Saturday, September 8, 2018

တစ္ခ်ိန္က သန္းလႈိင္ရဲ႔ တပ္စုမႈး


ဗိုလ္ၾကီး.....ဗိုလ္ ၾကီးး
ခဏရပ္ပါအံုး
ဗိုလ္ၾကီး
ကားခဏရပ္ပါအံုး
အသံက အားကုန္ေအာ္ေနတဲ့အသံ 
ေမာဟိုက္ေနတဲ့အသံမ်ိဳး
ေအာ္သံၾကားလို႔ ကားျပတင္းေပါက္ကေနလွည့္ၾကည့္မိေတာ့
ကားေနာက္ကို ဘူးသီးတစ္လံုးပိုက္ျပီး ေျပးလိုက္လာတဲ့ စစ္သည္တစ္ေယာက္
ေျခေထာက္မွာလဲ ဖိနပ္မပါ
ကားဆရာ ခဏေလာက္ရပ္ပါအံုး
ကားဆရာကို ကားခဏရပ္ခိုင္းလိုက္တယ္။ ဘယ္သူမ်ားလိုက္လာတာလဲ၊ ဘာအေရးအၾကီးကိစၥမ်ားရွိလို႔လဲ လို႔ေတြးမိလိုက္တယ္
ဒီလိုနဲ႔ ကားေနာက္ကိုအေမာတေကာနဲ႔ေျပးလိုက္လာတဲ့စစ္သည္ကို အနားေရာက္မွေသခ်ာၾကည့္မိေတာ
"သန္းလႈိင္"
ဟ သန္းလႈိင္ပါလား မင္းကိုငါ ခုနက အရာရွိရိပ္သာမွာမေတြ႔လို႔ေမးေသးတယ္
ဘယ္သြားေနတာလဲ
က်ေတာ္အရာရွိရိပ္သာမွာဟုတ္ေတာ့ဘူး ဗိုလ္ၾကီးရ
တပ္ခြဲကိုျပန္ေရာက္ေနျပီ ေနာက္ပီး မိန္းမရေနျပီဗ်
ဟဟ ဟုတ္လားကြ....
ဘယ္ေကာင္မေလးတုန္း ဟို..ရြာထဲကေကာင္မေလးပဲလား
ဟုတ္တယ္ေလဗိုလ္ၾကီး
ဗိုလ္ၾကီးေတာင္ ကြ်န္ေတာ္ သူနဲ႔ သြားခ်ိန္းေတြ႔တုန္းက
တန္းစီပ်က္ကြက္လို႔ က်ေတာ့္ကို ေဘာလံုးကြင္း ၅ ပါတ္ေျပးခိုင္းဘူးတယ္ေလ
ဟဟ ဟုတ္ပါျပီတပည့္ရာ
ေနစမ္းပါအံုး မင္းလက္ကဘူးသီးက ဘာတုန္း
အိမ္မွာသီးတာ ဗိုလ္ၾကီးရ သက္သာဆိုင္သြားသြင္းမလို႔
ဆရာၾကီးစိုး၀င္းက မင္းဆရာဗိုလ္ၾကီးထူးေ၀ေအာင္ ေရာက္ေနတယ္ဆိုလို႔
က်ေတာ္ေျပးလာတာ ဗိုလ္ၾကီးက ေရာက္တာေတာင္ က်ေတာ့္ကိုမရွာဘူးဗ်ာ
မဟုတ္ပါဘူးကြ ငါလည္းအခ်ိန္မရလို႔ အခုသင္တန္းကေန ခြင့္ျပန္လာတာ
တပ္ကိုခဏ၀င္လည္တာ မင္းကိုအရာရွိရိပ္သာမွာဘဲထင္လို႔ေမးပါေသးတယ္
ရိပ္သာက ရဲေဘာ္ကအသစ္ထင္တယ္ မင္းဘယ္တပ္ခြဲေရာက္သြားလဲမသိဘူး
ဟုတ္ကဲ့ပါ ဒါေၾကာင့္က်ေတာ္လဲ အရာရွိရိပ္သာေျပးလာတာ
က်ေတာ္ေရာက္ေတာ့ ဗိုလ္ၾကီးကားက ထြက္သြားျပီဗ်
အဲဒါနဲ႔ေျပးလိုက္လာတာ
ဗိုလ္ၾကီးကိုေတြ႔ခ်င္လို႔ဗ် ေနာက္ျပီးမိန္းမရေနျပီဆိုတာလဲေျပာခ်င္လို႔
ဒါနဲ႔ဗိုလ္ၾကီး ဒီဘူးသီးၾကီးယူသြားပါလား
ဟ ငါကဒီဘူးသီးၾကီးဘာလုပ္ရမွာတုန္းဟ
မင္းဘာသာမင္း သက္သာဆိုင္သြားသြင္းပါကြာ
ဟုတ္တယ္ေနာ္ ဗိုလ္ၾကီးက ဒီဘူးသီးဘာလုပ္ရမွာတုန္း
က်ေတာ္လဲ ေပးစရာမရွိလို႔ဗိုလ္ၾကီးရ
ေျပာေျပာဆိုဆို ဘူးသီးကိုေဘးခ်ျပီး ထိုင္ကန္ေတာ့တယ္
ဟဟ ေဟ့ေကာင္ လမ္းမလယ္ၾကီးမွာကြာ
ေနာက္ျပီးမင္းငါ့ထက္ အသက္တစ္ႏွစ္ၾကီးတယ္မလား
ရပါတယ္ဗ် က်ေတာ့္လို အရက္သမား ငမူးတစ္ေယာက္ကို
လူလိုသူလိုျဖစ္ေအာင္ လုပ္ေပးခဲ့တဲ့ ဗိုလ္ၾကီးေက်းဇူးကို ကန္ေတာ့တာပါ
ရပါတယ္ကြာ ထထထ မင္းအဲေလာက္ လိမ္မာေနရင္ပဲ ငါေက်နပ္ပါျပီ
ေျပာေျပာဆိုဆို က်ေတာ္လဲ သူ႔ကို မုန္႔ဖိုးငါးေထာင္ထုတ္ေပးတယ
ျပံဳးသြားတဲ့သူ႔မ်က္ႏွာက ပီဘိ ကေလးေလးတစ္ေယာက္လို
သူ႔ေခါင္းကို လက္နဲ႔ပုတ္ျပီး
လိမ္လိမ္မာမာေနေတာ့ၾကားလား
အရင္လို မူးျပီး ဓါတ္တိုင္ေအာက္အိပ္ေနလို႔ကေတာ့
ကေလးအေဖျဖစ္ေနလဲ ငါကိုယ္တိုင္မင္းကို ဒုတ္နဲ႔ရိုက္မယ္
စိတ္ခ်ပါဗိုလ္ၾကီးရ တပည့္လိမ္မာေနပါျပီ
ေအးေအးငါသြားျပီ
ဟုတ္
ေလးျပဳ.........................
အနားမွာဘယ္သူမွာမရွိဘဲတစ္ေယာက္တည္းအသံအက်ယ္ၾကီးနဲ႔ အေလးျပဳလို႔ေအာ္ျပီး က်ေတာ့္ကိုအေလးျပဳတဲ့ သူ႔အမူအရာကိုၾကည့္ျပီး ျပံဳးျပီးအေလးျပန္ျပဳလိုက္တယ္
အိမ္ကကားေမာင္းတဲ့ကားဆရာက က်ေတာ့္ကိုေျပာတယ္
ကိုငယ္ေလး မင္းေတာင္လူၾကီးျဖစ္ေနျပီေနာ္တဲ့
ေနာက္ျပီး မင္းတို႔ တပ္ရဲ႕ဓေလ့ထံုးစံေလးက ခ်စ္စရာေကာင္းလိုက္တာကြာတဲ့
အဲတုန္းက အခ်ိန္က ၂၀၀၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္ျဖစ္မယ္
က်ေတာ္ေက်ာင္းဆင္းျပီး မိခင္တပ္မွာ တစ္ႏွစ္ေက်ာ္တာ၀န္ထမ္းေဆာင္ျပီးတဲ့အခ်ိန္
ေမျမိဳ႕မွာ သင္တန္းတက္ရတယ္သင္တန္း ကေနအိမ္ကိုခြင့္ျပန္ေတာ့တပ္ကို၀င္ျပီး လည္တဲ့အခ်ိန္
အဲတုန္းက ျပည္ပကို မဟာသိပၸံဘြဲ႔သြားယူဘို႔သင္တန္းတက္ေနရတဲ့အခ်ိန္
ခြင့္ျပန္လာျပီးတာနဲ႔ ျပည္ပကိုထြက္ရေတာ့မယ္ဒါ့ေၾကာင့္ သင္တန္းကေနခြင့္ေပးလိုက္တာ
က်ေတာ့္တပ္က က်ေတာ္အိမ္ကိုျပန္မယ့္လမ္းေပၚမွာရွိတယ္
အိမ္ကကားလာၾကိဳေတာ့၀င္လည္ဘို႔လဲအဆင္ေျပတာနဲ႔၀င္လည္တာ
အဲတုန္းကအျဖစ္အပ်က္ေလးတစ္ခုပါ
က်ေတာ္တို႔ေက်ာင္းဆင္းခါစ ၂၀၀၆ ေလာက္မွာ မိခင္တပ္ကိုစေရာက္တယ္
သန္းလႈိင္က အဲတုန္းက အရာရွိရိပ္သာမွာ တာ၀န္က်ေနတာေပါ့
အဲဒီမွာဒီေကာင္နဲ႔စေတြ႔တာပဲ
က်ေတာ္က တပ္ကိုေရာက္ေရာက္ခ်င္း ခြဲ ၂ တပ္စုမႈးကိုင္ရတယ္
ဆိုက္ဆိုက္ျမိဳက္ျမိဳက္ သန္းလႈိင္ကလဲ ခြဲ ၂ က
အဲတုန္းက အရာရွိရိပ္သာမွာရိပ္သာတာ၀န္က်ေတြအျဖစ္နဲ႔ 
တပ္ခြဲလိုက္က စစ္သည္ေတြ တစ္ေယာက္စီလာေနရတယ္
သန္းလႈိင္က ခြဲ ၂ ဆိုေတာ့ ဒီေကာင့္ကို အနီးကပ္ၾကီးၾကပ္ဘို႔ 
တပ္ခြဲမႈးက က်ေတာ့္ကို ေျပာထားတယ္
သန္းလႈိင္က က်ေတာ့္ဆိုေၾကာက္လဲေၾကာက္တယ္ ခ်စ္လဲခ်စ္တယ္
က်ေတာ့္အခန္းထဲ၀င္ျပီး ေတြ႔တဲ့အ၀တ္အကုန္ဆြဲခ်သြားတတ္တယ္
ျပီးရင္ ဘာမွန္းမသိညာမွန္းမသိ အကုန္လံုးေရစိမ္ျပီးေလွ်ာ္တာပဲ
မနည္းေျပာထားရတယ္
ဖိနပ္ေတြဘာေတြလဲယူတိုက္လို႔ ေငါက္ငမ္းထားရတယ္
ဘာပဲေျပာေျပာ က်ေတာ့္စိတ္က ကိုယ္စီးတဲ့ဖိနပ္ကို တပည့္က တိုက္ေပးရတာမ်ိဳးမလိုခ်င္ဘူ
ယူလဲမတိုက္ေစခ်င္ဘူး
သန္းလႈိင္က ရိုက်ိဳးတယ္ ရိုးသားတယ္ဒါေပမယ့္ ညညဆိုရင္ေတာ့ မူးပါေလေရာ 
ေတာ္ေတာ္အရက္ေသာက္တဲ့ေကာင္ တစ္ခါကဆိုလည္း ဓါတ္မီးတိုင္ေအာက္ ပုဆိုးျခံဳအိပ္ေနတာ
ခြဲ ၃ က တပ္စုမႈး တစ္ပါတ္စဥ္တည္း သူငယ္ခ်င္းက ေတြ႔ေတာ့ေခၚလာတယ္
ထူးေ၀ေအာင္ မင္းတပည့္ ေဒၚပုတို ဆိုင္ေရွ႕က ဓါတ္တိုင္ေအာက္မွာ မူးျပီးအိပ္ေနတယ္
ဆံုးမလိုက္အံုးတဲ့ အဲတုန္းက ေကာင္းေကာင္း ေဗလိုက္တယ္
( ေသာက္ခ်င္ရင္ေသာက္ အဆင့္တန္းရွိရွိေသာက္ 
လူလိုသူလိုေသာက္
ကမၻာေပၚမွာ အရက္ေသာက္တဲ့သူအားလံုး အရက္ရဲ႕မေကာင္းေၾကာင္းကို မသိတဲ့ေကာင္
တစ္ေယာက္မွမရွိဘူး
အဲေတာ့ေသာက္ခ်င္သပ ဆိုရင္ငါမေျပာဘူး ဒါေပမယ့္ေနာက္တစ္ခါ
ေခြးလိုႏြားလိုေသာက္ရင္ မင္းကိုလဲငါက ေခြးလိုႏြားလိုပဲဆက္ဆံမယ္ )
အဲဒါ သန္းလႈိင္ကိုက်ေတာ္အျမဲေျပာေနၾကစကား
၂၀၁၁မွာ က်ေတာ္ ျပည္ပကေနျပန္လာတယ္ တပ္ကိုေရာက္ျပီး
စစ္ဆင္ေရးထြက္ရတယ္ အဲတုန္းက က်ေတာ္ခြဲ ၄ ဒုတပ္ခြဲမႈးနဲ႔
သန္းလႈိင္ကေတာ့ ခြဲ ၂ မွာဘဲ
ဒီေကာင္လဲ မိန္းမနဲ႔ခေလးတစ္ေယာက္နဲ႔ျဖစ္ေနျပီ
ေနာက္ေတာ့ က်ေတာ္တပ္ေထာက္ဗိုလ္ၾကီးဘ၀မွာ
ဒီေကာင္ ဗဟိုကင္းမွာ ကင္းသားတာ၀န္က်ျဖစ္ေနျပီ
အရက္ကေတာ့ေသာက္တုန္း သူ႔မိန္းမ ကခ်င္မေလးက က်ေတာ့္ကိုလာလာတိုင္တုန္း
ဒီလိုနဲ႔က်ေတာ္ စစ္တကၠသိုလ္ကို တပ္ေျပာင္းခဲ့ရတယ္
သန္းလႈိင္ကိုယ္တိုင္ က်ေတာ္ေသတၱာကို ကားေပၚလိုက္ထမ္းတင္ေပးတယ္
ဗိုလ္ၾကီး တပ္ကို၀င္လည္ေနာ္ လို႔တစ္ဖြဖြေျပာေနတာ
က်ေတာ္ တပ္ေျပာင္းျပီး တစ္ႏွစ္အၾကာမွာ မိခင္တပ္ေမြးေန႔ကိုေရာက္ေတာ
သန္းလႈိင္က ခေလးခ်ီလို႔ ေျပးလာတယ္
ဗိုလ္ၾကီး တူက ၾကီးေနျပီဗ်လို႔ေျပာတယ္
သူ႔မိန္းမက ေနာက္တစ္ဗိုက္နဲ႔
ဗိုလ္ၾကီးတပည့္လိမ္မာေနျပီဗ် အရက္မေသာက္ေတာ့ဘူး
မိန္းမလဲ ေနာက္တစ္ဗိုက္နဲ႔ဗ်
ေအး ေကာင္းတယ္ကြာ ေကာင္းတယ္ 
က်ေတာ္ အဲတုန္းကမိခင္တပ္ရဲ႕ တပ္ေမြးေန႔ကိုသြားတဲ့အေၾကာင္းေတာင္ စာေရးဘူးေသးတယ္
ဒီလိုနဲ႔ က်ေတာ္ တာ၀န္နဲ႔ မႏၱေလးကိုသြားဘို႔ရွိေတာ့ အခ်ိန္ရတာနဲ႔တပ္ကို၀င္တယ္
ဘယ္သူ႔ကိုမွအသိမေပးဘဲ အလြမ္းေျပ တပ္ကိုကားနဲ႔တစ္ပါတ္ေလာက္ပတ္ၾကည့္တယ္
အားလံုးက တိတ္ဆိတ္ျငိမ္သက္ေနတာပဲ
အိမ္ေထာင္သယ္လိုင္းဘက္သြားေတာ့လဲ ကိုယ့္အလုပ္ကိုယ္လုပ္ေနၾကတာေပါ့ 
က်ေတာ္မွန္းလဲမသိၾကပါဘူး
အရာရွိရိပ္သာေရာက္ေတာ့ တပ္ေရးဗိုလ္ၾကီးလုပ္ေနတဲ့ ညီေလးက
ဟာ ကိုထူးၾကီး ဘယ္လိုလုပ္ေရာက္လာတာလဲ
ေအး မန္းေလသြားရင္း၀င္လာတာကြာ
ျငိမ္လွခ်ည္လားကြ မင္းတို႔တပ္က
ျငိမ္ဆို ကခ်င္ဘက္ထြက္ေနတယ္ေလအစ္ကိုၾကီးရ
ေအာ္ ျပန္မလာၿကေသးဘူးလား
၆ လေက်ာ္ျပီဗ် မလာၾကေသးဘူး
ေအးကြာ ရဲေမေတြလဲမေတြ႔ပါလား
ခန္းမမွာ ဒါဘာရွိတယ္ေလ က်ေတာ္လဲသြားမလို႔
အစ္ကိုၾကီးလိုက္ႏွတ္ဆက္ပါအံုးလား
ေအးေကာင္းသားဘဲ
ဒီလိုနဲ႔ က်ေတာ္တပ္ရင္းခန္းမေရာက္ေတာ့ အားလံုးက အားရ၀မ္းသာၾကိဳက်တယ္
ရဲေမေတြကလဲ ဗိုလ္ၾကီးပိန္သြားတယ္လို႔ေျပာသူကေျပာ 
ဗိုလ္ၾကီး မိန္းမမယူေသးဘူးလား လို႔ စသူကစ
က်ေတာ္တို႔ ေျခလ်င္တပ္ကေလးရဲ႕ခ်စ္စရာေကာင္းတဲ့ဓေလးေလးတစ္ခုမွာ
က်ေတာ့္စိတ္ေတြလန္းဆန္းသြားတယ္
ဒါနဲ႔ ဟိုေကာင္သန္းလႈိင္ မိန္းမေလးေရာ
တပ္ေရးဗိုလ္ၾကီးက မ်က္ႏွာပ်က္သြားတယ္
ေနာက္ျပီး ခြဲ ၂ က ဒုအရာခံဗိုလ္ၾကီးကို ေမးေငါ့ျပတယ္
ခင္ဗ်ားေျပာလိုက္ဆိုတဲ့ပံုစံေပါ့
အဲမွာ တပ္ရင္း တပ္ေထာက္အရာခံဗို္လ္ၾကီးက ၀င္ေျပာတယ္
သူက က်ေတာ္ခြဲ ၂ တုန္းက တပ္ခြဲ အရာခံဗိုလ္ပဲရွိေသးတာ
(ဗိုလ္ၾကီး သန္းလႈိင္က အရင္တစ္ပါတ္ကပဲ ကခ်င္မွာ က်သြားျပီ )
ဟာ.......
ဘယ္လိုျဖစ္ရတာလဲဗ်ာ
ေခ်ာင္းပစ္တာ ဗိုလ္ၾကီး
ပြဲခ်င္းျပီး က်သြားတာပဲ
ဒါဆို ဟို သူ႔မိန္းမကခ်င္မေလးကေရာ
ေကာင္မေလးက ကေလးတစ္ေယာက္နဲ႔ တစ္ဗိုက္နဲ႔က်န္ခဲ့တယ္ဗိုလ္ၾကီး
ေလာေလာဆယ္ေတာ့ တပ္ကေစာင့္ေရွာက္ထားရတာေပါ့
အဲေကာင္မေလးေရာ သူ႔အိမ္မွာရိွလား
ရွိတယ္ ဗို္လ္ၾကီး
လာဗ်ာ က်ေတာ့္လိုက္ပို႔ သြားၾကရေအာင္
အိမ္ေရာက္ေတာ့ ဗိုက္ဖံုးအက်ီၤ ၤ၀တ္ထားတဲ့ ရဲေမ ေလးက က်ေတာ့္ကိုျမင္ျပီးငိုတယ္
သန္းလႈိင္သား အၾကီးေကာင္ေလးေတာင္ ေတာ္ေတာ္ၾကီးေနျပီ
သူကေတာ့ က်ေတာ္တို႔ဘာေျပာေနၾကမွန္း နားလည္မယ္ မထင္ပါဘူး
က်ေတာ္လဲ တတ္ႏိုင္သမွ် အားေပးခဲ့ျပီး 
တတ္ႏိုင္သေလာက္ေထာက္ပံ့ခဲ့တယ္
ျပီးတာနဲ႔တပ္မွာရွိတဲ့ ရဲေမေတြ စစ္သည္ေတြကို ႏႈတ္ဆက္ျပီးက်ေတာ္ျပန္လာခဲ့တယ္
တပ္ကေန အထြက္ေပါက္ေရာက္ခါနီးမွာ
ကခ်င္တိုင္းရင္းသူေလးတစ္ေယာက္ရဲ႕ 
ခင္ပြန္းဟာ ကခ်င္ျပည္နယ္မွာပဲ က်ဆံုးသြားတာပါလားလို႔ က်ေတာ္ေတြးမိတယ္
ေနာက္ျပီး က်ေတာ့္ကားကိုခဏရပ္ျပီး ေနာက္ကိုငဲ့ၾကည့္လိုက္မိတယ္
(ဘူးသီးတစ္လံုးပိုက္ျပီး စစ္သည္တစ္ေယာက္မ်ား ေျပးလိုက္လာမလားလို႔ပါ............)
(၂၀၁၂ ခုႏွစ္က ကခ်င္ျပည္နယ္ ေရွ႕တန္းစစ္ေျမႏွာျပင္တြင္က်ဆံုးခဲ့ေသာ
တပ္သားသန္းလႈိင္ အားေလးစားဂုဏ္ျပဳလ်ွက္)
တစ္ခ်ိန္က သန္းလႈိင္ရဲ႔ တပ္စုမႈး

credit- ထူးေ၀
Image may contain: one or more people, hat and outdoor

ဗိုလ်ကြီး.....ဗိုလ် ကြီးး
ခဏရပ်ပါအုံး
ဗိုလ်ကြီး
ကားခဏရပ်ပါအုံး
အသံက အားကုန်အော်နေတဲ့အသံ 
မောဟိုက်နေတဲ့အသံမျိုး
အော်သံကြားလို့ ကားပြတင်းပေါက်ကနေလှည့်ကြည့်မိတော့
ကားနောက်ကို ဘူးသီးတစ်လုံးပိုက်ပြီး ပြေးလိုက်လာတဲ့ စစ်သည်တစ်ယောက်
ခြေထောက်မှာလဲ ဖိနပ်မပါ
ကားဆရာ ခဏလောက်ရပ်ပါအုံး
ကားဆရာကို ကားခဏရပ်ခိုင်းလိုက်တယ်။ ဘယ်သူများလိုက်လာတာလဲ၊ ဘာအရေးအကြီးကိစ္စများရှိလို့လဲ လို့တွေးမိလိုက်တယ်
ဒီလိုနဲ့ ကားနောက်ကိုအမောတကောနဲ့ပြေးလိုက်လာတဲ့စစ်သည်ကို အနားရောက်မှသေချာကြည့်မိတော့
"သန်းလှိုင်"
ဟ သန်းလှိုင်ပါလား မင်းကိုငါ ခုနက အရာရှိရိပ်သာမှာမတွေ့လို့မေးသေးတယ်
ဘယ်သွားနေတာလဲ
ကျတော်အရာရှိရိပ်သာမှာဟုတ်တော့ဘူး ဗိုလ်ကြီးရ
တပ်ခွဲကိုပြန်ရောက်နေပြီ နောက်ပီး မိန်းမရနေပြီဗျ
ဟဟ ဟုတ်လားကွ....
ဘယ်ကောင်မလေးတုန်း ဟို..ရွာထဲကကောင်မလေးပဲလား
ဟုတ်တယ်လေဗိုလ်ကြီး
ဗိုလ်ကြီးတောင် ကျွန်တော် သူနဲ့ သွားချိန်းတွေ့တုန်းက
တန်းစီပျက်ကွက်လို့ ကျတော့်ကို ဘောလုံးကွင်း ၅ ပါတ်ပြေးခိုင်းဘူးတယ်လေ
ဟဟ ဟုတ်ပါပြီတပည့်ရာ
နေစမ်းပါအုံး မင်းလက်ကဘူးသီးက ဘာတုန်း
အိမ်မှာသီးတာ ဗိုလ်ကြီးရ သက်သာဆိုင်သွားသွင်းမလို့
ဆရာကြီးစိုးဝင်းက မင်းဆရာဗိုလ်ကြီးထူးဝေအောင် ရောက်နေတယ်ဆိုလို့
ကျတော်ပြေးလာတာ ဗိုလ်ကြီးက ရောက်တာတောင် ကျတော့်ကိုမရှာဘူးဗျာ
မဟုတ်ပါဘူးကွ ငါလည်းအချိန်မရလို့ အခုသင်တန်းကနေ ခွင့်ပြန်လာတာ
တပ်ကိုခဏဝင်လည်တာ မင်းကိုအရာရှိရိပ်သာမှာဘဲထင်လို့မေးပါသေးတယ်
ရိပ်သာက ရဲဘော်ကအသစ်ထင်တယ် မင်းဘယ်တပ်ခွဲရောက်သွားလဲမသိဘူး
ဟုတ်ကဲ့ပါ ဒါကြောင့်ကျတော်လဲ အရာရှိရိပ်သာပြေးလာတာ
ကျတော်ရောက်တော့ ဗိုလ်ကြီးကားက ထွက်သွားပြီဗျ
အဲဒါနဲ့ပြေးလိုက်လာတာ
ဗိုလ်ကြီးကိုတွေ့ချင်လို့ဗျ နောက်ပြီးမိန်းမရနေပြီဆိုတာလဲပြောချင်လို့
ဒါနဲ့ဗိုလ်ကြီး ဒီဘူးသီးကြီးယူသွားပါလား
ဟ ငါကဒီဘူးသီးကြီးဘာလုပ်ရမှာတုန်းဟ
မင်းဘာသာမင်း သက်သာဆိုင်သွားသွင်းပါကွာ
ဟုတ်တယ်နော် ဗိုလ်ကြီးက ဒီဘူးသီးဘာလုပ်ရမှာတုန်း
ကျတော်လဲ ပေးစရာမရှိလို့ဗိုလ်ကြီးရ
ပြောပြောဆိုဆို ဘူးသီးကိုဘေးချပြီး ထိုင်ကန်တော့တယ်
ဟဟ ဟေ့ကောင် လမ်းမလယ်ကြီးမှာကွာ
နောက်ပြီးမင်းငါ့ထက် အသက်တစ်နှစ်ကြီးတယ်မလား
ရပါတယ်ဗျ ကျတော့်လို အရက်သမား ငမူးတစ်ယောက်ကို
လူလိုသူလိုဖြစ်အောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ကြီးကျေးဇူးကို ကန်တော့တာပါ
ရပါတယ်ကွာ ထထထ မင်းအဲလောက် လိမ်မာနေရင်ပဲ ငါကျေနပ်ပါပြီ
ပြောပြောဆိုဆို ကျတော်လဲ သူ့ကို မုန့်ဖိုးငါးထောင်ထုတ်ပေးတယ်
ပြုံးသွားတဲ့သူ့မျက်နှာက ပီဘိ ကလေးလေးတစ်ယောက်လို
သူ့ခေါင်းကို လက်နဲ့ပုတ်ပြီး
လိမ်လိမ်မာမာနေတော့ကြားလား
အရင်လို မူးပြီး ဓါတ်တိုင်အောက်အိပ်နေလို့ကတော့
ကလေးအဖေဖြစ်နေလဲ ငါကိုယ်တိုင်မင်းကို ဒုတ်နဲ့ရိုက်မယ်
စိတ်ချပါဗိုလ်ကြီးရ တပည့်လိမ်မာနေပါပြီ
အေးအေးငါသွားပြီ
ဟုတ်
လေးပြု.........................
အနားမှာဘယ်သူမှာမရှိဘဲတစ်ယောက်တည်းအသံအကျယ်ကြီးနဲ့ အလေးပြုလို့အော်ပြီး ကျတော့်ကိုအလေးပြုတဲ့ သူ့အမူအရာကိုကြည့်ပြီး ပြုံးပြီးအလေးပြန်ပြုလိုက်တယ်
အိမ်ကကားမောင်းတဲ့ကားဆရာက ကျတော့်ကိုပြောတယ်
ကိုငယ်လေး မင်းတောင်လူကြီးဖြစ်နေပြီနော်တဲ့
နောက်ပြီး မင်းတို့ တပ်ရဲ့ဓလေ့ထုံးစံလေးက ချစ်စရာကောင်းလိုက်တာကွာတဲ့
အဲတုန်းက အချိန်က ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်
ကျတော်ကျောင်းဆင်းပြီး မိခင်တပ်မှာ တစ်နှစ်ကျော်တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်
မေမြို့မှာ သင်တန်းတက်ရတယ်သင်တန်း ကနေအိမ်ကိုခွင့်ပြန်တော့တပ်ကိုဝင်ပြီး လည်တဲ့အချိန်
အဲတုန်းက ပြည်ပကို မဟာသိပ္ပံဘွဲ့သွားယူဘို့သင်တန်းတက်နေရတဲ့အချိန်
ခွင့်ပြန်လာပြီးတာနဲ့ ပြည်ပကိုထွက်ရတော့မယ်ဒါ့ကြောင့် သင်တန်းကနေခွင့်ပေးလိုက်တာ
ကျတော့်တပ်က ကျတော်အိမ်ကိုပြန်မယ့်လမ်းပေါ်မှာရှိတယ်
အိမ်ကကားလာကြိုတော့ဝင်လည်ဘို့လဲအဆင်ပြေတာနဲ့ဝင်လည်တာ
အဲတုန်းကအဖြစ်အပျက်လေးတစ်ခုပါ
ကျတော်တို့ကျောင်းဆင်းခါစ ၂၀၀၆ လောက်မှာ မိခင်တပ်ကိုစရောက်တယ်
သန်းလှိုင်က အဲတုန်းက အရာရှိရိပ်သာမှာ တာဝန်ကျနေတာပေါ့
အဲဒီမှာဒီကောင်နဲ့စတွေ့တာပဲ
ကျတော်က တပ်ကိုရောက်ရောက်ချင်း ခွဲ ၂ တပ်စုမှုးကိုင်ရတယ်
ဆိုက်ဆိုက်မြိုက်မြိုက် သန်းလှိုင်ကလဲ ခွဲ ၂ က
အဲတုန်းက အရာရှိရိပ်သာမှာရိပ်သာတာဝန်ကျတွေအဖြစ်နဲ့ 
တပ်ခွဲလိုက်က စစ်သည်တွေ တစ်ယောက်စီလာနေရတယ်
သန်းလှိုင်က ခွဲ ၂ ဆိုတော့ ဒီကောင့်ကို အနီးကပ်ကြီးကြပ်ဘို့ 
တပ်ခွဲမှုးက ကျတော့်ကို ပြောထားတယ်
သန်းလှိုင်က ကျတော့်ဆိုကြောက်လဲကြောက်တယ် ချစ်လဲချစ်တယ်
ကျတော့်အခန်းထဲဝင်ပြီး တွေ့တဲ့အဝတ်အကုန်ဆွဲချသွားတတ်တယ်
ပြီးရင် ဘာမှန်းမသိညာမှန်းမသိ အကုန်လုံးရေစိမ်ပြီးလျှော်တာပဲ
မနည်းပြောထားရတယ်
ဖိနပ်တွေဘာတွေလဲယူတိုက်လို့ ငေါက်ငမ်းထားရတယ်
ဘာပဲပြောပြော ကျတော့်စိတ်က ကိုယ်စီးတဲ့ဖိနပ်ကို တပည့်က တိုက်ပေးရတာမျိုးမလိုချင်ဘူး
ယူလဲမတိုက်စေချင်ဘူး
သန်းလှိုင်က ရိုကျိုးတယ် ရိုးသားတယ်ဒါပေမယ့် ညညဆိုရင်တော့ မူးပါလေရော 
တော်တော်အရက်သောက်တဲ့ကောင် တစ်ခါကဆိုလည်း ဓါတ်မီးတိုင်အောက် ပုဆိုးခြုံအိပ်နေတာ
ခွဲ ၃ က တပ်စုမှုး တစ်ပါတ်စဉ်တည်း သူငယ်ချင်းက တွေ့တော့ခေါ်လာတယ်
ထူးဝေအောင် မင်းတပည့် ဒေါ်ပုတို ဆိုင်ရှေ့က ဓါတ်တိုင်အောက်မှာ မူးပြီးအိပ်နေတယ်
ဆုံးမလိုက်အုံးတဲ့ အဲတုန်းက ကောင်းကောင်း ဗေလိုက်တယ်
( သောက်ချင်ရင်သောက် အဆင့်တန်းရှိရှိသောက် 
လူလိုသူလိုသောက်
ကမ္ဘာပေါ်မှာ အရက်သောက်တဲ့သူအားလုံး အရက်ရဲ့မကောင်းကြောင်းကို မသိတဲ့ကောင်
တစ်ယောက်မှမရှိဘူး
အဲတော့သောက်ချင်သပ ဆိုရင်ငါမပြောဘူး ဒါပေမယ့်နောက်တစ်ခါ
ခွေးလိုနွားလိုသောက်ရင် မင်းကိုလဲငါက ခွေးလိုနွားလိုပဲဆက်ဆံမယ် )
အဲဒါ သန်းလှိုင်ကိုကျတော်အမြဲပြောနေကြစကား
၂၀၁၁မှာ ကျတော် ပြည်ပကနေပြန်လာတယ် တပ်ကိုရောက်ပြီး
စစ်ဆင်ရေးထွက်ရတယ် အဲတုန်းက ကျတော်ခွဲ ၄ ဒုတပ်ခွဲမှုးနဲ့
သန်းလှိုင်ကတော့ ခွဲ ၂ မှာဘဲ
ဒီကောင်လဲ မိန်းမနဲ့ခလေးတစ်ယောက်နဲ့ဖြစ်နေပြီ
နောက်တော့ ကျတော်တပ်ထောက်ဗိုလ်ကြီးဘဝမှာ
ဒီကောင် ဗဟိုကင်းမှာ ကင်းသားတာဝန်ကျဖြစ်နေပြီ
အရက်ကတော့သောက်တုန်း သူ့မိန်းမ ကချင်မလေးက ကျတော့်ကိုလာလာတိုင်တုန်း
ဒီလိုနဲ့ကျတော် စစ်တက္ကသိုလ်ကို တပ်ပြောင်းခဲ့ရတယ်
သန်းလှိုင်ကိုယ်တိုင် ကျတော်သေတ္တာကို ကားပေါ်လိုက်ထမ်းတင်ပေးတယ်
ဗိုလ်ကြီး တပ်ကိုဝင်လည်နော် လို့တစ်ဖွဖွပြောနေတာ
ကျတော် တပ်ပြောင်းပြီး တစ်နှစ်အကြာမှာ မိခင်တပ်မွေးနေ့ကိုရောက်တော့
သန်းလှိုင်က ခလေးချီလို့ ပြေးလာတယ်
ဗိုလ်ကြီး တူက ကြီးနေပြီဗျလို့ပြောတယ်
သူ့မိန်းမက နောက်တစ်ဗိုက်နဲ့
ဗိုလ်ကြီးတပည့်လိမ်မာနေပြီဗျ အရက်မသောက်တော့ဘူး
မိန်းမလဲ နောက်တစ်ဗိုက်နဲ့ဗျ
အေး ကောင်းတယ်ကွာ ကောင်းတယ် 
ကျတော် အဲတုန်းကမိခင်တပ်ရဲ့ တပ်မွေးနေ့ကိုသွားတဲ့အကြောင်းတောင် စာရေးဘူးသေးတယ်
ဒီလိုနဲ့ ကျတော် တာဝန်နဲ့ မန္တလေးကိုသွားဘို့ရှိတော့ အချိန်ရတာနဲ့တပ်ကိုဝင်တယ်
ဘယ်သူ့ကိုမှအသိမပေးဘဲ အလွမ်းပြေ တပ်ကိုကားနဲ့တစ်ပါတ်လောက်ပတ်ကြည့်တယ်
အားလုံးက တိတ်ဆိတ်ငြိမ်သက်နေတာပဲ
အိမ်ထောင်သယ်လိုင်းဘက်သွားတော့လဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပေါ့ 
ကျတော်မှန်းလဲမသိကြပါဘူး
အရာရှိရိပ်သာရောက်တော့ တပ်ရေးဗိုလ်ကြီးလုပ်နေတဲ့ ညီလေးက
ဟာ ကိုထူးကြီး ဘယ်လိုလုပ်ရောက်လာတာလဲ
အေး မန်းလေသွားရင်းဝင်လာတာကွာ
ငြိမ်လှချည်လားကွ မင်းတို့တပ်က
ငြိမ်ဆို ကချင်ဘက်ထွက်နေတယ်လေအစ်ကိုကြီးရ
အော် ပြန်မလာကြသေးဘူးလား
၆ လကျော်ပြီဗျ မလာကြသေးဘူး
အေးကွာ ရဲမေတွေလဲမတွေ့ပါလား
ခန်းမမှာ ဒါဘာရှိတယ်လေ ကျတော်လဲသွားမလို့
အစ်ကိုကြီးလိုက်နှတ်ဆက်ပါအုံးလား
အေးကောင်းသားဘဲ
ဒီလိုနဲ့ ကျတော်တပ်ရင်းခန်းမရောက်တော့ အားလုံးက အားရဝမ်းသာကြိုကျတယ်
ရဲမေတွေကလဲ ဗိုလ်ကြီးပိန်သွားတယ်လို့ပြောသူကပြော 
ဗိုလ်ကြီး မိန်းမမယူသေးဘူးလား လို့ စသူကစ
ကျတော်တို့ ခြေလျင်တပ်ကလေးရဲ့ချစ်စရာကောင်းတဲ့ဓလေးလေးတစ်ခုမှာ
ကျတော့်စိတ်တွေလန်းဆန်းသွားတယ်
ဒါနဲ့ ဟိုကောင်သန်းလှိုင် မိန်းမလေးရော
တပ်ရေးဗိုလ်ကြီးက မျက်နှာပျက်သွားတယ်
နောက်ပြီး ခွဲ ၂ က ဒုအရာခံဗိုလ်ကြီးကို မေးငေါ့ပြတယ်
ခင်ဗျားပြောလိုက်ဆိုတဲ့ပုံစံပေါ့
အဲမှာ တပ်ရင်း တပ်ထောက်အရာခံဗိုလ်ကြီးက ဝင်ပြောတယ်
သူက ကျတော်ခွဲ ၂ တုန်းက တပ်ခွဲ အရာခံဗိုလ်ပဲရှိသေးတာ
(ဗိုလ်ကြီး သန်းလှိုင်က အရင်တစ်ပါတ်ကပဲ ကချင်မှာ ကျသွားပြီ )
ဟာ.......
ဘယ်လိုဖြစ်ရတာလဲဗျာ
ချောင်းပစ်တာ ဗိုလ်ကြီး
ပွဲချင်းပြီး ကျသွားတာပဲ
ဒါဆို ဟို သူ့မိန်းမကချင်မလေးကရော
ကောင်မလေးက ကလေးတစ်ယောက်နဲ့ တစ်ဗိုက်နဲ့ကျန်ခဲ့တယ်ဗိုလ်ကြီး
လောလောဆယ်တော့ တပ်ကစောင့်ရှောက်ထားရတာပေါ့
အဲကောင်မလေးရော သူ့အိမ်မှာရှိလား
ရှိတယ် ဗိုလ်ကြီး
လာဗျာ ကျတော့်လိုက်ပို့ သွားကြရအောင်
အိမ်ရောက်တော့ ဗိုက်ဖုံးအကျီၤ ၤဝတ်ထားတဲ့ ရဲမေ လေးက ကျတော့်ကိုမြင်ပြီးငိုတယ်
သန်းလှိုင်သား အကြီးကောင်လေးတောင် တော်တော်ကြီးနေပြီ
သူကတော့ ကျတော်တို့ဘာပြောနေကြမှန်း နားလည်မယ် မထင်ပါဘူး
ကျတော်လဲ တတ်နိုင်သမျှ အားပေးခဲ့ပြီး 
တတ်နိုင်သလောက်ထောက်ပံ့ခဲ့တယ်
ပြီးတာနဲ့တပ်မှာရှိတဲ့ ရဲမေတွေ စစ်သည်တွေကို နှုတ်ဆက်ပြီးကျတော်ပြန်လာခဲ့တယ်
တပ်ကနေ အထွက်ပေါက်ရောက်ခါနီးမှာ
ကချင်တိုင်းရင်းသူလေးတစ်ယောက်ရဲ့ 
ခင်ပွန်းဟာ ကချင်ပြည်နယ်မှာပဲ ကျဆုံးသွားတာပါလားလို့ ကျတော်တွေးမိတယ်
နောက်ပြီး ကျတော့်ကားကိုခဏရပ်ပြီး နောက်ကိုငဲ့ကြည့်လိုက်မိတယ်
(ဘူးသီးတစ်လုံးပိုက်ပြီး စစ်သည်တစ်ယောက်များ ပြေးလိုက်လာမလားလို့ပါ............)
(၂၀၁၂ ခုနှစ်က ကချင်ပြည်နယ် ရှေ့တန်းစစ်မြေနှာပြင်တွင်ကျဆုံးခဲ့သော
တပ်သားသန်းလှိုင် အားလေးစားဂုဏ်ပြုလျှက်)
တစ်ချိန်က သန်းလှိုင်ရဲ့ တပ်စုမှုး

0 comments:

Post a Comment