Thursday, September 13, 2018

စစ္တကၠသိုလ္၊ ဗိုလ္ေလာင္းမ်ား၏ အဂၤလိပ္စာ ဘာသာစကားစြမ္းရည္ၿပိဳင္ပြဲ က်င္းပ

စစ္တကၠသိုလ္၊ ဗိုလ္ေလာင္းမ်ား၏ အဂၤလိပ္စာ ဘာသာစကားစြမ္းရည္ၿပိဳင္ပြဲ က်င္းပ

၁၃ စက္တင္ဘာ ၂၀၁၈၊ ျပင္ဦးလြင္

စစ္တကၠသိုလ္ ဗိုလ္ေလာင္းမ်ားအေနျဖင့္ အဂၤလိပ္စာ အေထြေထြ ဗဟုသုတၾကြယ္၀ၿပီး ဥာဏ္ရည္ဥာဏ္ေသြး ထက္ျမက္ျမင့္မားကာ မိမိတို႕၏ ဥာဏ္စြမ္းရည္ကို ေကာင္းစြာ အသံုးခ်တတ္ေစရန္၊ လက္ေတြ႕နယ္ပယ္၌ ႏိုင္ငံတကာဆက္ဆံေရး လုပ္ငန္းတာ၀န္မ်ား ထမ္းေဆာင္ရာတြင္ အခက္အခဲမရွိ ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ေရးအတြက္ အဂၤလိပ္စာ ဘာသာစကားစြမ္းရည္ၿပိဳင္ပြဲကုိ ယေန႔ နံနက္ပိုင္းတြင္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ က်င္းပ ျပဳလုပ္ရာ စစ္တကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ နည္းျပ အရာရွိမ်ား၊ ဆရာ/ဆရာမမ်ား၊ အကဲျဖတ္ဒိုင္အဖြဲ႕၀င္မ်ားႏွင့္ ဗိုလ္ေလာင္းမ်ား တက္ေရာက္ အားေပးခ့ဲသည္။

ၿပိဳင္ပြဲ၀င္ ဗိုလ္ေလာင္းမ်ားက မ်ဳိးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေစေရး၊ ႏိုင္ငံႏွင့္ ျပည္သူလူထု အက်ဳိးျပဳ စာေပ/ယဥ္ေက်းမႈ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ေခါင္းစဥ္မ်ားအား မဲႏိႈက္ကာ အားမာန္အျပည့္ ႀကိဳးစား ယွဥ္ၿပိဳင္ျခင္း၊ ေတးသီခ်င္းျဖင့္ သီဆုိေဖ်ာ္ေျဖျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး တာ၀န္ရွိသူမ်ားက ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယ ဆုရရွိၾကသူ ဗိုလ္ေလာင္းမ်ားအား ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Source: စစ္တကၠသိုလ္ သတင္းစဥ္)

=============
Unicode Version
=============

စစ်တက္ကသိုလ်၊ ဗိုလ်လောင်းများ၏ အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည်ပြိုင်ပွဲ ကျင်းပ

၁၃ စက်တင်ဘာ ၂၀၁၈၊ ပြင်ဦးလွင်

စစ်တက္ကသိုလ် ဗိုလ်လောင်းများအနေဖြင့် အင်္ဂလိပ်စာ အထွေထွေ ဗဟုသုတကြွယ်ဝပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မြင့်မားကာ မိမိတို့၏ ဉာဏ်စွမ်းရည်ကို ကောင်းစွာ အသုံးချတတ်စေရန်၊ လက်တွေ့နယ်ပယ်၌ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲမရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နည်းပြ အရာရှိများ၊ ဆရာ/ဆရာမများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် ဗိုလ်လောင်းများ တက်ရောက် အားပေးခဲ့သည်။

ပြိုင်ပွဲဝင် ဗိုလ်လောင်းများက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နိုင်ငံနှင့် ပြည်သူလူထု အကျိုးပြု စာပေ/ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခေါင်းစဉ်များအား မဲနှိုက်ကာ အားမာန်အပြည့် ကြိုးစား ယှဉ်ပြိုင်ခြင်း၊ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူ ဗိုလ်လောင်းများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(Source: စစ်တက္ကသိုလ် သတင်းစဉ်)

0 comments:

Post a Comment