အပြစ်ပြောနေတဲ့ လူတွေ
credit

စစ်တပ် မရှိလည်း ဘာမှ မဖြစ်ပါဘူးကွာ .....
ဆိုတဲ့ လူတွေကို သတိရမိတယ် ...... ။
စစ်လက်နက်တွေ ဝယ်မဲ့အစား၊ ကလေးတွေ အတွက် ခဲတံဝယ်လိုက်ပါလား.....
ဆိုတဲ့ မင်းသမီးကိုလည်း မြင်ယောင် မိတယ် ...... ။
လူလူချင်းသတ်တဲ့ စစ်သားကြီးမို့ ၊ အိပ်မက်ထဲမှာ စစ်သားကြီးဖြစ်ချင်တဲ့၊
အဆိုတော်ကြီးကိုလည်း လွမ်းနေမိတယ် ........ ။
စစ်ဖိနပ်အောက်ပြန်ရောက်ချင်လားလို့ ခြိမ်းခြောက်သွားတဲ့၊
၈၈ကြီးကိုလည်း ခေါ်ပြချင်မိတယ် ....... ။
ဘယ်သူတွေ ဘယ်လိုပဲပြောပြော၊
အပြစ်ပြောနေတဲ့ လူတွေ
ဘယ်တော့မှ ရောက်မလာတက်တဲ့ နေရာတွေမှာ
စစ်သားတွေ ပေးဆပ်ရင်း ပျော်နေကြရတယ်ဆိုတာ
ထိုသူတို့ မဟုတ်တဲ့သူတွေ သိကြပါစေ ....... ။
0 comments:
Post a Comment