ဒီေန ့မနက္
ကြ်န္မေဆးခန္းေရွ႕မွာ ရပ္ေနတုန္း
ေရွ႕တန္ျပန္ စစ္ကားႀကီးေတြ ကြ်န္မတို ့ရဲ႕ေဆးခန္းေရွ႕မွာ လာရပ္တယ္…
ကားေပၚကေန စစ္သားႀကီးေတြဆင္းလာတယ္…
စစ္သားႀကီးတေယာက္က ကြ်န္မဆီေလွ်ာက္လာျပီးး
" ဆရာမေလး ကြမ္းယာဆိုင္ဘယ္နားရွိသလဲ"
ကြ်န္မ က ဒီဘက္လမ္းၾကားမွာ ရွိတယ္ လို ့ ေျပာေတာ့
စစ္သားႀကီးက သူ ့နားတဖက္ကို လက္ကေလးနဲ႕ကာျပီး
" ကြ်န္ေတာ္ နားေတြအူေနလို ့ မၾကားရဘူး" တဲ႕
ကြ်န္မရင္ထဲ နင့္သြားတယ္ … မ်က္ရည္လဲ ဝဲမိတယ္…
ကြမ္းယာဆိုင္ရွိတဲ႕ဘက္ကို လက္ညိဳးထိုးျပျပီး
အာ့ဘက္မွာရွိတယ္ လို ့ေျပာျပီး ခဏေစာင့္ပါအံုး လို ့ေျပာခဲ႕တယ္…
ကြ်န္မ ေဆးခန္းထဲ ျပန္ဝင္လာျပီး ေန ့လည္အျပင္းေျပစားဖို ့
အိမ္က ယူလာတဲ႕ လိေမၼာ္သီး ၃ လံုး
ေကာ္ဖီမစ္နွစ္ထုတ္နဲ႕ အားလူးေၾကာ္ထုတ္ေလး နဲ႕အတူ
ကြ်န္မမွာ ပါလာတဲ႕ ပိုက္ဆံ ၅၀၀၀ ကို ဦးေလးတို ့ကြမ္းဖိုး ယူပါဆိုေတာ့
အဲ႕ဒီစစ္သားႀကီး ခမ်ာ ကြ်န္မ ကို လက္အုပ္ခ်ီျပီး
"ေက်းဇူးတင္လိုက္တာ ဆရာမေလး ရယ္" တဲ႕ ေျပာျပီး
" မုန္ ့ေတာ့ ယူမယ္ ပိုက္ဆံေတာ့ မယူေတာ့ပါဘူး " တဲ႕
ကြ်န္မ ဒါန ေလးပါလို ့ေျပာျပီး အတင္း ထည့္ေပးလိုက္ရတယ္…
စစ္သားႀကီးရဲ႕တံဆိပ္ကိုၾကည္
*တပ္မ၇၇ * …
ကြ်န္မအေဖ ကို သတိရလိုက္တာ …
ကြ်န္မအေဖက တပ္မေတာ္ကို အရမ္းခ်စ္တဲ႕ သူ
ဘယ္ေလာက္ထိခ်စ္လဲ သိလားးး ?
အေဖ ေသတဲ႕အထိ ထမင္း စားတာေတာင္ ေၾကြပန္းကန္ျပားနဲ႕ေကြ်းလို
တပ္ကထြက္ေတာ့ ပါလာတဲ႕* တပ္မ ၇၇ * တံဆိပ္ပါတဲ႕ သံပန္းကန္ျပားနဲ႕ပဲ
ေသတဲ႕အထိစားသြားတာ…
မွတ္မိေသးတယ္ မိုးရြာရင္ အေဖက ဖိနပ္မပါပဲ ေျမႀကီးေပၚ
သူမေလွ်ာက္တတ္ဘူးး… တဘိုင္းဘိုင္း လဲက်ေနတဲ႕အေဖ့ကို
ၾကည့္ျပီး အေမက ရယ္တယ္…
" ငါက စစ္ေျခနင္းနဲ႕မွ မိုးရြာထဲသြားတတ္ေတာ့တယ္ " တဲ႕
သူရဲ႕စစ္သားဘဝကို ေသတဲ႕အထိ သူမေမ့ဘူးး
အေဖက အေစာက စစ္သားႀကီးလိုပဲ နားနည္းနည္းေလးတယ္…
အေဖ့ကို စကားေျပာရင္ အသံက်ယ္က်ယ္ေျပာမွရတယ္…
ျပီးေတာ့ အေဖ့မွာ စစ္သားဘဝတုန္းက မိုင္းမွန္ထားတဲ႕ေနရာေတြက
ဘုလံုးေတြက ႀကီးႀကီးလာတယ္…
ဒါကို ကြ်န္မတို ့နယ္ဘက္ တိုက္နယ္ေဆးရံုမွာက်တဲ႕ဆရာဝ
အေဖကို ့အရမ္းခင္ေတာ့
"အဘလက္က ဘုလံုးေလးေတြကို သမီးခြဲေပးမယ္…"
ပိုက္ဆံတျပားမွမကုန္ေစရဘူး "
သမီးတာဝန္ယူမယ္" လို ့ေျပာတာကို လက္မခံဘူး
" ဒါက အဘစစ္သားဘဝအမွတ္တရေတြ … မခြဲေတာ့ဘူး… အဘလဲ
အသက္ႀကီးျပီ " တဲ႕
ဆရာဝန္မေလးက လက္မေလွ်ာ့ပဲ ဇြတ္ အတင္း ေျပာေတာ့ ဆရာဝန္မေလး
စကားကို အေဖလက္ခံခဲ႕တယ္…
အေဖ့ခနၶာကိုယ္မွာ စစ္သားအမွတ္တရမရွိေတာ့ ေပမဲ႕ အေဖ့ရင္ထဲမွာ
တပ္မေတာ္ကိုခ်စ္တဲ႕စိတ္
စစ္သားဘဝကို ဂုဏ္ယူျမတ္နိူးတဲ႕စိတ္ေတြကိ
မရတဲ႕အျပင္ သားသမီးေတြျဖစ္တဲ႕ ကြ်န္မတို ့ေမာင္နွမေလးေယာက္ကိုလဲ
တပ္မေတာ္ကို ခ်စ္တဲ႕စိတ္
စစ္သားေတြကို ေလးစားခ်စ္ခင္တဲ႕စိတ္ေတြကို
လက္ဆင့္ကမ္းအေမြေပးနိူင္ခဲ႕
ကြ်န္မအရမ္းတန္ဖိုးထားခဲ႕တယ
ကြ်န္မအေဖ ခ်န္ခဲ႕တဲ႕ပစၥည္းအနည္းငယ္ထဲ
အေဖစားခဲ႕တဲ႕သံပန္ကန္ျပားေလ
အေဖရဲ႕စစ္တပ္က ထုတ္ေပးထားတဲ႕ေသတၲာေလးရယ္
အေဖရဲ႕ "တပ္မ၇၇" တံဆိပ္ပါ ေၾကးဘုရားပန္းအိုးေလး တလံုးရယ္
ကြ်န္မဘဝရဲ႕တန္ဖိုးအထားဆံုး
တကယ္ေတာ့ စစ္သားဆိုတာ
ကြ်န္မတို ့ျပည္သူျပည္သားေတြရဲ႕ ေက်းဇူးရွင္ဆိုလဲ မမွားပါဘူး
စစ္သားေတြကို မေလးစားရင္ေနပါ … မေစာ္ကားပါနဲ႕…
စစ္သားသမီးတေယာက္က စစ္ေခြးလို ့အသံေတြၾကားရင္
ရင္နာရတာ မဆန္းပါဘူးးးး
ကြ်န္မ ကိုတိုက္ခိုက္ခ်င္တဲ႕ကြ်န္မ
ကြ်န္မကို တိုက္ခိုက္လို ့ရခ်င္ရမယ္ … ကြ်န္မ ရင္ထဲမွာရွိတဲ႕
တပ္မေတာ္ကို ခ်စ္တဲ႕စိတ္က ကြ်န္မအေဖေပးခဲ႕အေမြမို ့ ဘယ္ေသာအခါမွ
ဖယ္ရွားလို ့ရမွာ မဟုတ္ပါဘူးးးး……
တပ္မေတာ္သားအားလံုးနွင့္တကြ
တပ္ၾကပ္ႀကီး ဦးေမာင္ဆန္း ( ကိုယ္ပိုင္အမွတ္ - ၁၃၉၄၄၃ )
ခလရ ( ၈ ) ဘီးလင္းးအားး ေလးစားဂုဏ္ယူပါသည္…
တပ္မေတာ္သားအေပါင္း ေဘးအႏၲရာယ္ကင္းရွင္း၍
တရားေသာစစ္ေအာင္ျမင္ပါေစရွင
အေဖတုိ ့တုန္းက ခလရ( ၈) က တပ္မ၇၇ လင္ေအာက္ခံပါ…
အခုေတာ့ ေျပာင္းသြားျပီလို ့ေျပာပါတယ္…
Crdဂ်ီၾသ ေမ
Nay Young

ဒီနေ့မနက်
ကျွန်မဆေးခန်းရှေ့မှာ ရပ်နေတုန်း
ရှေ့တန်ပြန် စစ်ကားကြီးတွေ ကျွန်မတို့ရဲ့ဆေးခန်းရှေ့မှာ လာရပ်တယ်…
ကားပေါ်ကနေ စစ်သားကြီးတွေဆင်းလာတယ်…
စစ်သားကြီးတယောက်က ကျွန်မဆီလျှောက်လာပြီးး
" ဆရာမလေး ကွမ်းယာဆိုင်ဘယ်နားရှိသလဲ"
ကျွန်မ က ဒီဘက်လမ်းကြားမှာ ရှိတယ် လို့ ပြောတော့
စစ်သားကြီးက သူ့နားတဖက်ကို လက်ကလေးနဲ့ကာပြီး
" ကျွန်တော် နားတွေအူနေလို့ မကြားရဘူး" တဲ့
ကျွန်မရင်ထဲ နင့်သွားတယ် … မျက်ရည်လဲ ဝဲမိတယ်…
ကွမ်းယာဆိုင်ရှိတဲ့ဘက်ကို လက်ညိုးထိုးပြပြီး
အာ့ဘက်မှာရှိတယ် လို့ပြောပြီး ခဏစောင့်ပါအုံး လို့ပြောခဲ့တယ်…
ကျွန်မ ဆေးခန်းထဲ ပြန်ဝင်လာပြီး နေ့လည်အပြင်းပြေစားဖို့
အိမ်က ယူလာတဲ့ လိမ္မော်သီး ၃ လုံး
ကော်ဖီမစ်နှစ်ထုတ်နဲ့ အားလူးကြော်ထုတ်လေး နဲ့အတူ
ကျွန်မမှာ ပါလာတဲ့ ပိုက်ဆံ ၅၀၀၀ ကို ဦးလေးတို့ကွမ်းဖိုး ယူပါဆိုတော့
အဲ့ဒီစစ်သားကြီး ခမျာ ကျွန်မ ကို လက်အုပ်ချီပြီး
"ကျေးဇူးတင်လိုက်တာ ဆရာမလေး ရယ်" တဲ့ ပြောပြီး
" မုန့်တော့ ယူမယ် ပိုက်ဆံတော့ မယူတော့ပါဘူး " တဲ့
ကျွန်မ ဒါန လေးပါလို့ပြောပြီး အတင်း ထည့်ပေးလိုက်ရတယ်…
စစ်သားကြီးရဲ့တံဆိပ်ကိုကြည့်တော့ ကျွန်မအဖေ တာဝန်ထမ်းဆောင်ခဲ့တဲ့
*တပ်မ၇၇ * …
ကျွန်မအဖေ ကို သတိရလိုက်တာ …
ကျွန်မအဖေက တပ်မတော်ကို အရမ်းချစ်တဲ့ သူ
ဘယ်လောက်ထိချစ်လဲ သိလားးး ?
အဖေ သေတဲ့အထိ ထမင်း စားတာတောင် ကြွေပန်းကန်ပြားနဲ့ကျွေးလို့မရဘူး
တပ်ကထွက်တော့ ပါလာတဲ့* တပ်မ ၇၇ * တံဆိပ်ပါတဲ့ သံပန်းကန်ပြားနဲ့ပဲ
သေတဲ့အထိစားသွားတာ…
မှတ်မိသေးတယ် မိုးရွာရင် အဖေက ဖိနပ်မပါပဲ မြေကြီးပေါ်
သူမလျှောက်တတ်ဘူးး… တဘိုင်းဘိုင်း လဲကျနေတဲ့အဖေ့ကို
ကြည့်ပြီး အမေက ရယ်တယ်…
" ငါက စစ်ခြေနင်းနဲ့မှ မိုးရွာထဲသွားတတ်တော့တယ် " တဲ့
သူရဲ့စစ်သားဘဝကို သေတဲ့အထိ သူမမေ့ဘူးး
အဖေက အစောက စစ်သားကြီးလိုပဲ နားနည်းနည်းလေးတယ်…
အဖေ့ကို စကားပြောရင် အသံကျယ်ကျယ်ပြောမှရတယ်…
ပြီးတော့ အဖေ့မှာ စစ်သားဘဝတုန်းက မိုင်းမှန်ထားတဲ့နေရာတွေက
ဘုလုံးတွေက ကြီးကြီးလာတယ်…
ဒါကို ကျွန်မတို့နယ်ဘက် တိုက်နယ်ဆေးရုံမှာကျတဲ့ဆရာဝန်မလေးက
အဖေကို့အရမ်းခင်တော့
"အဘလက်က ဘုလုံးလေးတွေကို သမီးခွဲပေးမယ်…"
ပိုက်ဆံတပြားမှမကုန်စေရဘူး "
သမီးတာဝန်ယူမယ်" လို့ပြောတာကို လက်မခံဘူး
" ဒါက အဘစစ်သားဘဝအမှတ်တရတွေ … မခွဲတော့ဘူး… အဘလဲ
အသက်ကြီးပြီ " တဲ့
ဆရာဝန်မလေးက လက်မလျှော့ပဲ ဇွတ် အတင်း ပြောတော့ ဆရာဝန်မလေး
စကားကို အဖေလက်ခံခဲ့တယ်…
အဖေ့ခန္ဓာကိုယ်မှာ စစ်သားအမှတ်တရမရှိတော့ ပေမဲ့ အဖေ့ရင်ထဲမှာ
တပ်မတော်ကိုချစ်တဲ့စိတ်
စစ်သားဘဝကို ဂုဏ်ယူမြတ်နိူးတဲ့စိတ်တွေကို ဘယ်အရာကမှဖယ်ရှားလို့
မရတဲ့အပြင် သားသမီးတွေဖြစ်တဲ့ ကျွန်မတို့မောင်နှမလေးယောက်ကိုလဲ
တပ်မတော်ကို ချစ်တဲ့စိတ်
စစ်သားတွေကို လေးစားချစ်ခင်တဲ့စိတ်တွေကို
လက်ဆင့်ကမ်းအမွေပေးနိူင်ခဲ့တယ်…
ကျွန်မအရမ်းတန်ဖိုးထားခဲ့တယ်…
ကျွန်မအဖေ ချန်ခဲ့တဲ့ပစ္စည်းအနည်းငယ်ထဲ့က
အဖေစားခဲ့တဲ့သံပန်ကန်ပြားလေးရယ်
အဖေရဲ့စစ်တပ်က ထုတ်ပေးထားတဲ့သေတ္တာလေးရယ်
အဖေရဲ့ "တပ်မ၇၇" တံဆိပ်ပါ ကြေးဘုရားပန်းအိုးလေး တလုံးရယ်
ကျွန်မဘဝရဲ့တန်ဖိုးအထားဆုံးပစ္စည်းလေးတွေပါ…
တကယ်တော့ စစ်သားဆိုတာ
ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ ကျေးဇူးရှင်ဆိုလဲ မမှားပါဘူး
စစ်သားတွေကို မလေးစားရင်နေပါ … မစော်ကားပါနဲ့…
စစ်သားသမီးတယောက်က စစ်ခွေးလို့အသံတွေကြားရင်
ရင်နာရတာ မဆန်းပါဘူးးးး
ကျွန်မ ကိုတိုက်ခိုက်ချင်တဲ့ကျွန်မနဲ့ အမြင်မတူသူတွေ
ကျွန်မကို တိုက်ခိုက်လို့ရချင်ရမယ် … ကျွန်မ ရင်ထဲမှာရှိတဲ့
တပ်မတော်ကို ချစ်တဲ့စိတ်က ကျွန်မအဖေပေးခဲ့အမွေမို့ ဘယ်သောအခါမှ
ဖယ်ရှားလို့ရမှာ မဟုတ်ပါဘူးးးး……
တပ်မတော်သားအားလုံးနှင့်တကွ ကျွန်မအဖေ ဖြစ်သော
တပ်ကြပ်ကြီး ဦးမောင်ဆန်း ( ကိုယ်ပိုင်အမှတ် - ၁၃၉၄၄၃ )
ခလရ ( ၈ ) ဘီးလင်းးအားး လေးစားဂုဏ်ယူပါသည်…
တပ်မတော်သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်း၍
တရားသောစစ်အောင်မြင်ပါစေရှင်………။
အဖေတို့တုန်းက ခလရ( ၈) က တပ်မ၇၇ လင်အောက်ခံပါ…
အခုတော့ ပြောင်းသွားပြီလို့ပြောပါတယ်…
Crdဂျီသြ မေ
0 comments:
Post a Comment