Saturday, September 15, 2018

သူရဘြဲ႕ ရရွိခဲ့တဲ့ တပ္ႀကပ္ႀကီး သန္းေဌးေအာင္


သူရဘြဲ႕ ရရွိခဲ့တဲ့ တပ္ႀကပ္ႀကီး သန္းေဌးေအာင္
===============================

တပ္ႀကပ္ႀကီး သူရသန္းေဌးေအာင္ရဲ႕
မိခင္တပ္ရင္းကေတာ့ ခလရ ၅၆ ျဖစ္ပါတယ္...

ယခု လက္ရွိတပ္ရင္းကုိ ဒုတိယတပ္ႀကပ္ရာထူးနဲ႔​ေျပာင္းေရႊ႕တာဝန္
ထမ္းေဆာင္ခဲ့တာပါပဲ....

သူ႔အေနနဲ႔ မိခင္တပ္ရင္းကုိ အလြန္ခ်စ္ျမတ္ႏုိးပါတယ္...
တပ္ထဲေရာက္ရင္ အရင္က ဆရာႀကီးေတြနဲ႔ သူ ရဲေဘာ္ဘဝက 
ထမင္းစားခဲ့တဲ့ ဆရာတစ္ေယာက္အိမ္ကုိ အျမဲလာျပီး 
ကန္​ေတာ့ေလ့႐ွိပါတယ္...

ႏုိင္ငံေတာ္က ေပးတဲ့ သူရဘဲြ႔ကုိရ႐ွိခဲ့​ေပမယ့္
ဘဝင္ျမင့္တာေတြမရွိတဲ့လူပ်ဳိႀကီးတစ္ေယာက္ပါ...

သူလာရင္ လုိင္းထဲက ကေလးေတြကုိ တန္းစီျပီး မုန္​႔ဖုိးေပးပါတယ္...

သူရဘြဲ႔အတြက္ရတဲ့ လစဥ္​ေထာက္​ပံ့​ေငြက ကေလးေတြကုိမုန္႕ဖုိးေပးတာနဲ
ကုန္တာမ်ားပါတယ္...

သူ သူရဘြဲ႔ရခဲ့တာကလည္း သူရဲ႕ ရဲေဘာ္စိတ္ရွိမႈနဲ႔
ကံေကာင္းမႈ​ေၾကာင့္ လုိ႔ သူေျပာျပပါတယ္...

ခ်င္းလူမ်ဳိးျဖစ္ျပီး ပညာအရည္အခ်င္း ၄ တန္းသာရွိေသာ္လည္း ရုိးသား
ပြင့္လင္းသူျဖစ္ပါတယ္.... သူနဲ႔​ေတြ႕​တဲ့အခ်ိန္​က သူခြင့္ျပန္လာတာပါ...
သူ သူရဘဲြ႕ ရရွိခဲ့တဲ့စစ္ဆင္ေရးကေတာ့ ကခ်င္ျပည္နယ္
စစ္ဆင္ေရးမွာျဖစ္ပါတယ္....

ခမရ ၆၀၂မွ KIA စခန္းကုန္းမ်ားကုိ တုိက္ခုိ္​က္​ရာမွာ ဒုတပ္စိတ္မွဴ းအဆင့္နဲ႔ပါဝင္တုိက္ခုိက္ခဲ့ပါတယ္...

သူတုိက္ခဲ့တဲ့တုိက္ပြဲမွာ ေတာင္ကုန္းတစ္ခုကုိ သူတပ္စိတ္က 
ဦးစီးျပီးတုိက္ခဲ့တာ သူအပါအဝင္
စစ္သည္ေတာ္ေတာ္မ်ားမ်ား ဒဏ္ရာရ က်ဆုံးျပီးမွ ေတာင္ကုန္းကုိရခဲ႕တယ္လုိ႔​ေျပာပါတယ္...

အဲဒီအခ်ိန္မွာ သူရသန္းေဌးေအာင္ရဲ႕ ေခါင္းမွာ ရန္သူ႔က်ည္ထိျပီး 
၄ လက္မေလာက္ ကြဲတဲ့ဒဏ္ရာ ရရွိထားပါတယ္...

စစ္ေႀကာင္းမွဴ းက ေရွ႕တန္းဗ်ဴ ဟာေဆးခန္းမွာေဆးကုဖုိ႔ ရဟတ္ယာဥ္နဲ႔
ထည့္ေပးပါတယ္...အဲဒါကုိ သူက ဒီေလာက္ဒဏ္ရာနဲ႔ 
စစ္တုိက္လုိ႔ရပါေသးတယ္ဆုိျပီး ဒဏ္ရာကုိေဆးထည့္ပတ္​တီးစီးျပီး
တုိက္ပြဲဝင္ခဲ႕ကာ အဲဒီတုိက္ပြဲမွာတပ္ႀကပ္အဆင့္ကုိ ရ႐ွိကာ 
တပ္စိတ္မွဴ းျဖစ္ခဲ့ယ္လုိ႔​ေျပာျပပါတယ္...

ရက္နည္းနည္းႀကာေတာ့ ေနာက္ေတာင္ကုန္း
တစ္ကုန္းကုိထပ္ျပီးတုိက္ရပါတယ္...

KIA ေတြကအင္အားမ်ားျပီးထုနဲ႔ ခံစစ္ဆင္ပါတယ္....

ေလယာဥ္သုံးဖုိ႔အတြက္အကန္႔အသတ္ရွိတဲ့ေနရာျဖစ္တဲ႕အတြက္ အကူအညီမရပါ...

သူ တပ္စိတ္အေနနဲ႔ ထမင္းမခ်က္ရပဲ
ရန္သူနဲ႔ အနီးဆုံးေနရာမွာ ဆုိင္ထားျပီး
တုိက္ခုိက္ရပါတယ္...

ရက္ႀကာလာနဲ႔အမ်ွ ရိကၡာျပတ္လာပါတယ္...
ရွိတဲ့​ေခါက္ဆြဲေျခာက္ေတြကုိ ဝါးစားေရေသာက္ျပီး
တုိက္ပြဲကုိဆက္တုိက္ခဲ႕ပါတယ္...
သူတပ္စိတ္က ကရင္ေလးတစ္ေယာက္က 
ဆရာ ထမင္းစားခ်င္လုိက္တာ လုိ႔ ​ေျပာတယ္... 
က်န္တဲ့သူေတြကလည္း ဆရာ ဟုတ္တယ္ 
ကြ်န္ေတာ္တုိ႔ ထမင္းေကာင္းေကာင္း မစားရတာ
ရက္ေတြမ်ားေနျပီလုိ႔ ​ေျပာႀကတယ္...

အဲဒီမွာ တပ္ႀကပ္သန္းေဌးေအာင္က 
ငါလဲဆာတာပဲ တပည့္တုိ႔ရာ...
ဟုိမွာျမင္လား 
ရန္သူ႔ ​ေတာင္ကုန္း...👉 
အဲေတာင္ကုန္းကုိ
ရရင္​ ထမင္းအဝစားရမယ္...
တုိက္မလား တပည့္တုိ႔....လုိ႔ေျပာေတာ့...
ဆရာေတာင္တုိက္ႏုိင္ေသးတာပဲ..

တပည့္တုိ႔လည္​း
တုိက္ႏုိင္တာေပါ့လုိ႔ ​ေျပာႀကပါတယ္...

အဲဒါနဲ႔ တပ္ႀကပ္သန္းေဌးေအာင္က
တပ္ခြဲမွဴ းကုိတင္ျပ.. တပ္ခြဲမွဴ းကမွ
လက္နက္ႀကီးအဖြဲ႔နဲ႔ စစ္ေႀကာင္းမွဴ းထံ
ညွိႏွဳိင္းတင္ျပျပီး အင္အားႀကီးရန္သူကုိ 
တက္တုိက္ခဲ႕ပါတယ္....

ပထမအဆင့္အေနနဲ႕လက္နက္ႀကီးအဖြဲ႔က
တစ္လုံး ႏွစ္လုံး စ,ပစ္ပါတယ္...

ပစ္ျပီးရင္ဆုိင္ထားတဲ့ တပ္ႀကပ္သန္းေဌးေအာင္တုိ႔တပ္စိတ္က 
က်ား..... ဆုိျပီး အသံနဲ႔ က်ားထုိးပါတယ္....

လူကေတာ့ မတက္ေသးပါဘူး.....

ရန္သူက တရုတ္​စက္လတ္​၊​ ပြိဳင့္.5စက္ေသနတ္
ျကီးေတြနဲ႔ အဆက္မျပတ္ပစ္ေနသလုိ 
တရုတ္လက္ပစ္ဗုံးေတြကုိလည္​း ေတာင္ေပၚကေန လွိမ့္ခ်ေနပါတယ္...

လူမတက္ပဲ လက္နက္ႀကီးပစ္..
အသံေပး...လုပ္ေနေတာ့ 
ရန္သူေတြက ပစ္အားေလ်ာ့လာပါတယ္....

ေနာက္ ၅ ခါေလာက္လုပ္ေတာ့ 
အဟုတ္မလာပါဘူးဆုိျပီး
ျပန္ေတာင္မပစ္ေတာ့ပါဘူး...

အဲဒီအခ်ိန္က်မွ လက္နက္ႀကီးေတြ
စုျပဳံ ပစ္ခတ္ျပီးလက္နက္ငယ္နဲ႔ပစ္တက္ တက္ကာ 
စခန္းနဲ႔အနီးဆုံးေနရာ အထိ တုိးသြားပါတယ္....

တပ္ႀကပ္သန္းေဌးေအာင္ တပ္စိတ္
ရန္သူ႔ကာကင္းနားေရာက္တဲ့အထိ ရန္သူမသိေသးပါဘူး...

အနီးဆုံးဆက္သြယ္ေရးေျမာင္းနားေရာက္မွ က်ား...ဆုိျပီး 
က်ားထုိးတက္ကာ ျမင္သမွ်ကုိ
အနီးကပ္ပစ္ခတ္တုိက္ခုိက္တာ ပထမ
ဆက္သြယ္ေရးကာကင္းကုိရခဲ႕ပါတယ္...

မိမိဘက္ကလည္​း ၃ေယာက္ဒဏ္ရာရခဲ႕ပါတယ္....
ဒုတိယ ဆက္သြယ္ေရးေျမာင္းကုိ
တက္ျပီးသိမ္းေတာ့ တပ္ႀကပ္သန္းေဌးေအာင္ ေရွ႕ဆုံးကတက္ခဲ့ပါတယ္...

ျပီးေတာ့ စက္လတ္ပစ္ေနတဲ့သူကုိ အရင္ပစ္ခတ္ခဲ့ပါတယ္...

ေနာက္ျပီးဆက္သြယ္ေရးေျမာင္းအေကြ႕မွာေတြတဲ့ KIAတစ္ေယာက္ကုိ
ေသနတ္နဲ႔ခ်ိန္​ၿပီး သူက မပစ္ေတာ့နဲ႔ လက္နက္မခ်ရင္ ပစ္မွာ...
လုိ႕ေအာ္လုိက္ပါတယ္...

ရန္သူက လက္နက္ခ်ပါတယ္... 
အဲဒါနဲ႔ လက္နက္သိမ္းျပီး
ရန္သူကုိအရွင္ဖမ္းခဲ႕ပါတယ္...

သူ႔ကုိ ႀကိဳးတုတ္ကာ တပည့္တစ္ေယာက္နဲ႕ထားျပီး ပင္မကုန္းကုိ
ဆက္ျပီးပစ္တက္တက္ခဲ့ရာ...
ရန္သူမ်ား ဆုတ္ခြာသြားခဲ့ႀကာင္း ေျပာျပခဲ႕ပါတယ္...

တုိက္ပြဲမွာ ရန္သူအရွင္မိ ၁ေယာက္ 
အေလာင္း၂၅ ေလာင္းနဲ႔ လက္နက္
ခဲယမ္းေတြသိမ္းဆည္းရမိခဲ႕တယ္လုိ႔
သိရပါတယ္....

ေရွ႕တန္းစစ္ဆင္ေရးကာလႀကာလာတာနဲ႔ တပ္ႀကပ္ သူရသန္းေဌးေအာင္တုိ႔တပ္ရင္းက ရန္​သူ႔စခန္းကုန္းေတြကုိ
တစ္ကုန္းျပီးတစ္ကုန္း တက္ေရာက္သိမ္းပုိက္လာပါတယ္....

အဲဒီအခ်ိန္မွာ သူ႔တပ္စိတ္က အမာခံ ၄ေယာက္ပဲက်န္ေတာ့ တပ္ခြဲမွဴ းက အမာဆုံးစစ္သည္ေတြကုိ ေရြးျပီးထပ္မံဖြဲ႕စည္းေပးခဲ႕ပါတယ္...

ရိကၡာေဝစခန္းေတြကလည္း ေဝးေတာ့ 
ရိကၡာျပတ္မွဳအတြက္​ ေတာထဲမွာ ရတဲ့သစ္ဥ,သစ္ဖု ေတာေကာင္ေတြ
ကုိအဆင္ေျပသလုိပစ္ျပီးအေျခာက္လုပ္ကာ စားရပါတယ္...

ဗ်ဴဟာအမိန္႔အရ ရိကၡာပုံေနတဲ့တပ္ေတြကုိ
လာေရာက္တုိက္ခုိက္ေနတဲ႕ KIA ေတြကုိ 
ျဖတ္တုိက္ဖုိ႔အမိန္႔ရပါတယ္...

အဲဒါနဲ႔ တစ္ရက္ကင္းပုန္းဝတ္ျပီးေတာ့ အပုိင္ေစာင့္ခဲ့ပါတယ္.... 
KIA အင္အား ၆၀ ေက်ာ္ သူတုိ႕သတ္ကြင္းထဲ
ေရာက္လာပါတယ္...

အနီးဆုံးေနရာအထိေစာင့္ဆုိင္းျပီး သူရသန္းေဌးေအာင္ရဲ႕.
"ပစ္..."ဆုိတဲ႕အမိန္႔အတုိင္း စစ္သည္ေတြ အတြဲလုိက္ဆြဲ
၄၀ မမဗုံးသီးေတြနဲ႔ပစ္​ခတ္မႈ​ေႀကာင့္ ခ်ဳံခုိမယ္​့ရန္သူေတြ 
တပ္ပ်က္ျပီး ရန္သူဆီက လက္နက္ေတြနဲ႔ ရိကၡာေတြ အမ်ားအျပား
ရရွိခဲ႕ပါတယ္...

ရန္သူလက္နက္ကုိယ္လက္နက္ ရန္သူရိကၡာကုိယ္ရိကၡာဆုိတဲ့
မူကုိ က်င့္သုံးခဲ႕တာပါ....

စခန္းျပန္ေရာက္ေတာ့ ကရင္တပည့္
တစ္ေယာက္က ေျပာပါတယ္...

ပလုံးႏွစ္ေယာက္နဲ႔ ကရင္တစ္ေကာင္
ပဲအမာခံရွိတာေနာ္ဆရာ... အခုလုိ တုိက္ေနရလည္​း
ရာထူးက တက္မလာေသးဘူးဆုိျပီး
ေျပာပါတယ္....

အဲဒီမွာ သူရသန္းေဌးေအာင္က မင္း.
ငါ့ကုိ ခ်င္းဆုိျပီး...ေတာင္း..ပလုံး..
ဆုိျပီးေျပာတာေပါ့....

မင္းတပည့္ျဖစ္ေနလုိ႔ ထုိးခံခ်င္ျပီလား..
စစ္သားဆုိတာ..ရာထူးကုိေမ်ွာ္ျပီးမတုိက္ရဘူးကြ...
စစ္သားဆုိတာ ပင္မတာဝန္ကုိက စစ္တုိက္ဖုိ႔ပဲ..
ျမဲျမဲမွတ္​ တပည္​့....လုိ႔ ​ေျပာလုိက္ပါတယ္...

KIA အင္အားအလုံးအရင္းရွိတဲ႕ ေတာင္ကုန္း
တစ္ခုကုိ ဆက္တုိက္ဖုိ႔ အမိန္႔ရရွိခဲ့ပါတယ္..

ညအခ်ိန္မွာ တပ္ရင္း တပ္ခြဲ၂က စတင္ခ်ဥ္းကပ္ျပီး
ရန္သူျခံစည္းရုိးကုိဖ်က္ႏုိင္ခဲ႕ပါတယ္...

တပ္ႀကပ္သန္းေဌးေအာင္တုိ႔တပ္စိတ္ စတင္
ဝင္ေရာက္ျပီး ခဏအႀကာ ကာကင္း
အဖြဲ႔​ေတြနဲ႔ တုိက္ပြဲစ,ျဖစ္ပါတယ္...

ေသနတ္ကုိ အရင္ကတည္းက လွံစြပ္​တပ္ျပီး
တက္လာတဲ့ စစ္သည္ေတြက ဘိန္းမွိန္းေနတဲ့
သူပုန္ေတြကုိ က်ည္ေတြႀကားက ပစ္ခတ္အနီးကပ္ 
လွံစြပ္ထုိးနဲ႔ ေတာ္ေတာ္အထိနာကုန္ပါတယ္...

တပ္ႀကပ္သန္းေဌးေအာင္ရဲ႕ 
တုိက္​....! က်ား......! ခမရ.ကြ.........!
ဆုိတဲ့အသံကလည္း 
က်ယ္ေလာင္စြာထြက္ေပၚေနပါတယ္...

ေတြ႕ရာရန္သူကုိ စစ္ဦးဘီလူးပုံစံနဲ႔
တုိက္ခုိက္ေတာ့ ရန္သူေတြ ေသြးပ်က္လာပါတယ္...
အဲဒီအခ်ိန္မွာအခြင့္ေကာင္းယူျပီး တပ္ရင္းက
ပင္မတပ္ကလည္း က်ားထုိးတက္လာပါတယ္...

ရန္သူလက္နက္ႀကီးေနရာကုိ 
တပ္ႀကပ္ သန္းေဌးေအာင္နဲ႔ ကရင္တပည့္ေလးတုိ႔
လက္ပစ္ဗုံးနဲ႔ ​ေခ်မႈန္းလုိက္ပါတယ္။ 
ဒါေပမယ္​့ ပစ္ရင္းေျပးတဲ့ သူပုန္တစ္ေယာက္ဆီက က်ည္က ကရင္ေလးကုိထိမွန္ခဲ႕ပါတယ္...

တပည့္ထိသြားေတာ့ လက္ထဲေသနတ္နဲ႔လွမ္းပစ္တာ 
က်ည္ကုန္ေနတာေႀကာင့္ ေသနတ္ကုိပစ္ခ်ျပီး 
ရန္သူႏွစ္ေယာက္ကုိ မုိက္မုိက္ကန္းကန္း ဓားနဲ႔ ဝင္လုံးပါတယ္... 
ရန္သူတစ္ေယာက္လည္ပင္းကုိ ဓားနဲ႕
လီွးျပီးခ်ိန္မွာ ေနာက္တစ္ေယာက္က 
ေသနတ္ခ်ျပီး
လက္ေျမွာက္ကာ မသတ္ပါနဲ႔ လုိ႔​ ေအာ္ေနပါတယ္...

အဲဒါနဲ႔ သူေသနတ္ကုိသိမ္းျပီး ေနာက္ကပါလာတဲ့သူလက္ထဲအပ္.. 
ရန္သူေတြေျပးတဲ့ဘက္ကုိ
က်ည္ကပ္လဲျပီး လုိက္လံပစ္ခတ္ခဲ့ပါတယ္....

ေတာင္ကုန္းရပါျပီ ျမန္မာႏုိင္ငံအလံက 
ေတာင္ကုန္းေပၚမွာ လႊင့္တင္ျပီးပါျပီ....
ဒဏ္ရာရတဲ့ ကရင္တပည့္ေလးကုိသြားႀကည့္ေတာ့
အေျခအေန မစုိးရိမ္ရေတာ့ပါဘူး...

ဒါေပမယ္​့ တပည့္ကေျပာတဲ့စကားက 
"ဆရာလုိလူနဲ႔ဆုိ ငရဲေတာင္ လုိက္ရဲတယ္​..." တဲ့...

တပည့္လည္​း တပ္ႀကပ္ျဖစ္သြားၿပီး ဆရာကေတာ့ 
တပ္ႀကပ္ႀကီးျဖစ္တဲ့ တုိက္ပြဲေလးပါ...

"ပလုံး ဆုိေပမယ္​့ ထူးခြ်န္တဲ့ပလုံးပါ.." လုိ႔.စစ္ေႀကာင္းမွဴ းက စ,ပါတယ္...
တပ္ႀကပ္ႀကီးအသစ္စက္စက္ေလးက 
စစ္ေႀကာင္းမွဴ းကုိ သူ႕ကုိ "ပလုံး" လုိ႔
မေခၚဘုိ႔​ေျပာပါတယ္....

ေနာက္ တပ္ရင္းေရွ႕တန္းစစ္ဆင္ေရးနားျပီး ဘြဲ႕ထူးေတြေပးေတာ့ 
တပ္ႀကပ္ႀကီးသန္းေဌးေအာင္ ကုိ 
ႏုိင္ငံေတာ္က သူရဘြဲ႔ ​ခ်ီးျမႇင္​့ခဲ႕ပါတယ္....

ယခုလက္ရွိ တပ္ႀကပ္ႀကီးသူရသန္းေဌးေအာင္ဟာ
ခမရ( ၆၀၂) မွာတာဝန္ထမ္းေဆာင္ေနပါတယ္ခင္​​ဗ်ား....။ ။

Credit - Arkar Moe
Image may contain: 1 person, smiling, selfie and closeup
သူရဘွဲ့ ရရှိခဲ့တဲ့ တပ်ကြပ်ကြီး သန်းဌေးအောင်
===============================

တပ်ကြပ်ကြီး သူရသန်းဌေးအောင်ရဲ့
မိခင်တပ်ရင်းကတော့ ခလရ ၅၆ ဖြစ်ပါတယ်...

ယခု လက်ရှိတပ်ရင်းကို ဒုတိယတပ်ကြပ်ရာထူးနဲ့ပြောင်းရွှေ့တာဝန်
ထမ်းဆောင်ခဲ့တာပါပဲ....

သူ့အနေနဲ့ မိခင်တပ်ရင်းကို အလွန်ချစ်မြတ်နိုးပါတယ်...
တပ်ထဲရောက်ရင် အရင်က ဆရာကြီးတွေနဲ့ သူ ရဲဘော်ဘဝက 
ထမင်းစားခဲ့တဲ့ ဆရာတစ်ယောက်အိမ်ကို အမြဲလာပြီး 
ကန်တော့လေ့ရှိပါတယ်...

နိုင်ငံတော်က ပေးတဲ့ သူရဘွဲ့ကိုရရှိခဲ့ပေမယ့်
ဘဝင်မြင့်တာတွေမရှိတဲ့လူပျိုကြီးတစ်ယောက်ပါ...

သူလာရင် လိုင်းထဲက ကလေးတွေကို တန်းစီပြီး မုန့်ဖိုးပေးပါတယ်...

သူရဘွဲ့အတွက်ရတဲ့ လစဉ်ထောက်ပံ့ငွေက ကလေးတွေကိုမုန့်ဖိုးပေးတာနဲ့
ကုန်တာများပါတယ်...

သူ သူရဘွဲ့ရခဲ့တာကလည်း သူရဲ့ ရဲဘော်စိတ်ရှိမှုနဲ့
ကံကောင်းမှုကြောင့် လို့ သူပြောပြပါတယ်...

ချင်းလူမျိုးဖြစ်ပြီး ပညာအရည်အချင်း ၄ တန်းသာရှိသော်လည်း ရိုးသား
ပွင့်လင်းသူဖြစ်ပါတယ်.... သူနဲ့တွေ့တဲ့အချိန်က သူခွင့်ပြန်လာတာပါ...
သူ သူရဘွဲ့ ရရှိခဲ့တဲ့စစ်ဆင်ရေးကတော့ ကချင်ပြည်နယ်
စစ်ဆင်ရေးမှာဖြစ်ပါတယ်....

ခမရ ၆၀၂မှ KIA စခန်းကုန်းများကို တိုက်ခိုက်ရာမှာ ဒုတပ်စိတ်မှူ းအဆင့်နဲ့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်...

သူတိုက်ခဲ့တဲ့တိုက်ပွဲမှာ တောင်ကုန်းတစ်ခုကို သူတပ်စိတ်က 
ဦးစီးပြီးတိုက်ခဲ့တာ သူအပါအဝင်
စစ်သည်တော်တော်များများ ဒဏ်ရာရ ကျဆုံးပြီးမှ တောင်ကုန်းကိုရခဲ့တယ်လို့ပြောပါတယ်...

အဲဒီအချိန်မှာ သူရသန်းဌေးအောင်ရဲ့ ခေါင်းမှာ ရန်သူ့ကျည်ထိပြီး 
၄ လက်မလောက် ကွဲတဲ့ဒဏ်ရာ ရရှိထားပါတယ်...

စစ်ကြောင်းမှူ းက ရှေ့တန်းဗျူ ဟာဆေးခန်းမှာဆေးကုဖို့ ရဟတ်ယာဉ်နဲ့
ထည့်ပေးပါတယ်...အဲဒါကို သူက ဒီလောက်ဒဏ်ရာနဲ့ 
စစ်တိုက်လို့ရပါသေးတယ်ဆိုပြီး ဒဏ်ရာကိုဆေးထည့်ပတ်တီးစီးပြီး
တိုက်ပွဲဝင်ခဲ့ကာ အဲဒီတိုက်ပွဲမှာတပ်ကြပ်အဆင့်ကို ရရှိကာ 
တပ်စိတ်မှူ းဖြစ်ခဲ့ယ်လို့ပြောပြပါတယ်...

ရက်နည်းနည်းကြာတော့ နောက်တောင်ကုန်း
တစ်ကုန်းကိုထပ်ပြီးတိုက်ရပါတယ်...

KIA တွေကအင်အားများပြီးထုနဲ့ ခံစစ်ဆင်ပါတယ်....

လေယာဉ်သုံးဖို့အတွက်အကန့်အသတ်ရှိတဲ့နေရာဖြစ်တဲ့အတွက် အကူအညီမရပါ...

သူ တပ်စိတ်အနေနဲ့ ထမင်းမချက်ရပဲ
ရန်သူနဲ့ အနီးဆုံးနေရာမှာ ဆိုင်ထားပြီး
တိုက်ခိုက်ရပါတယ်...

ရက်ကြာလာနဲ့အမျှ ရိက္ခာပြတ်လာပါတယ်...
ရှိတဲ့ခေါက်ဆွဲခြောက်တွေကို ဝါးစားရေသောက်ပြီး
တိုက်ပွဲကိုဆက်တိုက်ခဲ့ပါတယ်...
သူတပ်စိတ်က ကရင်လေးတစ်ယောက်က 
ဆရာ ထမင်းစားချင်လိုက်တာ လို့ ပြောတယ်... 
ကျန်တဲ့သူတွေကလည်း ဆရာ ဟုတ်တယ် 
ကျွန်တော်တို့ ထမင်းကောင်းကောင်း မစားရတာ
ရက်တွေများနေပြီလို့ ပြောကြတယ်...

အဲဒီမှာ တပ်ကြပ်သန်းဌေးအောင်က 
ငါလဲဆာတာပဲ တပည့်တို့ရာ...
ဟိုမှာမြင်လား 
ရန်သူ့ တောင်ကုန်း...👉 
အဲတောင်ကုန်းကို
ရရင် ထမင်းအဝစားရမယ်...
တိုက်မလား တပည့်တို့....လို့ပြောတော့...
ဆရာတောင်တိုက်နိုင်သေးတာပဲ..

တပည့်တို့လည်း
တိုက်နိုင်တာပေါ့လို့ ပြောကြပါတယ်...

အဲဒါနဲ့ တပ်ကြပ်သန်းဌေးအောင်က
တပ်ခွဲမှူ းကိုတင်ပြ.. တပ်ခွဲမှူ းကမှ
လက်နက်ကြီးအဖွဲ့နဲ့ စစ်ကြောင်းမှူ းထံ
ညှိနှိုင်းတင်ပြပြီး အင်အားကြီးရန်သူကို 
တက်တိုက်ခဲ့ပါတယ်....

ပထမအဆင့်အနေနဲ့လက်နက်ကြီးအဖွဲ့က
တစ်လုံး နှစ်လုံး စ,ပစ်ပါတယ်...

ပစ်ပြီးရင်ဆိုင်ထားတဲ့ တပ်ကြပ်သန်းဌေးအောင်တို့တပ်စိတ်က 
ကျား..... ဆိုပြီး အသံနဲ့ ကျားထိုးပါတယ်....

လူကတော့ မတက်သေးပါဘူး.....

ရန်သူက တရုတ်စက်လတ်၊ ပွိုင့်.5စက်သေနတ်
ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေသလို 
တရုတ်လက်ပစ်ဗုံးတွေကိုလည်း တောင်ပေါ်ကနေ လှိမ့်ချနေပါတယ်...

လူမတက်ပဲ လက်နက်ကြီးပစ်..
အသံပေး...လုပ်နေတော့ 
ရန်သူတွေက ပစ်အားလျော့လာပါတယ်....

နောက် ၅ ခါလောက်လုပ်တော့ 
အဟုတ်မလာပါဘူးဆိုပြီး
ပြန်တောင်မပစ်တော့ပါဘူး...

အဲဒီအချိန်ကျမှ လက်နက်ကြီးတွေ
စုပြုံ ပစ်ခတ်ပြီးလက်နက်ငယ်နဲ့ပစ်တက် တက်ကာ 
စခန်းနဲ့အနီးဆုံးနေရာ အထိ တိုးသွားပါတယ်....

တပ်ကြပ်သန်းဌေးအောင် တပ်စိတ်
ရန်သူ့ကာကင်းနားရောက်တဲ့အထိ ရန်သူမသိသေးပါဘူး...

အနီးဆုံးဆက်သွယ်ရေးမြောင်းနားရောက်မှ ကျား...ဆိုပြီး 
ကျားထိုးတက်ကာ မြင်သမျှကို
အနီးကပ်ပစ်ခတ်တိုက်ခိုက်တာ ပထမ
ဆက်သွယ်ရေးကာကင်းကိုရခဲ့ပါတယ်...

မိမိဘက်ကလည်း ၃ယောက်ဒဏ်ရာရခဲ့ပါတယ်....
ဒုတိယ ဆက်သွယ်ရေးမြောင်းကို
တက်ပြီးသိမ်းတော့ တပ်ကြပ်သန်းဌေးအောင် ရှေ့ဆုံးကတက်ခဲ့ပါတယ်...

ပြီးတော့ စက်လတ်ပစ်နေတဲ့သူကို အရင်ပစ်ခတ်ခဲ့ပါတယ်...

နောက်ပြီးဆက်သွယ်ရေးမြောင်းအကွေ့မှာတွေတဲ့ KIAတစ်ယောက်ကို
သေနတ်နဲ့ချိန်ပြီး သူက မပစ်တော့နဲ့ လက်နက်မချရင် ပစ်မှာ...
လို့အော်လိုက်ပါတယ်...

ရန်သူက လက်နက်ချပါတယ်... 
အဲဒါနဲ့ လက်နက်သိမ်းပြီး
ရန်သူကိုအရှင်ဖမ်းခဲ့ပါတယ်...

သူ့ကို ကြိုးတုတ်ကာ တပည့်တစ်ယောက်နဲ့ထားပြီး ပင်မကုန်းကို
ဆက်ပြီးပစ်တက်တက်ခဲ့ရာ...
ရန်သူများ ဆုတ်ခွာသွားခဲ့ကြာင်း ပြောပြခဲ့ပါတယ်...

တိုက်ပွဲမှာ ရန်သူအရှင်မိ ၁ယောက် 
အလောင်း၂၅ လောင်းနဲ့ လက်နက်
ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့
သိရပါတယ်....

ရှေ့တန်းစစ်ဆင်ရေးကာလကြာလာတာနဲ့ တပ်ကြပ် သူရသန်းဌေးအောင်တို့တပ်ရင်းက ရန်သူ့စခန်းကုန်းတွေကို
တစ်ကုန်းပြီးတစ်ကုန်း တက်ရောက်သိမ်းပိုက်လာပါတယ်....

အဲဒီအချိန်မှာ သူ့တပ်စိတ်က အမာခံ ၄ယောက်ပဲကျန်တော့ တပ်ခွဲမှူ းက အမာဆုံးစစ်သည်တွေကို ရွေးပြီးထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်...

ရိက္ခာဝေစခန်းတွေကလည်း ဝေးတော့ 
ရိက္ခာပြတ်မှုအတွက် တောထဲမှာ ရတဲ့သစ်ဥ,သစ်ဖု တောကောင်တွေ
ကိုအဆင်ပြေသလိုပစ်ပြီးအခြောက်လုပ်ကာ စားရပါတယ်...

ဗျူဟာအမိန့်အရ ရိက္ခာပုံနေတဲ့တပ်တွေကို
လာရောက်တိုက်ခိုက်နေတဲ့ KIA တွေကို 
ဖြတ်တိုက်ဖို့အမိန့်ရပါတယ်...

အဲဒါနဲ့ တစ်ရက်ကင်းပုန်းဝတ်ပြီးတော့ အပိုင်စောင့်ခဲ့ပါတယ်.... 
KIA အင်အား ၆၀ ကျော် သူတို့သတ်ကွင်းထဲ
ရောက်လာပါတယ်...

အနီးဆုံးနေရာအထိစောင့်ဆိုင်းပြီး သူရသန်းဌေးအောင်ရဲ့.
"ပစ်..."ဆိုတဲ့အမိန့်အတိုင်း စစ်သည်တွေ အတွဲလိုက်ဆွဲ
၄၀ မမဗုံးသီးတွေနဲ့ပစ်ခတ်မှုကြောင့် ချုံခိုမယ့်ရန်သူတွေ 
တပ်ပျက်ပြီး ရန်သူဆီက လက်နက်တွေနဲ့ ရိက္ခာတွေ အများအပြား
ရရှိခဲ့ပါတယ်...

ရန်သူလက်နက်ကိုယ်လက်နက် ရန်သူရိက္ခာကိုယ်ရိက္ခာဆိုတဲ့
မူကို ကျင့်သုံးခဲ့တာပါ....

စခန်းပြန်ရောက်တော့ ကရင်တပည့်
တစ်ယောက်က ပြောပါတယ်...

ပလုံးနှစ်ယောက်နဲ့ ကရင်တစ်ကောင်
ပဲအမာခံရှိတာနော်ဆရာ... အခုလို တိုက်နေရလည်း
ရာထူးက တက်မလာသေးဘူးဆိုပြီး
ပြောပါတယ်....

အဲဒီမှာ သူရသန်းဌေးအောင်က မင်း.
ငါ့ကို ချင်းဆိုပြီး...တောင်း..ပလုံး..
ဆိုပြီးပြောတာပေါ့....

မင်းတပည့်ဖြစ်နေလို့ ထိုးခံချင်ပြီလား..
စစ်သားဆိုတာ..ရာထူးကိုမျှော်ပြီးမတိုက်ရဘူးကွ...
စစ်သားဆိုတာ ပင်မတာဝန်ကိုက စစ်တိုက်ဖို့ပဲ..
မြဲမြဲမှတ် တပည့်....လို့ ပြောလိုက်ပါတယ်...

KIA အင်အားအလုံးအရင်းရှိတဲ့ တောင်ကုန်း
တစ်ခုကို ဆက်တိုက်ဖို့ အမိန့်ရရှိခဲ့ပါတယ်..

ညအချိန်မှာ တပ်ရင်း တပ်ခွဲ၂က စတင်ချဉ်းကပ်ပြီး
ရန်သူခြံစည်းရိုးကိုဖျက်နိုင်ခဲ့ပါတယ်...

တပ်ကြပ်သန်းဌေးအောင်တို့တပ်စိတ် စတင်
ဝင်ရောက်ပြီး ခဏအကြာ ကာကင်း
အဖွဲ့တွေနဲ့ တိုက်ပွဲစ,ဖြစ်ပါတယ်...

သေနတ်ကို အရင်ကတည်းက လှံစွပ်တပ်ပြီး
တက်လာတဲ့ စစ်သည်တွေက ဘိန်းမှိန်းနေတဲ့
သူပုန်တွေကို ကျည်တွေကြားက ပစ်ခတ်အနီးကပ် 
လှံစွပ်ထိုးနဲ့ တော်တော်အထိနာကုန်ပါတယ်...

တပ်ကြပ်သန်းဌေးအောင်ရဲ့ 
တိုက်....! ကျား......! ခမရ.ကွ.........!
ဆိုတဲ့အသံကလည်း 
ကျယ်လောင်စွာထွက်ပေါ်နေပါတယ်...

တွေ့ရာရန်သူကို စစ်ဦးဘီလူးပုံစံနဲ့
တိုက်ခိုက်တော့ ရန်သူတွေ သွေးပျက်လာပါတယ်...
အဲဒီအချိန်မှာအခွင့်ကောင်းယူပြီး တပ်ရင်းက
ပင်မတပ်ကလည်း ကျားထိုးတက်လာပါတယ်...

ရန်သူလက်နက်ကြီးနေရာကို 
တပ်ကြပ် သန်းဌေးအောင်နဲ့ ကရင်တပည့်လေးတို့
လက်ပစ်ဗုံးနဲ့ ချေမှုန်းလိုက်ပါတယ်။ 
ဒါပေမယ့် ပစ်ရင်းပြေးတဲ့ သူပုန်တစ်ယောက်ဆီက ကျည်က ကရင်လေးကိုထိမှန်ခဲ့ပါတယ်...

တပည့်ထိသွားတော့ လက်ထဲသေနတ်နဲ့လှမ်းပစ်တာ 
ကျည်ကုန်နေတာကြောင့် သေနတ်ကိုပစ်ချပြီး 
ရန်သူနှစ်ယောက်ကို မိုက်မိုက်ကန်းကန်း ဓားနဲ့ ဝင်လုံးပါတယ်... 
ရန်သူတစ်ယောက်လည်ပင်းကို ဓားနဲ့
လှီးပြီးချိန်မှာ နောက်တစ်ယောက်က 
သေနတ်ချပြီး
လက်မြှောက်ကာ မသတ်ပါနဲ့ လို့ အော်နေပါတယ်...

အဲဒါနဲ့ သူသေနတ်ကိုသိမ်းပြီး နောက်ကပါလာတဲ့သူလက်ထဲအပ်.. 
ရန်သူတွေပြေးတဲ့ဘက်ကို
ကျည်ကပ်လဲပြီး လိုက်လံပစ်ခတ်ခဲ့ပါတယ်....

တောင်ကုန်းရပါပြီ မြန်မာနိုင်ငံအလံက 
တောင်ကုန်းပေါ်မှာ လွှင့်တင်ပြီးပါပြီ....
ဒဏ်ရာရတဲ့ ကရင်တပည့်လေးကိုသွားကြည့်တော့
အခြေအနေ မစိုးရိမ်ရတော့ပါဘူး...

ဒါပေမယ့် တပည့်ကပြောတဲ့စကားက 
"ဆရာလိုလူနဲ့ဆို ငရဲတောင် လိုက်ရဲတယ်..." တဲ့...

တပည့်လည်း တပ်ကြပ်ဖြစ်သွားပြီး ဆရာကတော့ 
တပ်ကြပ်ကြီးဖြစ်တဲ့ တိုက်ပွဲလေးပါ...

"ပလုံး ဆိုပေမယ့် ထူးချွန်တဲ့ပလုံးပါ.." လို့.စစ်ကြောင်းမှူ းက စ,ပါတယ်...
တပ်ကြပ်ကြီးအသစ်စက်စက်လေးက 
စစ်ကြောင်းမှူ းကို သူ့ကို "ပလုံး" လို့
မခေါ်ဘို့ပြောပါတယ်....

နောက် တပ်ရင်းရှေ့တန်းစစ်ဆင်ရေးနားပြီး ဘွဲ့ထူးတွေပေးတော့ 
တပ်ကြပ်ကြီးသန်းဌေးအောင် ကို 
နိုင်ငံတော်က သူရဘွဲ့ ချီးမြှင့်ခဲ့ပါတယ်....

ယခုလက်ရှိ တပ်ကြပ်ကြီးသူရသန်းဌေးအောင်ဟာ
ခမရ( ၆၀၂) မှာတာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျား....။ ။

0 comments:

Post a Comment