
ဒီမယ် သူငယ်ချင်း .....
မင်းတို့တွေ ...
မင်းတို့တွေ ...
မင်းတို့တွေ ...
သူငယ်ချင်း ...
ငါတို့ ...
သူငယ်ချင်း ....
မင်းအမှတ်ရနေပေးပါ ..
Credit: U Aung Moe Myint
မင်းတို့တွေ ...
မင်းတို့တွေ ...
မင်းတို့တွေ ...
သူငယ်ချင်း ...
ငါတို့ ...
သူငယ်ချင်း ....
မင်းအမှတ်ရနေပေးပါ ..
Credit: U Aung Moe Myint
ဒီမယ် သူငယ်ချင်း .....
ငါတို့ရဲ့ အတိတ်ကံ သိပ်မကောင်းခဲ့ပါဘူး၊
ဒါပေမဲ့ နောင်ဘဝတွက်တော့ ကုသိုလ်လမ်းပါပဲ ....
မင်းတို့တွေ ...
ငါတို့ ညီအစ်ကိုတွေကို စစ်ခွေးလို့ ခေါ်လိုက်တဲ့ အချိန်.....
မင်း ဘေးနားက မင်းရဲ့ သားသမီးမျက်နှာတွေကို ကြည့်လိုက်ပါ .... ။
စစ်ခွေးတွေရော သူတို့သားသမီး မျက်နှာတွေကို ကြည့်နေလားလို့ မင်းတွေကြည့်လိုက် .... ။
ငါတို့ကတော့ ငါတို့သားသမီးတွေရဲ့ မျက်နှာကို ဓါတ်ပုံမှာပဲကြည့်ခွင့်ရှိတယ်လေ .... ။
မင်းတို့တွေ ...
ငါတို့ ညီအစ်ကိုတွေကို စစ်ခွေးလို့ ခေါ်လိုက်တဲ့ အချိန်.....
ုမင်းစားနေတဲ့ ထမင်းပန်ကန်ကို ကြည့်လိုက်ပါ .... ။
ဒီကောင်တွေရော င့ါလိုပဲ စားနေလားလို့ မင်းတွေးကြည့်လိုက် .... ။
မင်းတို့တွေ ...
ငါတို့ ညီအစ်ကိုတွေကို စစ်ခွေးလို့ ခေါ်လိုက်တဲ့ အချိန်.....
မင်း မိဘတွေကို လက် ၁၀ ဖြာမိုး ရှစ်ခိုးတဲ့ပုံလေး မြင်ကြည့်စမ်းပါ .... ။
စစ်ခွေးတွေအတွက်တော့ မိဘဆုံးလို့ ရက်လည်တာတောင် မသိလိုက်ရတဲ့ ဘဝတွေရှိတယ်လေ .... ။
သူငယ်ချင်း ...
ဟိုမှာ မိုးတွေ အရမ်းရွာနေတယ် ....
မင်းကတော့ မိုးရွာလို့ နားခိုကောင်းနားခိုပါလိမ့်မယ် ...
ငါတို့ ...
စစ်ခွေးတွေအတွက်တော့ မိုးရွာတယ်၊ နေပူတယ်ဆိုတာ မရှိဘူးလေ ..... ။
လောကမှာ တရားမျှတမှု၊ ထပ်တူညီမှုဆိုတာရှိချင်မှရှိလိမ့်မယ် ...
ငါတို့ကိုယ် ငါတို့ ပြည်သူအတွက် ပေးဆပ်သူလို့ မခံယူဝံ့ခဲ့ပါဘူး .... ။
အတိတ်ဘ၀ ကံကြမ္မာတစ်ခုကိုပဲ ပေးဆပ်သူလို့ ထင်မှတ်ယူကြပါတယ် ... ။
သူငယ်ချင်း ....
မင်းအမှတ်ရနေပေးပါ ..
မင်းတို့ ခေါ်နေတဲ့ စစ်ခွေးဆိုတာတွေက ...
မင်းတို့ရဲ့ မနက်ဖြန်တွေပါကွာ ....
0 comments:
Post a Comment