Friday, September 7, 2018

စစ္……ေခြးးးး………ၾကီးးးးးးး

စစ္……ေခြးးးး………ၾကီးးးးးးး

ဟာ!!! ညီေလး…… အဲ့လမ္းက မလာနဲ႔
မိုင္းေတြရွိတယ္…… လာ လာ ညီ ဒီဘက္ကလာ
ဟာ!!! ညီရာ ……မင္းနွယ္
စစ္ေခြးေခၚခ်င္တာမ်ား ဒီေလာက္အႏၲရာယ္မ်ားတဲ့
ေနရာကိုလာရတယ္လို႔ကြာ
ထမင္းေရာ စားျပီးျပီလား
ၾကည့္ရတာ ဆာေနပံုရပါတယ္
လာလာ အကိုတို႔နဲ႔လာစားေနာ္
ထမင္းမေကာင္း ဟင္းမေကာင္းေပမယ့္
ေစတနာေကာင္းလို႔ စားေကာင္းမွာပါကြာ
ေညာင္ခ်ဥ္ဖူးသုတ္ေလးထည့္စားေနာ္
ေၾသာ္!!!
ထမင္းကမာခဲေနေတာ့ မ်ိဳမက်ဘူးထင္ပါရဲ႕
ပဲဟင္းေလးေသာက္ညီ
ဝေရာင္းခ်ဥ္ေၾကာ္ေလးစား
ဟင္းမေကာင္းေပမယ့္ ငါ့ညီအေတာ္မိန္ပံုရသားကြ
ေကာင္းကြာ အကိုစားရမယ့္ရိကၡာထဲက
ညီ့ကို ဖဲ့ေကြ်းတာပါ အကိုမဝေပမယ့္ ေနတတ္ပါတယ္
ညီသာဝေအာင္စားေနာ္

စားျပီး ခံတြင္းခ်ဥ္ရင္ ပြတ္ခြ်န္းေလးရွိတယ္ညီ
အကိုတစ္ပတ္စာေသာက္ဖို႔ ခ်န္ထားတဲ့
ပြတ္ခြ်န္းေလးတစ္လိပ္ ငါ့ညီေသာက္ခ်င္ရင္
ေသာက္လိုက္ပါကြာ အကိုေနတတ္ပါတယ္

ဒီလမ္းကျပန္ပါ ငါ့ညီရာ
ခလုတ္မထိ ဆူးမျငိပါေစနဲ႔
စစ္ေခြးေခၚဖို႔မ်ား ေတာထဲမလာပါနဲ႔ကြာ
ျမိဳ႕ေပၚမွာ ေအးေအးခ်မ္းခ်မ္းေနရင္း
အပူအပင္ကင္းကင္းနဲ႔ ေခၚပါညီရာ
ငါ့ညီတို႔ ေအာ္ခ်င္ရာေအာ္
ေျပာခ်င္ရာေျပာဖို႔
အႏၲရာယ္ကင္းကင္းေနရဖို႔
အကိုတို႔ေတာထဲမွာ
အကိုတို႔အသက္ေတြ
စေတးေပးပါ့မယ့္ညီေရ

ဘယ္လိုဘဲ စစ္ေခြးေခၚေခၚ
အကိုတို႔ကေတာ့ အျပံုးမပ်က္ အမုန္းမစြက္
ငါ့ညီတို႔လို ျပည္သူေတြအတြက္ အသက္ေတြ
ေပးဆပ္ေနဦးမွာပါ။

ျမိဳ႕ေပၚမွာဘဲ ေအးေအးခ်မ္းခ်မ္း စစ္ေခြးေခၚပါ ညီေရ………

ကိုရင္လူထြက္ ငပိခ်က္
Credit> Chit

Image may contain: one or more people, people sitting, outdoor and water
စစ်……ခွေးးးး………ကြီးးးးးးး

ဟာ!!! ညီလေး…… အဲ့လမ်းက မလာနဲ့
မိုင်းတွေရှိတယ်…… လာ လာ ညီ ဒီဘက်ကလာ
ဟာ!!! ညီရာ ……မင်းနှယ်
စစ်ခွေးခေါ်ချင်တာများ ဒီလောက်အန္တရာယ်များတဲ့
နေရာကိုလာရတယ်လို့ကွာ
ထမင်းရော စားပြီးပြီလား
ကြည့်ရတာ ဆာနေပုံရပါတယ်
လာလာ အကိုတို့နဲ့လာစားနော်
ထမင်းမကောင်း ဟင်းမကောင်းပေမယ့်
စေတနာကောင်းလို့ စားကောင်းမှာပါကွာ
ညောင်ချဉ်ဖူးသုတ်လေးထည့်စားနော်
သြော်!!! 
ထမင်းကမာခဲနေတော့ မျိုမကျဘူးထင်ပါရဲ့
ပဲဟင်းလေးသောက်ညီ
ဝရောင်းချဉ်ကြော်လေးစား
ဟင်းမကောင်းပေမယ့် ငါ့ညီအတော်မိန်ပုံရသားကွ
ကောင်းကွာ အကိုစားရမယ့်ရိက္ခာထဲက
ညီ့ကို ဖဲ့ကျွေးတာပါ အကိုမဝပေမယ့် နေတတ်ပါတယ်
ညီသာဝအောင်စားနော်

စားပြီး ခံတွင်းချဉ်ရင် ပွတ်ချွန်းလေးရှိတယ်ညီ
အကိုတစ်ပတ်စာသောက်ဖို့ ချန်ထားတဲ့
ပွတ်ချွန်းလေးတစ်လိပ် ငါ့ညီသောက်ချင်ရင်
သောက်လိုက်ပါကွာ အကိုနေတတ်ပါတယ်

ဒီလမ်းကပြန်ပါ ငါ့ညီရာ
ခလုတ်မထိ ဆူးမငြိပါစေနဲ့
စစ်ခွေးခေါ်ဖို့များ တောထဲမလာပါနဲ့ကွာ
မြို့ပေါ်မှာ အေးအေးချမ်းချမ်းနေရင်း
အပူအပင်ကင်းကင်းနဲ့ ခေါ်ပါညီရာ
ငါ့ညီတို့ အော်ချင်ရာအော်
ပြောချင်ရာပြောဖို့
အန္တရာယ်ကင်းကင်းနေရဖို့
အကိုတို့တောထဲမှာ
အကိုတို့အသက်တွေ
စတေးပေးပါ့မယ့်ညီရေ

ဘယ်လိုဘဲ စစ်ခွေးခေါ်ခေါ်
အကိုတို့ကတော့ အပြုံးမပျက် အမုန်းမစွက်
ငါ့ညီတို့လို ပြည်သူတွေအတွက် အသက်တွေ
ပေးဆပ်နေဦးမှာပါ။

မြို့ပေါ်မှာဘဲ အေးအေးချမ်းချမ်း စစ်ခွေးခေါ်ပါ ညီရေ………


ကိုရင်လူထွက် ငပိချက်

0 comments:

Post a Comment