Wednesday, September 5, 2018

ေရတာရွည္ၿမိဳ႔နယ္၊ ဆြာမင္းလမ္းေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ သန့္ရွင္းေရး ေဆာင္ရြက္၊ ရထားစီး ခရီးသည္မ်ားအား တပ္မေတာ္မွ ေမာ္ေတာ္ယာဥ္မ်ားျဖင္႕ ဆက္လက္ပို့ေဆာင္


ေနျပည္ေတာ္ စက္တင္ဘာ ၅ 

ပဲခူးတိုင္းေဒသႀကီး၊ ဆြာေခ်ာင္းေရေလွာင္ တမံ၊ ေရလႊဲတံခါးက်ဳိးေပါက္မႈေၾကာင့္ ေရဝင္ ေရာက္မႈျဖစ္ေပၚခဲ့ေသာ ေရတာ ရွည္ၿမိဳ႕နယ္၊ ဆြာမင္းလမ္းေက်းရြာ အေျခခံပညာမူလတန္းလြန္ေက်ာင္း စာသင္ခန္းမ်ားအတြင္း တင္က်န္ ခဲ့ေသာ ႏုန္းေျမမ်ား ဖယ္ရွားေပးျခင္း၊ ေက်ာင္းအတြင္းလမ္းမ်ား ေျမဖို႔ေပးျခင္း၊ သစ္ပင္သစ္ကိုင္းမ်ားႏွင့္ အမိႈက္မ်ား ရွင္းလင္းဖယ္ရွားျခင္း တို႔အား ယေန႔နံနက္ပိုင္းတြင္ ေရတာရွည္တပ္နယ္ႏွင့္ ေတာင္ငူတပ္နယ္မွ တပ္မေတာ္ သားမ်ားက စုေပါင္း ေဆာင္ရြက္ေပးသည္။ 
ထို႔ျပင္ ေရတုိက္စားမႈေၾကာင့္ ရထားစီး ခရီးသည္မ်ား အဆင္ေျပစြာသြားလာႏိုင္ရန္ ေရတာရွည္ႏွင့္ ဆြာဘူတာ အၾကား၌ တပ္မေတာ္မွ City Bus ေမာ္ေတာ္ယာဥ္ ၁၈ စီးျဖင့္ ပို႔ေဆာင္ေပးလ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္ ဆုိက္ေရာက္သည့္ ရန္ကုန္-မႏၲေလး အဆန္ ရထား ခရီးစဥ္အမွတ္(၃)မွ ခရီးသည္ ၄၇၁ ဦး၊ ရထားဝန္ထမ္း ၁၄ ဦး၊ မႏၲေလး-ရန္ကုန္ အစုန္ရထား ခရီးစဥ္အမွတ္(၄)မွ ခရီးသည္ ၃၅ဝ ဦး၊ ရထားဝန္ထမ္း ၁၅ ဦးတို႔ကို လည္းေကာင္း၊မြန္းလြဲပိုင္းတြင္ ဆုိက္ေရာက္သည့္ ရန္ကုန္- မႏၲေလး အဆန္ရထား ခရီးစဥ္အမွတ္(၁၁)မွ ခရီးသည္ ၃၁၇ ဦး၊ ရထား ဝန္ထမ္း ၁၄ ဦးႏွင့္ မႏၲေလး-ရန္ကုန္ အစုန္ရထား ခရီးစဥ္အမွတ္ (၁၂)မွ ခရီးသည္ ၃ဝ၉ဦးကို လည္းေကာင္း ဆြာၿမိဳ႕ဘူတာႏွင့္ ေရတာရွည္ၿမိဳ႕ဘူတာတို႔အၾကား အျပန္အလွန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 



(Unicode Version)

ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သန့်ရှင်းရေး ဆောင်ရွက်၊ ရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် စက်တင်ဘာ ၅


ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်းရေလှောင် တမံ၊ ရေလွှဲတံခါးကျိုးပေါက်မှုကြောင့် ရေဝင် ရောက်မှုဖြစ်ပေါ်ခဲ့သော ရေတာ ရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း စာသင်ခန်းများအတွင်း တင်ကျန် ခဲ့သော နုန်းမြေများ ဖယ်ရှားပေးခြင်း၊ ကျောင်းအတွင်းလမ်းများ မြေဖို့ပေးခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်း တို့အား ယနေ့နံနက်ပိုင်းတွင် ရေတာရှည်တပ်နယ်နှင့် တောင်ငူတပ်နယ်မှ တပ်မတော် သားများက စုပေါင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ရေတိုက်စားမှုကြောင့် ရထားစီး ခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာ အကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန် ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၄၇၁ ဦး၊ ရထားဝန်ထမ်း ၁၄ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၃၅ဝ ဦး၊ ရထားဝန်ထမ်း ၁၅ ဦးတို့ကို လည်းကောင်း၊မွန်းလွဲပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်- မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၃၁၇ ဦး၊ ရထား ဝန်ထမ်း ၁၄ ဦးနှင့် မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ် (၁၂)မှ ခရီးသည် ၃ဝ၉ဦးကို လည်းကောင်း ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန်အလှန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

0 comments:

Post a Comment