....
အဲ့ဒါနဲ႔တင္သူ႔အဖိုးက ေဟ့ေကာင္မင္းပံုစံကဘာျဖစ္ေနတာတုန္းဆိုေတာ့
က်ေနာ္လက္၀ါးျဖန္႔လမ္းေလွ်ာက္မိတာFinal year နဲ႔သတင္းပို႔ပါသြားလို႔ အေပၚဆံုးထပ္ေနာက္ျခမ္းမွာ ေလးလံုးပတ္ (အုတ္ခဲ၄လံုးေက်ာပိုးအိတ္ျဖင့္ထုပ္ထားျခင္း)နဲ႔ ဂြ်မ္းထိုးေနရတယ္လို႔ျပန္ေျဖတယ္ ....
အဲ့အခ်ိန္မွာ အဲ့လူႀကီးရဲ႕ PSOေတြဘာေတြေနာက္ကေရာက္လာတယ္
တပ္ခြဲမႈးအရာရွိလဲ ဒီလူႀကီးဘယ္သူဆိုတာသိသြားေတာ့ပ်ာပ်ာသလဲနဲ႔ ....
တပ္ခြဲမႈးထင္တာေတာ့သူျပႆနာတက္ေတာ့မယ္ေပါ့....
တကယ္ေတာ့တပ္ခြဲမႈးအတြက္မထင္မွတ္တဲ့အမိန္႔တစ္ခုကိုအဲ့လူႀကီးကေျပာလိုက္တယ္...
ေဟ့ေကာင္သြား အဲ့ဒါဆိုမင္းအဲ့ဒီ Final yearဆီကိုသြားျပန္သတင္းပို႔ သူတန္းျဖဳတ္ေပးမွငါ့ဆီျပန္လာခဲ့ဆိုၿပီး တပ္ခြဲေပၚတီကိုေအာက္မွာဆက္ေစာင့္ေနတယ္....
Image may contain: one or more people, people standing, hat, sky, beard, outdoor and nature
တစ်ချိန်တုန်းက ကြားဖူးခဲ့တဲ့ဖြစ်စဉ်လေးတစ်ခုရှိတယ်....
ဗိုလ်လောင်းလေးတစ်ယောက် သူ့ရဲ့အဖိုးက တပ်မတော်အစိုးရလက်ထက်မှာ ထိပ်တန်းအရာရှိကြီးတစ်ယောက်ပေါ့.....

တစ်ရက်.......ကျောင်းကို ဒုချုပ်လာတယ် စီနီယာအပတ်စဉ်ကို စစ်လက်ရုံးရွေးဖို့အတွက်ပေါ့ အဲ့မှာ သူ့အဖိုးလဲပါလာတယ်....
စစ်လက်ရုံးဒုတိယမြောက်နေ့နဲ့တူတယ် ...
သူ့အဖိုးကသူ့မြေးကိုတွေ့ချင်လို့ ဗိုလ်လောင်းကုန်းဖက်ကို လုံခြုံရေးတွေ PSOတွေတစ်ယောက်မှမပါပဲတစ်ယောက်ထဲကားမောင်းပြီးတက်လာတယ်.....
ဗိုလ်လောင်းကုန်း သူ့မြေးတပ်ခွဲရှေ့ရောက်တော့ တပ်ခွဲမှုးကိုခေါ်တယ်
တပ်ခွဲမှုးဗိုလ်ကြီးကျနော် ဗိုလ်လောင်း---------နဲ့တွေ့ချင်လို့ပါဗျာဆိုပြီးခေါ်ခိုင်းတယ်....
အဲ့ဒါနဲ့တင်တပ်ခွဲမှုးအရာရှိကလဲ သူခေါ်ခိုင်းတဲ့ဗိုလ်လောင်းတစ်ယောက်ကိုခေါ်ခိုင်းလိုက်တယ်၊ ဒီလူကြီးဘယ်သူဆိုတာတော့တပ်ခွဲမှုးလဲသေချာတော့သိပုံမရ .....

ခနနေတော့သူ့မြေးဆင်းလာတယ်...
တစ်ကိုယ်လုံးမှာ အုတ်နီခဲမြေမှုန်တွေပေပွပြီး တစ်ကိုယ်လုံးနီရဲနေတာပဲ
လေးလုံးပတ်နဲ့ အပေါ်ဆုံးထပ်နောက်ခြမ်းမှာ ကိုယ့်လူကအောင်မြင်နေတာကိုး.....
အဲ့ဒါနဲ့တင်သူ့အဖိုးက ဟေ့ကောင်မင်းပုံစံကဘာဖြစ်နေတာတုန်းဆိုတော့
ကျနော်လက်ဝါးဖြန့်လမ်းလျှောက်မိတာFinal year နဲ့သတင်းပို့ပါသွားလို့ အပေါ်ဆုံးထပ်နောက်ခြမ်းမှာ လေးလုံးပတ် (အုတ်ခဲ၄လုံးကျောပိုးအိတ်ဖြင့်ထုပ်ထားခြင်း)နဲ့ ဂျွမ်းထိုးနေရတယ်လို့ပြန်ဖြေတယ် ....
အဲ့အချိန်မှာ အဲ့လူကြီးရဲ့ PSOတွေဘာတွေနောက်ကရောက်လာတယ်
တပ်ခွဲမှုးအရာရှိလဲ ဒီလူကြီးဘယ်သူဆိုတာသိသွားတော့ပျာပျာသလဲနဲ့ ....
တပ်ခွဲမှုးထင်တာတော့သူပြဿနာတက်တော့မယ်ပေါ့....
တကယ်တော့တပ်ခွဲမှုးအတွက်မထင်မှတ်တဲ့အမိန့်တစ်ခုကိုအဲ့လူကြီးကပြောလိုက်တယ်...
ဟေ့ကောင်သွား အဲ့ဒါဆိုမင်းအဲ့ဒီ Final yearဆီကိုသွားပြန်သတင်းပို့ သူတန်းဖြုတ်ပေးမှငါ့ဆီပြန်လာခဲ့ဆိုပြီး တပ်ခွဲပေါ်တီကိုအောက်မှာဆက်စောင့်နေတယ်....

0 comments:

Post a Comment